အတွေးကဗျာများ ၅

in #myanmar7 years ago

image

ချစ်သူသို့

ချစ်သူရေ

ပေးဆပ်ခြင်းများနဲ့ ချစ်လာခဲ့တဲ့

တို့တွေရဲ့ချစ်ခြင်းတွေဟာ

ဘ၀ရဲ့အားမာန်တစ်ခု ဖြစ်စေပြီး

ခိုင်ခိုင်မြဲမြဲ အတူလက်တွဲကြမယ်လေ။

ချစ်သူရေ

ကိုယ်တို့တွေရဲ့ အချိန်အခါလေးတွေတိုင်းမှာ

တမ်းတခြင်းများနဲ့အတူ

တယောက်ကိုတစ်ယောက် သတိရ ချစ်နေကြမယ်နော်။

ချစ်သူရေ

ကိုယ့်ရဲ့ အသိစိတ်နဲ့ လှုပ်ရှားမှုတိုင်းမှာ

ချစ်သူ ရဲ့ အရိပ် ၊ ချစ်သူရဲ့အငွေ့အသက်တွေက

အမြဲ ဖုံးလွှမ်းနေမှာပါ

ချစ်သူရေ

ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ

သိမ်မွေ့နူးညံ့တဲ့ ကမ္ဘာငယ်လေးရှိခဲ့ရင်

ကိုယ်တို့နှစ်ယောက် အတူနေကြမယ်နော်

ချစ်သူရဲ့လက်ဖ၀ါးနုနုလေးကို

ဆွဲကိုင်ပီး ရှေ့ကကြုံလာမယ့်

အတားအဆီးတွေကိုဖြတ်ကျော်ဘို့

ကိုယ့်ကို အချစ်တွေနဲ့ အမြဲတမ်း

အားပေးနေရမယ်နော် ။ ။

ဈာန် ( မုံရွာ )

ကလောင်အမည် ဈာန်( မုံရွာ)သည်
ကျနော်၏ ကဗျာရေးသော ကလောင်အမည်ဖြစ်ပါသည်။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC006
Writing End Time >>> 11:00 PM (27.1.2018)

#Poem #Love

image

image

image

Sort:  

ကျေးကျေးပါဂျ

ချစ်သူရေ
အလွမ်းဆိုတာမခမ်းနားပေမယ့်
ငါတို့ရဲ့အချစ်ကတော့ ခမ်းနားခဲ့တယ်မဟုတ်လားး
he hee 😁

အယ့်လယ့် သူလဲ လွမ်းတတ်သားဟ။

ချစ်ပါဗျာ။
ချစ်နိုင်သူတွေ ချစ်ကြပါ။

ဟီး တခါတလေ နုကြည့်တာ ကိုဒွန်ရေ။

You got a 0.68% upvote from @postpromoter courtesy of @nyinyiwin!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

ချစ်သူရေ... ကွေကွင်းရခြင်းဆိုတဲ့ဝေါဟာရတွေ.... မကြားလို... မမြင်လို့.....

ဟာဆာတင်က အဆိုကောင်းဗျ။

တိုင်ကြောမှာ ကွီးရွှေ မွီးမနဲ့

ငင့် လုပ်နဲ့လေ ။ ကျောင်းသားဘဝတုန်းက လက်သွေးထားတာလေး ပြန်ရေးကြည့်တာ ဟီးး ။

သူကကျွန်နော်ကိုအမြဲအားပေးခဲ့ပါတယ်ဗျာ
ကျွန်နော်စာတွေရေးသားနိုင်ဖို့အတွက်ပေါ့……သူရ

အားပေးသူရှိတော့် ပြည့်စုံသွားပီလေ။

ဟုတ်ကဲ့
ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်ဗျ…သူရ

ဟုတ်ကဲ့
ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်ဗျ…သူရ

အော် အကိုက အပြင်မှာလည်းကဗျာဆရာကိုးးးး

အများကြီးတော့ မရေးဖြစ်ပါဘူးဗျာ ။ တစ်ခါတစ်ရံပါ အတွေးလးများ တိုက်ဆိုင်လာရင် ကဗျာ ရေးဖြစ်ပါတယ်။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60340.89
ETH 2615.66
USDT 1.00
SBD 2.56