အတွေး ကဗျာများ (1)
လရေးနှစ်ချောင်းငင် လူ
တိတ်ဆိတ်ခြင်းတံခါး
ဘယ်သူလာဆွဲဖွင့်သွားလဲ
ငါ့ အသည်းအခန်းတံခါးကို သော့ပိတ်ထားတာကြာခဲ့ပေါ့
အေးစက်စက် အမှောင်တဖက်ခြမ်းမှာ
ဆူလောင်တဲ့ အတ္တမီးတွေ တဟုန်းဟုန်းနဲ့
စိုးထိတ်ညတေ တညပီးတည ။
အပေးနဲ့ အယူ
တမူပိုဆန်းနေတာက ဖြတ်ထိုးသမား
မပေးလဲယူ ပေးလဲယူ
သူ့မျက်နှာ အနားခြောက်နားညီတယ်
သေချာကြည့်ရင် မျက်လုံးဟောက်ပတ်နဲ့
ဦးခေါင်းခွံထဲမှာလောက်တေအပြည့်
ဟေ့ မင်းနာမည် ဘယ်သူလဲ
ကျနော် ဟာ '' လူ ''ပါ --- တဲ့။ ။
Writer >>>
@nyinyiwin(Steemit)(MSC006)
Writing End Time >>> 8:00 PM (15.1.2018)
လူ
သူ ဘာကိုအရေးကြီးဆုံးတွေးနေလဲ
သူကိုယ်သူ မတွေးတတ်လောက်ဘူး ဦးဏှောက်မပါလို့ :P
ကြောက်စရာကြီးပါလား မယူလဲပေး ယူလဲပေးမယ်ဗျာ
အဲဒါ လူပဲလေ သိပ်ဆိုးတာ
ကိုရွှေ ဘယ်တုန်းက ပြန်ရောက်နာလဲ 😁
မနေ့က ပြန်ရောက်လာတယ် ။ အရင်လိုပဲ စာပြန်ရေးဘို့ အားယူနေတာ။
ဦးနှောက်အစား လောက်တွေဆိုမှတော့ ဘာကောင်းအုံးမှာလဲကွှီးရွှေရယ်
ဟုတ်တယ် အခုဖြစ်နာ အာလိုမျိုးတွေ မြင်နေရလို့ မနေနိုင်ထရေးလိုက်တာ။
Woo ...
ဘာတေ ဝူးတာလဲ အကိုဒွန် လန့်သွားတာပဲ :p
ယနေ့ မျက်မှောက်ခေတ်မာ လူတွေဟာ က်ုယ်က်ျုးအတ္တကိုဦးစားပေး လုပ်လာကြတာများလာတယ်။ ဥာဏ်အမြင်နဲပါးလာကြ အတွေးအခေါ် နိမ့်ကျလာကြပါတယ်။ ဒါလေးကို နဲနဲခံစား ရေးကြည့်မိတာပါ ။ အလွဲအမှား လေးများပါသွားခဲ့ရင် နားလည်ခွင်ါလွတ် အားပေးကြပါလ်ု့။