“အဖေပေးသည့် အမွေ”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“အဖေပေးသည့် အမွေ”

“အမွေ” ဒီစကားကို ကျွန်တော်တို့အားလုံး ကြားဖူးကြသည်။ ဘာသာသာသနာအမွေ၊ မိဘအမွေ၊ မိရိုးဖလာအမွေ၊ လူမျိုးစုအမွေ၊ နိုင်ငံတော်အမွေ စသည်စသည်ဖြင့် အမွေဆိုသည်မှာ သူ့နယ်ပါယ်နှင့်သူ ရှိနေကြပါ၏။ ကျွန်တော်ပြောလိုသော အမွေမှာ မိဘမှ သားသမီးကို ပေးခဲ့ရသောအမွေကို အဓိကပြောလိုပါသည်။

လူသားတစ်ယောက်စတင်မွေးဖွားရာမှ လူ့လောကတွင် ရောက်ရှိလာကြသည်ဆိုသည်နှင့် ကျွန်တော်တို့သည် မိဘနှင့် ဒါရိုက်ဆက်သွယ်၊ ထိတွေ့ကြရသည်။ ကောင်းဆိုး နှစ်တန်အား ဝေဖန်ပိုင်းခြားသိမြင်နိုင်ရန် လက်ဦးဆရာများဖြစ်ကြသည့်မိဘနှစ်ပါးတို့မှ ကျွန်တော်တို့အား လမ်းပြသွန်သင်၊ ဆိုဆုံးမပေးခဲ့ကြသည်။ ထို့နောက်တဖန် ကျောင်းနေ အရွယ်တွင် ဆရာ၊ ဆရာမများမှ ပညာအသိ၊ ဥာဏ်မျက်စိအလင်းတို့အား ဖွင့်လှစ်ပေး ခဲ့ကြသည်။ ထိုမှဆက်၍ အရွယ်ရောက်လာသည့်အချိန်ခါတွင်တော့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများမှ ဘ၀ဖြတ်သန်းရာ လမ်းတလျောက် အသိအမြင်၊ အတွေးတို့အား လက်ဆင့်ကမ်း သယ်ဆောင်ကြပြန်သည်။ ထိုသို့ဖြင့် ကျွန်တော်တို့သည် မိဘအမွေ၊ ဆရာဆရာများအမွေ၊ ဘ၀ပေးအမွေများစွာကို ပိုင်ဆိုင်လာခဲ့ကြသည်။


Credit Image Source

ဤတွင် အမွေနှင့် ပတ်သက်၍ ပုံဆောင်ဝတ္ထုလေးအား အလျင်းသင့်လေသဖြင့် ထပ်ဆင့် တင်ပြပေးပါမည်။ တစ်ခါတုန်းက သူဆင်းရဲ သားအဖနှစ်ယောက်ရှိကြရာ သားဖြစ်သူမှ ဖခင်ဖြစ်သူထံ အမွေတောင်းလေသည်ဆို၏။ ဖခင်ကြီးမှလည်း သားဖြစ်သူအား “ကောင်းပြီ အဖေက အမွေပေးမယ် ဒါပေမယ့် ဒီအမွေကိုမပေးခင် သားနဲ့အတူ ဟိုမှာမြင်နေရတဲ့ တောင်တန်းကြီးပေါ် တစ်ခေါက်လောက် အတူသွားကြမယ်၊ တောင်တန်းကြီးပေါ် ရောက်တာနဲ့ သားလိုချင်တဲ့ အမွေကို အဖေကပေးမယ်”လို့ ဖခင်ဖြစ်သူက သားဖြစ်သူကို ပြောလေတယ်။ သို့နှင့် သားဖြစ်သူမှာ စဉ်းစားလေတယ် “အဖေက သူ့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို အဲဒီတောင်တန်းကြီးရဲ့ တစ်နေရာမှာ မြုပ်နှံထားလို့ဖြစ်ရမယ်”လို့ တွေးမိလေသတဲ့။

ဒီလိုနဲ့ သားအဖနှစ်ဦး တောင်ပေါ်တက်ခဲ့ကြတယ်။ တောင်တန်းတ၀က်ခန့် ရောက်သည့် အခါမှာတော့ ဖခင်ကြီး၏ အကူအညီ တောင်ဝှေးဟာ ကျိုးသွားလေသတဲ့။ အိုမင်းမစွမ်း ဖြစ်နေသည့် ဖခင်အား သားဖြစ်သူမှ လမ်းတစ်လျောက်လုံးပင် ဖေးမတွဲကူကာ လိုအပ်သလို ဖြည့်ဆည်းပေးခဲ့ရတယ်ပေါ့။ တစ်ရွေ့ရွေ့နှင့် သားအဖနှစ်ဦးဟာ သူတို့ဦးတည်ရာ တောင်တန်းရဲ့ ထိပ်ပိုင်းကိုရောက်ရှိလာကြသည်။ ဖခင်ဖြစ်သူမှာ မောပန်းနွမ်းနယ်နေ၍ ရေသောက်လိုကြောင်း သားဖြစ်သူကို တောင်းဆိုသည့်အခါ။ သားဖြစ်သူမှာ အနီးအနားမှ ရေရနိုင်သောနေရာကို ရှာဖွေရင်း စမ်းချောင်းစီးသံ၊ ရေတံခွန်မှ ရေကျသံတို့အား ကြားသည့်နေရာသို့ သွားရောက်ကာ ရေကို လက်ခုပ်ဖြင့် ခပ်ကာ အဖေဖြစ်သူထံ ယူဆောင်ပေးသော်လည်း ဖခင်ကြီးထံရောက်သော် လက်ခုပ်တွင်းမှရေမှာ တစ်ပေါက်နှစ်ပေါက်သာ ကျန်လေသည်။ သို့နှင့် နောက်တစ်ကြိမ် စမ်းချောင်းရှိရာသို့ တစ်ခေါက်ပြန်သွားကာ အနီးအနားမှ သစ်ရွက်ကြီးကြီးတစ်ရွက်ကို ခွက်သဏ္ဍာန်လုပ်၍ ရေကို သယ်ခပ်လေတော့မှ ဖခင်ဖြစ်သူထံ လိုအပ်သောရေအား သယ်ဆောင်၊ ရောက်ရှိ နိုင်လေသည်။ ဖခင်ကြီးမှာ သားဖြစ်သူလုပ်ဆောင်နေသည်တို့အား ကြည့်ရင်း ပြုံး၍သာ နေလေသည်။


Credit Image Source

“ကဲအဖေရောက်လိုတဲ့ တောင်ထိပ်လဲရောက်ပီ သားကိုအမွေပေးပါတော့” “အေး ငါ့သား အဖေခိုင်းတာအရင်လုပ်ပါအုန်း၊ ပီးရင် သားလိုချင်တဲ့ အမွေကို ငါ့သားရစေရမယ်”
“ဟောဟိုမှာ အခုတောင်ထက်မြင့်တဲ့ တောင်ကိုမြင်ရလား၊ အဲဒီတောင်က ကြားနိုင်အောင် အသံကုန် ဟစ်အော်ကြည့်စမ်းပါ ငါ့သား”လို့ ပြောတဲ့အခါမှာတော့ သားဖြစ်သူက သူ့ဖခင်ကြီးခိုင်းသည့်အတိုင်း အသံကုန်ဟစ်အော်လိုက်ပါတယ်။ “ဟေး--- ဟေး ---”။

----နောက်တစ်ပိုင်း ဇာတ်သိမ်း ဆက်ပါဦးမည်----

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 10:00 PM (21.8.2018)

#Myanmar #Literature #Writing #Life #Blog

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

အသိပညာအမွေ ဖြစ်ဖို့ များတယ် ဘယ်လို အသိပညာလဲ ဆိုတာကတော့ စောင့်မျှော်ရမှာပေါ့ကွယ်

တင်ပါ့ဦးဇင်းဘုရာ့ မိဘဖြစ်သူကသားဖြစ်သူကို အသိပညာအမွေပေးနေခြင်းပါဘုရာ့။

အ​မွေ ​တွေထဲမှာ​တော့ ပ ညာအ​မွေအ​ကောင်းဆုံးပါဘဲဗျာ

ဟုတ်ကဲ့ဗျာ အမွေများစွာအနက် အဖေဖြစ်သူက သားဖြစ်သူကို ဘယ်လိုအမွေများပေးမလဲနော်။

ကိုယ်ပြုသောကံ ပဲ့တင်သံ မလွဲ ကိုယ့်ထံပြန်လာမည် ပဲ့တင်သံလေးတွေကိုအသိဥာဏ်ပညာရအောင်ပေးသွားလိမ့်မလားပဲ

ဟုတ်တယ်ကိုစိုး အဲဒါအပြင် နောက်ထပ်ပြောစရာလေးတွေရှိသေးတယ် လာဖတ်လှည့်ဦးဗျ။

တို့ကိုကြီးကတော့ အဖေပေးသည့်အမွေ နဲ့ စိတ်ကို ဆွသွားပြန်ပါပြီ။ဇာတ်သိမ်းပိုင်းမျှော်ဆိုတော့လည်း ဇာတ်ဆရာအလိုကျ မျှော်ရတော့မှာပေါ့။လေးစားလျက်

ဟား ကိုသန့်ဇင်ကတော့ ပြောပီ၊ ဟုတ်ကဲ့ဗျာ ပြောရင်လဲခံရမှာပဲ ကျွန်တော် အချိန်လုရေးလိုက်ရလို့ နောက်ပိုင်းနိဂုံးချုပ်ကို အားမရသေးလို့ သေချာ ၂ ပိုင်းခွဲ။ လိုက်တာပါဗျာ။ အားပေးနေလို့ ကျေးဇူးပါ

ဟိုက်‌ ပ‌ဟေဠိ‌လေး ထားခဲ့တယ်‌။သိချင်‌ပါတယ်‌ဆိုမှ။တန်‌ဘိုးရှိ‌သောအသိ‌လေး သိဘို့ ဘယ်‌‌လောက်‌‌စောင့်‌ ‌စောင့်‌ ‌စောင့်‌‌မျှော်‌‌နေပါ့မယ်‌။

ဟုတ်ကိုမဟော်ရေ နောက်တပိုင်း အမြန်တင်ပေးပါမယ် နိဂုံးပိုင်းလေး ကျန်နေလို့ ၂ပိုင်းခွဲလိုက်တယ်။

စိတ်ဝင်စားစရာပါ ဦးညီ ဆက်ဖတ်ပါ့မယ်

ဟုတ်ကဲ့ မယ်ကြည်ရေ လာရောက်အားပေးတာ ကျေးဇူးပါ။

အတွေးလေးတွေ အင်မတန်ကြိုက်တဲ့ စာပေအမျိုးအစားပါ ကွီးရွှေ

ဟုတ်မစုလှိုင် အကြိုက်ချင်းတူသွားပီလေ။ အားပေးနေလို့ ကျေးဇူးဗျာ။

ကောင်းမွေ ဆိုးမွေ ဤနှစ်မွေ
မွေခံထိုက်သူ ရသလေ

အမွေဆိုတာကလဲ ထိုက်မှ ရကြသကိုးဗျာ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyinyiwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks you.

အော်ခုတော့
ကိုယ်တွေလည်း Ko Shwe ပေးမယ့် ဇာတ်သိမ်းပိုင်း အမွေ စောင့်ရ မပေါ့
😁

ဟဟ အမွေဆိုတာ ပေးကားပေး၏မရ ဆိုတာဖြစ်တတ်တယ် ကိုဒွန်နဲ့ ထိုက်ရင် ရမှာပေါ့ဗျာ။ ဟိဟိ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63657.90
ETH 2656.15
USDT 1.00
SBD 2.84