" အဟောင်းထဲက အမြတ်ယူနည်း "

in #myanmar6 years ago

IMG_20171211_182328.jpg

" နှစ်သစ်ကိုလျောက်၍ နှစ်ဟောင်းကိုမျော်ကြည့်ခြင်း "

သင်္ကြန်ရက်သည် ကုန်လွန်သွားပြီဖြစ်၏။ ကျွန်ုပ်ကွီးရွှေ လွမ်းစရာမယ်မယ်ရရမရှိပဲ ဘာကိုလွမ်းလို့ လွမ်းနေသည်မသိ လွမ်းသလိုလိုတော့ ခံစားနေရသည်။

နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ စတင်လျောက်လှမ်းနေကြပြီ ဆိုသော်လည်း ယခင်နှစ်မှ အကြွင်းအကျန် အလုပ်လက်စ လက်ကျန်လေးများကား ဟိုတစ်စ ဒီတစ်စ ကျန်ရှိနေပါသေးသည်။ ကြည့်လေရာမြင်လေရာတိုင်းသည် နှစ်သစ်၏ အရိပ်အငွေ့များ လွှမ်းခြုံစပြုလာပေပြီ။ ကျွန်ုပ်ကွီးရွှေ သည်လည်း ယခုလို နှစ်သစ်ရောက်တိုင်း ပြုနေကြဖြစ်သည့် အလုပ်တစ်ခုအား ပြုရပေဦးမည်။

depositphotos_89790832-stock-photo-welcome-to-new-life-concept.jpg
Credit Image Source

အလုပ်တစ်ခုဟူ၍ အထူးတလည်ပြောနေရခြင်းမဟုတ်ပေ ကျွန်ုပ်၏ စွဲမြဲနေသော အကျင့်လေးတစ်ခုဆိုလျင်ကို၍မှန်ပေမည်။ ထိုအကျင့်လေးမှာ "လွန်ခဲ့လေသော နှစ်ဟောင်းတွင် ငါဘာတွေလုပ်ခဲ့သလဲ"ဟူသော မေးခွန်းလေးအား မိမိဘာသာ အဖြေပြန်ပေးခြင်း အလုပ်ကလေးမျှသာ--

အများသူငါတို့အတွက် ရီစရာဖြစ်နေမည်ထင်ပါ၏၊ သို့သော် ကျွန်တော် ကွီးရွှေအတွက်မူကား အလွန်အရေးပါသော ပြန်လည်ဆန်းစစ်ချက်တစ်ခုပင်ဖြစ်ချေ၏။ မိမိဘဝလမ်းတွင် မည်သို့သော အခက်အခဲများ ကြုံတွေ့ခဲ့လေသနည်း။ မည်သို့သော အောင်မြင်မှုများ ရရှိခဲ့လေသနည်း။ အခက်အခဲများကိုမည်သို့ ကျော်ဖြတ်ခဲ့လေသနည်း။ အောင်မြင်မှုကို မည်သို့ဆုပ်ကိုင်ခဲ့သနည်း။ စသည်ဖြင့် မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ကာ အဖြေထုတ်နေလေ့ရှိသည်။

517044090.jpg
Credit Image Source

အသင်စာရှုသူတို့သည်လည်း ကျွန်ုပ်ပြုသလို မိမိကိုယ်ကို မေးခွန်းပြန်ထုတ်ကာ အဖြေပေးကြည့်ပါလေ။ ထူးခြားသော အမှတ်ရစရာ၊ သတိထားစရာ အချက်များ ပြန်လည် မြင်တွေ့လာပေမည်။

ကျနော်တို့ လူ့လောကတွင် နေထိုင်ဖြတ်သန်းနေသရွေ့ လူတိုင်းလူတိုင်း အခက်အခဲ၊ အကြပ်အတည်းများ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ကြုံရမည်ပင်။ ထိုအခက်အခဲ အကြပ်အတည်းများကို သင်ကိုယ်တိုင် မည်သို့ကျော်ဖြတ်ခဲ့သည်ကို ပြန်လည်မြင်ယောင်မိပါက ဘဝတွင် မှတ်သားထိုက်သော အတွေ့အကြုံများ တစ်ခုခုတော့ တွေ့မြင်ရပေမည်။

25757953628_2a1f68644f_b.jpg
Credit Image Source

ဤသည်ကား ကုန်လွန်ခဲ့သော ဘဝဖြတ်သန်းမှုထဲမှ အလွန်တန်ဘိုးကြီးသော အချက်ကို သင်ကိုယ်တိုင် ရယူလိုက်ခြင်းဖြစ်ပေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

ထိုသို့နည်းဖြင့် ကျနော်တို့၏ အတွေ့အကြုံ ဟင်းလေးအိုးကြီးထဲမှ တန်ဘိုးကြီးလှသော အတွေ့အကြုံများကို မိမိတို့၏ သားသမီး မျိုးဆက်များသို့ ပြန်လည် ဝေမျှ ပြောပြကာ အနာဂတ်လူငယ်များ၏ အသိဥာဏ် ဗဟုသုတကို ဖြည့်ဆည်းပေးနိုင်မည်။

ကျွန်ုပ်ကွီးရွှေသည် ထိုသို့နည်းဖြင့် မိမိတွေ့ကြုံခဲ့ရသော အကောင်းအဆိုး ဘဝအတွေ့ကြုံများအား နီးစပ်ရာ နောင်လာနောက်သား လူငယ်များအား ပြန်လည်ပြောပြခြင်းဖြင့် ထိုလူငယ်လေးများ၏ ဘဝရှေ့ရေးတွင် ဆောင်သင့်သည်များ၊ ရှောင်သင့်သည်များကို အချက်ကျကျ ကိုယ်တွေ့များဖြင့် ရှင်းပြသင်ပြပေးနိုင်ခဲ့လေသည်။

reaching-potential-913x400.jpg
Credit Image Source

" နှုတ်တစ်ရာ စာတစ်လုံး "ဟု ရှေးပညာရှိတို့ မှာကြားခဲ့လေသည်အတိုင်း ကျွန်ုပ်သည်လည်း ကုန်လွန်ခဲ့သည့် နှစ်ဟောင်းမှ အကောင်းအဆိုး အဖြစ်အပျက်တို့အား ပေထက်အက္ခရာတင်ကာ မှတ်သားထားလိုက်သည်။ နောင်လာနောက်သား သားသမီးမြေးမြစ်တို့အတွက် ဗဟုသုတ ဟင်းလေးအိုးကြီး မဖြစ်သည့်တိုင် အထောက်အပံ့လေးတစ်ခုတော့ ဖြစ်နေမည်မလွဲပေ။

ဆိုခဲ့လေသည်အတိုင်း ကျွန်ုပ်ကွီးရွှေ နှစ်ဟောင်းကို နောက်ပြန်မျှော်ကြည့်ရင်း ဘဝထဲက မှတ်ဥာဏ်အခြို့အား မှတ်သားလိုက်ပါ၏။ ရှေ့လာမည့် နှစ်သစ်ကို လျောက်လှမ်းရန် အားမာန်တို့သည် အလိုလိုပြည့်ဖြိုးလာသည်အလား ထင်မြင်မိနေသည်တကား ။ ။ ကြိုလင့်လိုက်ပါ နှစ်သစ်မဟာရေ ။

အားပေးမှုကို အထူးကျေးဇူးတင်ပါသည် ဆက်လက်ကြိုးစားနေလျက် - - -

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

မြန်မာစတီးမစ် အဖွဲ့သားများ ကိုယ်စိတ်နှစ်ပါး အေးချမ်းပျော်ရွှင်ကြပီးလျင် မိမိတို့ ရည်မှန်းချက် Goals များအား အောင်မြင်အောင် ဆောင်ရွက်နိုင်ကြပါစေဗျား။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 3:15 PM (19.4.2018)

#Myanmar #Writing #Life #Knowledge #Idea

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ကိုကြီး​ရေ ..
နှစ်​သစ်​မှာ ကျန်းမာ ရွှင်​လန်း စိတ်​ချမ်း​မြေ့ပြီး
စီးပွား​ရေး​တွေ တိုးတက်​ အမျိုးဘာသာအတွက်​ အဖိုးမဖြတ်​နိုင်​​သောသူ ဖြစ်​ပါ​စေဗျ ..

လာရောက်အားပေး ဆုတောင်းပေးတာ အထူးကျေးဇူးပါခင်ဗျ။

미얀마 물축제😀😀
မြန်မာ့ရေသဘင်ပွဲတော်😀😀

새해 복 많이 받으세요.
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ😀😀

ကိုရီးယားလိုတော့ ပြောတတ်ဖူး သီဟကိုကိုရေ နှစ်သစ်မှာ ပျော်ရွှင်ပါစေဗျာ။

This post has received a 19.48% UpGoat from @shares. Send at least 0.1 SBD to @shares with a post link in the memo field.

Interested to earn daily? Delegate Steem Power to receive 95% payout rewards. Use this link https://on.king.net/shares to delegate SP to @Shares. Join us at https://steemchat.com/ discord chat.

Support my owner. Please vote @Yehey as Witness - simply click and vote.

နှစ်​သစ်​မှာ​ပျော်​ရွှင်​ပါ​စေ

ဟုတ်ဗျာ လာရောက်အားပေးတာ ကျေးဇူးပါ။ နှစ်သစ်မှာ အောင်မြင်မှုများ ရပါစေ။

နှစ်​သစ်​မှာအရာအားလုံးအဆင်​​​ပြေပါ​စေ...

ဟုတ်ကဲ့ပေးသောဆုနဲ့ အမြန်ပြည့်ရပါစေဗျာ။ မမလဲ နှစ်သစ်မှာ အောင်မြင်ခြင်းများ ရပါစေဗျာ။

နှစ်သစ်မှာပျော်ရွင်ပါစေအစ်ကို
ကျွန်တော့်postကိုအားပေးလို့ကျေးဇူးပါ

ဟုတ်ကဲ့ဗျာ ကျေးဇူးပါ။ အမြဲအားပေးလျက်ပါ လူမရောက်နိုင်ပေမယ့် ဘုတ်ရောက်အောင်လာပါတယ်ဗျာ့။

နှစ်သစ်မှာဈေးကောင်းကောင်းရပါစေဗျာဟီးးးးး

ဟား အကြားချင်ဆုံးစကားတစ်ခွန်းပဲဗျ ။

You got a 36.36% upvote from @nado.bot courtesy of @nyinyiwin!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

You got a 33.33% upvote from @dailyupvotes courtesy of @nyinyiwin!

Please upvote this comment to support the service.

နှစ်သစ်ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေဗျာ

အားပေးမှုအတွက်ကျေးဇူးပါဗျာ။

Coin Marketplace

STEEM 0.19
TRX 0.17
JST 0.033
BTC 64475.77
ETH 2770.60
USDT 1.00
SBD 2.66