A story of a Cheater

in #myanmar6 years ago

IMG_20171211_182328.jpg

မတော်လောဘနှင့် လူလိမ်တစ်ယောက်အကြောင်း

ကျွန်တော် တွေးမိတာလေးတစ်ခုရှိပါတယ်။

လူတွေအကြောင်းပေါ့ဗျာ။ လူတွေအကြောင်း တွေးမိတယ် ဆိုလို့ အကြီးကြီးလို့ မထင်လိုက်ပါနဲ့ဗျာ။ ကျွန်တော် တွေးမိတာ သေးသေးလေးပါ။ ဒီလိုဗျ တနေ့က ကျွန်တော့ မိတ်ဆွေတစ်ယောက်နဲ့ သွားရင်းလာရင်း လမ်းမှာဆုံဖြစ်ကြတယ်။ မတွေ့တာလဲကြာနေပြီဖြစ်တဲ့ မိတ်ဆွေက လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်ပါတယ် ဒါနဲ့ နီးစပ်ရာ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်ပေါ့ဗျာ။

ကျွန်တော့ မိတ်ဆွေမှာ ပြောစရာစကား ရှိနေပုံရတယ်။ သူ့မျက်ဝန်းတွေမှာ တစ်စုံတစ်ခု ဖိစီးသောကရောက်နေဟန်လည်း ကျနော် မြင်တွေ့ ခံစာနေရတယ်ဗျ။ ဒါနဲ့ ထိုင်ဖြစ်ကြတယ်ဆိုရင်ပဲ ကျနော့်မိတ်ဆွေက စကားစပြောလာပါတယ်။

image

Photo from Google.

အောင်မြင်နေသော စီးပွားရေး လုပ်ငန်းတစ်ခုတွင် အကျိုးတူ ပူးပေါင်းရန် စီးပွားဖက် အခြားမိတ်ဆွေတစ်ဦးမှ ပြောပြလာ၍ လေ့လာဆန်းစစ်ကြည့်သောအခါ အမှန်တကယ် အကျိုးအမြတ်ရှိသည့် လုပ်ငန်းဆိုသည်ကိုသိသဖြင့် ပါဝင်ခဲ့မိကြောင်း၊ အစပိုင်း ၃လ၄လ ခန့် အမြတ်ငွေများခွဲပေးသည်ကို ရရှိခဲ့ကြောင်း၊ ထိုအမြတ်များကို မိမိကလည်း ထပ်ဆင့် အရင်း ပြန်ထည့်မိကြောင်း၊ ဤတွင် သူကိုယ်တိုင် အမှားနောက်ကို လိုက်မိပြီဆိုတာ မသိသေးကြောင်း ကျနော့်မိတ်ဆွေမှ ပြောလာသည်။

ဆက်လက်၍ ယခုနောက်ပိုင်း ၃ လခန့် အကျိုးအမြတ်ငွေ ခွဲပေးခြင်း မရှိတော့ကြောင်း မေးမြန်းစုံစမ်းရာ အခြားသော ရှယ်ယာဝင်များကို ဦးစားပေးနေရ၍ လူရင်းဖြစ်သူ မိမိမှ ခေတ္တစောင့်ပါပြော၍ ယုံကြည်စွာ စောင့်ခဲ့ကြောင်း၊ သို့သော် နောက်ထပ် ၂ လတိုင် ဘာအကျိုးအမြတ်ငွေမှ မရရှိသဖြင့် ထပ်မံ၍ မေးမြန်းကြောင်း ထိုအခါတွင်တော့ ထိုသူသည် မိမိတို့ အရပ်ဒေသတွင်မရှိတော့ကြောင်သိလိုက်ရသည်။ မိမိသည်လည်း လူလိမ်ခံလိုက်ရပြီကို သိရှိလိုက်သည်။ မိမိကဲ့သို့ အခြားသော စီးပွားရေး လုပ်ဖော်ကိုင်ဖက် ၃ '၄ ဦးမှလည်း ထိုသူကို လိုက်ရှာကြကြောင်း သူတို့ စပ်တူ အကျိုးတူ ပြုလုပ်နေသော လုပ်ငန်းတွင်သွားရောက် စုံစမ်းသည့်အခါ အခြားတစ်ပါးသောသူသာ ထိုလုပ်ငန်းရှင်ဖြစ်နေသဖြင့် လှည့်ပြန်ခဲ့ရကြောင်း။

image

Photo from Google.

တရားဥပဒေကြောင်းအရ လိမ်လည်မှု ဖြစ်သော်လည်း မိမိတို့တွင် သက်သေပြစရာ စာချုပ်စာတမ်း မရှိကြကြောင်း ထို့အတွက် မိမိတို့ ငွေများကိုယူကာ ထွက်ပြေးလေသော ထိုလူလိမ်ကို ဘယ်လိုမှ ဖမ်းမမိကြကြောင်း။ နှစ်ရှည် လက်တွဲ လာခဲ့သော စီးပွားဖက် လူရင်းများ ဖြစ်နေပါလျက် မိမိတို့ အပေါ် လုပ်ရက်နိုင်သွားသူကို မည်သို့ နားလည်ရမှန်းမသိတော့ကြောင်း။

စသည်စသည်ဖြင့် ပြောလာနေသော ကျွန်တော့ မိတ်ဆွေ၏ မျက်နှာဝယ် ခံပြင်းခြင်း၊ နှမြောတသဖြစ်နေခြင်း၊ နောင်တရခြင်း၊ ဝမ်းနည်းခြင်း စသည့် ခံစားမှု အရိပ်အယောင်များကို မြင်တွေ့နေရပါသည်။ ဆက်လက်၍လည်း ကျနော့်မိတ်ဆွေမှ ကျနော်သည် စာပေအတွေ့အကြုံရှိသူဖြစ်၍ မိမိကဲ့သို့ အမှားမျိုး နောက်လူများ မဖြစ်မိကြစေရန် စာတစ်ပုဒ် ရေးပေးပါဟု တောင်းဆိုလာပါသည်။ ကျနော်လည်း ရေးပြတင်ပြပေးမည်ဟု ကတိပြုလိုက်သည်။

image
Image from Google.

အော် လူတွေ လူတွေ ဘာ့အတွက်ကြောင့် မိမိ၏ ဂုဏ်သိက္ခာကို ငွေနဲ့ လဲလှယ်နေကြသနည်းဟု ကျွန်တော် တွေးနေမိပါ၏။ မိမိ၏ အဖိုးတန်လှသော မိတ်ဆွေများကို ငွေနှင့်လဲကာ တစ်နေရာသို့ ထွက်ပြေးသွားသည်မှာ အချိန်ခဏအားဖြင့် လွတ်နေမည်ဖြစ်သော်လည်း မကောင်းမှု၏ အရိပ်မည်းက ထပ်ကြပ်မကွာ လိုက်လာမည်ကို မသိရော့လေသလား။ လောဘ၏ သားကောင်ဖြစ်သွားရှာသော ထိုလူအတွက် ရင်လေးမိသည်။

image
Image from Google.

အထက်ဖော်ပြပါ အကြောင်းလေးမှာ အဖြေရှာသော် မတော်လောဘ ဆိုသည်ကို တွေ့မိပါသည်။ ထိုမတော်လောဘဖြင့် မိမိ၏ မိတ်ဆွေများအပေါ်မှ အကျိုးစီးပွားကို ခေါင်းတုံးပေါ်ထိပ်ကွက် လုပ်ရက်သည်က ပို၍ ကြောက်စရာကောင်းနေပေသည်။

ကျနော်လည်း အထက်ပါဖြစ်ရပ်ကို ဇာတ်လမ်းအသွင် ရေးမည်ဟု စိတ်ကူးမိသော်လည်း အဓိပ္ပါယ်လေးနက်မှု ပေါ့လျော့သွားမည်စိုးသဖြင့် အဖြစ်အပျက်အားအမှန်အတိုင်းသာ အရှိအတိုင်း ရေးလိုက်သည်က ပို၍သင့်တော်မည်ဟု တွေးမိ၍ အဖြစ်အပျက် အမှန်အတိုင်း ရေးသားတင်ပြလိုက်ပါသည်။

image
Image from Google.

စာရှုသူအပေါင်း မိမိတို့၏ စီးပွားရေးလုပ်ငန်းနယ်ပယ်များတွင် လူယုံသတ်လို့ မသေကြပါစေနဲ့၊ နောက်ကျောဓါးနဲ့ အထိုးမခံကြရပါစေနဲ့၊ ခေါင်းတုံးပေါ်ထိပ်ကွက် မခံကြရပါစေနဲ့လို့ ဆုတောင်းမေတ္တာ ပို့သရင်း အထက်ဖော်ပြပါ အဖြစ်မှန်လေးအား အတုယူကာ သတိထားနိုင်ကြ၊ ရှောင်ကြည်နိုင်ကြပါစေကြောင်း ရေးသားတင်ပြ သတိပေးနှိုးဆော် လိုက်ရပါသည်ခင်ဗျား။
စာရှုသူအပေါင်း လူလိမ်ဘေးမှ ကင်းလွတ်နိုင်ကြပါစေ။

Steemit photos for paragraph.jpg

Writer >>>@nyinyiwin(Steemit) MSC-006
Writing End Time >>> 10:45 AM (14.3.2018)

Above article is using Google Images

#Myanmar #Literature #Life #Writing #Esteem

DQmYieE13wzKzAfeKYSm3tGT8WFgYLv4F8Rcv8za9y1JJxt_1680x8400.png

Steemit photos for paragraph.jpg

Sort:  

ဒီလိုအဖြစ်အပျက်တွေ နေ့စဉ်နဲ့အမျှ ကြားနေရတယ်ဗျာ ကိုယ်တိုင်လည်းဖြစ်ဖူးလို့ စာနာ နားလည်မိပါတယ် စိတ်မကောင်းပါဘူးဗျာ မိတ်ဆွေများလည်း သတိထားဆင်ခြင်နိုင်ကြပါစေ

ဟုတ်တယ်ဗျာ ကျနော်လဲ ဒီအကြောင်းတွေသိရတော့ လူတွေရဲ့ လောဘကို သိလာကြောက်လာတယ်။

ဟုတ်တာပေါ့ Bro လူယုံသတ်လို့  သေတယ်ဆိုတာ

လောကကြီးထဲ လူယုံသတ်လို့သေတာ အတော်ဆိုးတယ်။

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

မိမိကလောဘမကြီးဖို့လဲလိုတယ်ဗျကွီးရွှေရေ။လောဘကြီးလေလိမ်တဲ့သူကလွယ်လေပဲ။လိမ်မယ့်သူကအားလုံးကိုစောင့်ကြည့်ပြီးမှစုံစမ်းပြီးမှလာတာ။သူခိုးလိုပဲ မခိုးခင် တစ်လလောက်ကို အရင်လေ့လာပြီးမှခိုးသလိုပဲ။သတိထားရမယ်ကွီးရွှေရေ။

ဟုတ်တယ် လောဘကြီးသူက အလိမ်ခံရဖို့ ပိုလွယ်မယ်။

Great writing story

Thanks you friend.

လူရဲ့​လောဘ ပင်​လယ်​ဝတဲ့ ​ကြောက်​စရာအ​ကောင်းဆုံး ကလူ​တွေပဲ အကို​ရေ့

ဟုတ်တယ်ဗျ ဒီခေတ်ကြီးမှာ လူလိမ်မျိုးစုံတာ သတိထားသင့်ကြပါတယ်။

လူယုံ ကမှ သတ်လို့ရတာလေ မသိတဲ့လူက လိမ်တယ်ဆိုတာ ရှားပါတယ်

ဟုတ်တယ်နော် ကိုယ့်လူရင်းကပဲ လုပ်သွားတာ။ ငွေနောက်လိုက်ကြတာ ကြောက်စရာ။

တခါလိမ်ခံရတာတော့ လိမ်တဲ့သူတော်လို့  နှစ်ခါလိမ်ခံရတာတော့ ကိုဟ်ညံ့လို့ တဲ့ ဒါကြောင့် ကိုဟ်တိုင်အလိမ်မခံရတောင် သင်ခန်းစာယူသင့်တယ်ဗျို့ လောဘ သိပ်မကြီးဖို့ ပဲ လိုပါတယ်

ဟုတ်ပါတယ်ဘုရာ့ လူလိမ်ကတော့ လိမ်ဘို့ ချောင်းနေမှာပါ။ ကိုယ်တိုင်အလိမ်မခံရအောင် တပည့်တော်က အသိပေး လိုခြင်းပါဘုရာ့။

ဘယ်​သူ​သေ​သေ င​တေမာရင်​ပြီး​ရောဆိုတဲ့သူ​တွေ​​ပေါ့

ဟုတ်တယ်ဗျ ဒီလိုလူတွေ သတိထားရှောင်ကြရမယ်။

ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာပဲ။ကိုယ့်ဘက်ကဆင်ခြင်ပီးနေတာပဲကောင်းပါတယ်။အချင်းချင်းမို့ ယုံကြည်မိတော့ခံရတာပဲ။

ဟုတ်တယ်ဗျာ သတိထား ရှောင်ကြည်နိုင်ရန် လိုအပ်ပါတယ်ဗျာ့။

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 66137.20
ETH 3543.37
USDT 1.00
SBD 2.56