“ကျွန်ုပ်ကွီးရွှေနှင့် ပတ္တမြားခဲလေးများ 2”

in #myanmar6 years ago

38446285_460845687723422_2499775355452129280_n.jpg

“ကျွန်ုပ်ကွီးရွှေနှင့် ပတ္တမြားခဲလေးများ၂”

ပတ္တမြားခဲလေးများ >ပထမပိုင်း >>

ကဲ သမီးလေး ရဲ့မေးခွန်းကိုဖြေဖို့ ဘဘ ဂူးဂဲလ်ကနေ ရှာကြည့်မယ်ကွယ်။ ဘဘသိ သလောက် ပြောပြရင် မပြည့်မစုံဖြစ်မှာစိုးတယ်ကွယ့် ဒီတော့ ဗဟုသုတ ဟင်းလေးအိုးကြီးလို့ လူတိုင်းသိတဲ့ ဒီဂူးဂဲလ်မှာရှာကြည့်ရတာပေါ့ကွယ်။ ဟောတွေ့ပီ သမီးမေးတဲ့ ဖုန်းတွေအကြောင်း--ဒီလိုကွယ့်--

တယ်လီဖုန်းတွေဆိုတာ ဟိုအရင်အစောပိုင်းနှစ်တွေကတည်းက ပေါ်ပေါက်နေတာဆိုပဲ။ ပထမဦးဆုံး လက်နဲ့ကိုင်ပီး သယ်ဆောင်သွားလို့ရတဲ့ လက်ကိုင်ဖုန်းကို 1973 ခုနှစ်မှာ အမေရိကန် အီလက်ထရောနစ်ပညာရှင် John F. Mitchell ကစတင်ဖော်ထုတ်တီထွင် ခဲ့တယ်လို့ ပြောထားတယ်ကွယ့်။ အဲဒီနောက်နှစ်ပိုင်းတွေကြတော့ ဂျပန်နိုင်ငံကုမ္ပဏီတစ်ခု NTT လို့ခေါ်တယ် အဲဒီကုမ္ပဏီကနေ ထပ်ဆင့်တီထွင်ထုတ်လုပ်လိုက်တာ ကမ္ဘာ့ပထမဆုံး ဆယ်လူလာနက်ဝပ်ဆိုတာကို တည်ဆောက်နိုင်ခဲ့ကြတယ်ကွဲ့။ ဒီနောက်တော့ 1983 ခုနှစ်နောက်ပိုင်းကနေ ဒီနေ့ထိ လက်ကိုင်ဖုန်းတွေဟာ တိုးတက်ပြောင်းလဲလာလိုက်တာ သမီးတို့ မြင်တွေ့တဲ့အတိုင်းပဲ လူတိုင်းနီးပါး ဖုန်းကိုင်နိုင်နေကြပီလေ။


Credit Image Source

ကဲ--အဲဒါတွေက ဖုန်းစတင်ဖြစ်ပေါ်ခဲ့တာကိုပြောပြတာ အဲဒီဖုန်း၊ လက်ကိုင်ဖုန်း၊ မိုဘိုင်းဖုန်းလို့ အမျိုးမျိုးခေါ်ကြတဲ့ ဖုန်းတွေရဲ့ လုပ်ဆောင်ချက်ကိုပြောပြမယ် သမီးလေး မေးတာက “ဘဘ အခုလက်ကိုင်ဖုန်းဆိုတာတွေက အဝေးကြီးကလူကို ကြားနိုင်အောင် ဘယ်လိုလုပ်ထားတာလဲဘဘ”လို့ သမီးကမေးထားတယ်နော် ကောင်းပီ အဲဒီဖုန်း ဆိုတာ တွေ အားလုံးအလုပ်လုပ်ကြတာဟာ ရူပဗေဒဆိုင်ရာ သိပ္ပံနည်းအရ(radio frequency) ရေဒီယိုလှိုင်းလို့ ခေါ်တဲ့တုန်ခါမှုလှိုင်းဆိုတာတွေကို အသုံးပြုပီး တစ်နေရာကနေ တစ်နေရာ အသံလှိုင်းတွေကို ပို့ဆောင်ပေးခြင်းဖြစ်တယ်။ ဒီရေဒီယိုလှိုင်းတွေဟာ တစက္ကန့်အတွင်း အကြိမ်အများကြီး တုန်ခါပီး ရွေ့လျားသွားကြတယ်သမီး။ ဒီရေဒီယိုလှိုင်းဆိုတာကို လူသားတွေမျက်စိနဲ့မမြင်နိုင်ဘူး။

ကောင်းပီ ရေဒီယိုလှိုင်းတွေဟာ ဘယ်လိုပို့ဆောင်တာလဲ ဆိုတာကတော့ အခုသမီးတို့ မြင်နေရတဲ့ တာဝါတိုင် ဆိုတာတွေကနေတစ်ဆင့် သူတို့ရဲ့ အော်ပရေတာတွေဆီကို ရောက်တယ် အဲကနေတစ်ဆင့် အီလက်ထရောနစ်နည်းပညာများနဲ့ တည်ဆောက်ထားတဲ့ နက်ဝပ်(the public switched telephone network, cellular network) ဆိုတာတွေကနေ တခါ ဖြတ်သန်းပီး ရောက်စေလိုတဲ့နေရာ ဥပမာဖုန်းလက်ခံပြောသူပေါ့ အဲ သူတို့ဆီကို ဒီကပြောလိုက်တဲ့အသံဟာ ရောက်သွားရတာပေါ့ကွယ်။ ဒီနည်းပညာတွေဟာ နက်ရှိုင်း တယ်ကွယ် အပြည့်အစုံနားလည်အောင် သမီးတို့ကို ပြောပြလို့မရသေးဘူး အခုဘဘ ပြောပြလိုက်တာက သမီးတို့နားလည်အောင် အလွယ်ပြောလိုက်တာ နောက်ကြသမီးတို့ စာတွေများများသင်ပီး အတန်းတွေရောက်လာရင် ဘဘပြောတာထက် ပိုပီး ပြည့်စုံတဲ့ အီလက်ထရောနစ်အင်ဂျင်နီယာ ပညာရပ်တွေကို သမီးတို့သားတို့ သိလာတတ်လာ၊ နားလည်လာကြလိမ့်မယ်ကွယ်။


Credit Image Source

ကဲဒီလောက်ဆို သမီးလေး အမေးကိုဘဘ ဖြေတာ ကျေနပ်ကြရဲ့လားကွယ်။ “ဟုတ်ကဲ့ ဘဘ သမီးတို့ ကျေနပ်ပါတယ်ရှင့် ဘဘပြောသလို သမီးတို့ကြီးလာရင် သိပ္ပံနည်းပညာ တွေကို နားလည်တဲ့သူဖြစ်အောင် အခုအရင်ဆုံး အတန်းကျောင်းပညာကို အရင် တတ်အောင် သင်ကြရမှာပေါ့နော်” “အေး ဟုတ်တာပေါ့ကွယ် သမီးတို့သားတို့ ပညာတတ်ကြီးဖြစ်အောင် အရင်ကြိုးစားကြရမှာပေါ့ကွယ်။ ကဲ မင်းတို့ကကော ပညာတတ်ကြီးဖြစ်အောင် လုပ်ချင်ကြရဲ့လား ပြောပါအုန်း”

ကျွန်တော်၏ အမေးအဆုံး စိတ်အားထက်သန်နေသော ကလေးများက “ဟုတ်ကဲ့ ဖြစ်ချင်တာပေါ့ ဘဘရာ” “အေး ပညာတတ်ကြီးဖြစ်ချင်ရင် မင်းတို့တွေက အရင်ဆုံး ကျောင်းမှန်မှန်တက်ရမယ်၊ စာတွေကို မှန်မှန်လေ့လာဆည်းပူးကြရမယ်၊ တနှစ်ပီးတနှစ် အတန်းတွေအောင်အောင် ကြိုးစားကြရမယ်ကွယ့် ဒါမှ သမီးတို့ သားတို့ဖြစ်ချင်တဲ့၊ သိချင်တဲ့၊ တတ်ချင်တဲ့ လူတော်တစ်ယောက်ဖြစ်လာမှာပေါ့ကွယ်။” “ဟုတ်ကဲ့ ဘဘ ကျွန်တော်တို့ ဘဘပြောသလို ပညာတတ်ကြီးဖြစ်အောင် ကြိုးစားပါမယ်”။


Credit Image Source

ကျွန်တော် စိတ်နှလုံးဝယ် ဒီလိုကြည်နူးမှုမျိုး မကြုံဖူးခဲ့ ရင်ထဲထိအေးသွားအောင်ကို ကြည်နူးမိသည်။ ကျွန်တော့်ရှေ့က ကလေးငယ်များအားကြည့်ရင်း နောင်တစ်ချိန်တွင် နည်းပညာခေတ်ကို ဦးဆောင်နိုင်သော သိပ္ပံပညာရှင်ကြီးများ ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေမိသည်။ ကျွန်တော့ရှေ့က ကလေးများသည် နောင်အနာဂတ်၏ ပတ္တမြားခဲလေးများ ဖြစ်နေကြမည်ဆိုလျင် မှားနိုင်အံ့မထင်ချေ။

-----ဆက်လက်ဖော်ပြပါအုန်းမည်-----

steemit MSC photo.png

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Writer >>>@nyinyiwin(Steemit) MSC-006

Writing End Time >>> 10:15 PM (6.9.2018)

#Myanmar #Literature #Writing #Blog #Life

DQmSDxjJoaopWgDwuEVTeLtfPdjCdqHdchc2NLYyj6yQe8c.png

Sort:  

ပတ္တမြားခဲလေးတွေ မေးတဲ့ မေးခွန်းတွေကို ဖြေပေးနေတဲ့ ဘဘရေ...ဘဘရဲ့အဖြေက ကျေနပ်စရာကောင်းပါတယ်။အမတ်ကြီးရာထူးရထားတာဆိုတော့ ဒီလောက်ကတော့ အေးအေးဆေးဆေးပေါ့။ကောင်းမွန်လှပါတယ်။စောင့်မျှော်အားပေးနေမယ်အစ်ကို။

ဟုတ်ကဲ့ က်ုသန့်ဇင်ရေ အားပေးနေလို့လဲ ရေးရတာ အားရှိတယ်ဗျို့။ ကလေးတွေအတွက် အနာဂတ်မှာ အလေ့ကျင့်ကောင်းလေးတွေ မွေးမြူပေးနေတာဗျ။

ပတ္တမြားခဲ​လေး​တွေဘယ်လို​​မေးခွန်းထုတ်​မလဲသိချင်​လို.​လာမဲ့ပိုစ့်​ဖတ်​ဦးမယ်​....

လာခဲ့ပါအုန်းဗျာ သူတို့မေးခွန်းလေးတွေက တကယ်စိတ်ဝင်စားဘို့ကောင်းတယ်။

အနာဂတ်နိုင်ငံဦးဆောင်သူလေးတွေပေါ့

ယနေ့လူငယ် နောင်ဝယ်လူကြီး အခုလူငယ်လေးတွေက အနာဂတ်ပဲ့ကိုင်ရှင်လေးတွေဖြစ်ကြမှာ။

အရည်အသွေးပြည့်တဲ့ပတ္တမြားလေးတွေဖြစ်ပါစေ

ဟုတ်တယ် ကိုစိုးရေ သူတို့လေးတွေ အရည်အသွေးပြည့်ဝဘို့ တတ်နိုင်တဲ့ဘက်က ကူညီပေးရမှာပဲဗျာ။

ဒီခေတ်ကလေးငယ်တွေက သိလို စူးစမ်းလိုစိတ်များတယ် ဦးညီရေ ဦးဇင်းတို့ ဆို ကလေးတွေ စာသင်ရမှာ ကြောက်တာ တစ်ခါတစ်လေ ကိုဟ်မတွေးမိတဲ့ ကတ်သီးကတ်သပ်မေးခွန်းတွေက မေးသေးတယ် အတတ်နိုင်ဆုံးတော့ စိတ်ရှည်ဖြေရတာပေါ့

ဟုတ်တဟ်ဦးဇင်းဘုရာ့ ကလေးတွေရဲ့ အတွေးစိတ်ကူးလေးတွေကို လမ်းဖွင့်ပေးသင့်ပါတယ်ဘုရား။

ဖုန်းသမိုင်း အဆက်ဆက်ကို ဗဟုသုတဖြစ်ဖွယ်နဲ့ စိတ်ဝင်စားဖွယ်ရေးသားထားလို့ ပိုလ့်ကောင်းလေးတစ်ခုပါ ဘဘရွှေ

ဟုတ်တဟ်မစုလှိုင်ရေ ဒိထက်ပိုပြီး ရေးပြရှင်းပြလို့ရသေးတယ်ဗျ နည်းပညာအခေါ်ဝေါ်တွေပါလာမှာမို့ ချန်ထားခဲ့တာ။ ကလေးတွေနားလည်အောင်လဲ ပြောရတာပေါ့ဗျာ။

ကျောက်သွေးသူ ဘဘ နှင့် သူ၏ ပတ္တမြားလေးများ ပေါ့ နော့ ...။ စိတ်ရှည်လက်ရှည်နဲ့ သူတို့သိချင်သမျှလေး ရှင်းပြပေးတဲ့ ကိုညီ့ နားတော့ ကလေးငယ်တွေ ၀ိုင်းနေမှာ မြင်ယောင်ပါသေးတယ်..။

ဟုတ်တယ်ဗျိ ကျနော်လဲ ကျောက်သွေးသမား ဖြစ်မှန်းမသိ ဖြစ်နေပီပေါ့ဗျာ။

ကလေးတွေနဲ့ စကားပြောရတာ စိတ်ချမ်းသာတယ်ဗျာ

အမှန်ပဗျာ ကလေးတွေကဖြူစင်တယ် သိချင်တာကို စိစိပေါက်ပေါက်မေးတတ်တယ်။ စိတ်ရှည်ရတာပေါ့ဗျာ။

တခါ တ​လေ က​လေး​တွေရဲ့​မေးခွန်းက လူကြီး​တွေအုံး​နောက်​​ခြောက်​​အောင်​စဉ်းစားရတယ်​ဗျာ့

အဟုတ်ပဲ ဦးယုရေ တစ်ခါတစ်လေ ဘာပြန်ဖြေရမှန်းမသိအောင်ကို မေးတတ်ကြတယ်။ ကျနော့်အတွက်က တော့ ဂူးဂဲလ်လေး ခေါက်ခေါက်ပီး သူတို့သိချင်တာ ရှာဖြေနေရတယ်။

ပတ္တမြားခဲ​လေး​တွေမေးသမျှ ဘဘက ဖြေပေးတော့ အနာဂတ်မှာ ပိုပြီး တောက်ပလာမယ့် ပတ္တမြား တွေ ဖြစ်လာကြမှာပေါ့ဗျာ

ဟုတ်တယ် ကိုဝင်းကိုရေ ကလေးတွေ အနာဂတ် တောက်ပလာစေဘို့ တတ်အားသရွေ့ ကူညီပေးနေအုန်းမှာပါ။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.034
BTC 63900.40
ETH 3140.82
USDT 1.00
SBD 3.98