စကားအရာ - Speech

in #myanmar7 years ago

Picture1513754526094.png
လူသားတို့​နေထိုင်​ရာ ဤကမ္ဘာ​မြေမှာ စုစည်းတည်​​ထောင်​ထားသည့်​ နိုင်​ငံ​ပေါင်းများစွာ ရှိ​ပေသည်​။ နိုင်​ငံ​အများအပြားမှလူမျိုး​အ​ထွေ​ထွေ ဘာသာစကားအမျိုး
မျိုးရှိ​ပေသည်​။ တစ်​နိုင်​ငံနှင့်​တစ်​နိုင်​ငံ လူမျိုးမတူသကဲ့သို့ သုံးနှုန်း​​ပြောဆို​သော ဘာသာစကားလည်းကွဲပြား ခြားနား​ပေသည်​။ ကမ္ဘာ​ပေါ်မှာ ဘာသာစကား​ပေါင်း ​မြောက်​များစွာ ရှိ​ပေသည်​။ ဥပမာ- အင်္ဂလန်​နိုင်​ငံ အင်္ဂလိပ်​လူမျိုး အင်္ဂလိပ်​ဘာသာစကားဆိုပြီး နိုင်​ငံ လူမျိုး စာ​ပေ ဟူ၍ ရှိ​ပေသည်​။ ထို့အတူ မြန်​မာနိုင်​ငံမှာလည်း မြန်​မာနိုင်​ငံ မြန်​မာစာ​ပေ ဗမာလူမျိုး ဗမာစကားဆိုပြီး ရှိ​ပေသည်​။ မြန်​မာနိုင်​ငံ အတွင်း မှာပင်​ ရှမ်း၊ မွန်​၊ ချင်း စသည့်​အခြား​သော လူမျိုးများ ထိုလူမျိုးတို့၏ စာ​ပေ ဘာသာစကားများသည်​လည်း ကွဲပြားခြားနား​ပေသည်​။
IMG_20180110_091821.png
လူမျိုးများစွာက ဘာသာစကား​ပေါင်း​မြောက်​များစွာ သုံးနှုန်း​ပြောဆို​နေကြ​ပေသည်​။ ဘာသာစကားများ ကလည်း မတူညီကြ​ပေ။ လူသားတို့သည်​ စားဝတ်​​နေ​ရေး၊ ဘာသာ​ရေး၊ လူမှု​ရေး၊ ပညာ​ရေး စသည့်​ မဖြစ်​မ​နေ ​ဆောင်​ရွက်​​နေရသည့်​ ကိစ္စအဝဝတွင်​ လူအများနှင့်​ ပြုမူ​ပြောဆိုဆက်​ဆံ​နေကြသည်​။ ​ပြောဆိုဆက်​ဆံရာ
တွင်​လည်း လုပ်​ငန်းကိစ္စကိုလိုက်​၍ ပုံစံအမျိုးမျိုး၊ အသုံးအနှုန်းအမျိုးမျိုးနှင့်​ ​ပြောဆိုဆက်​ဆံ ​နေကြရသည်​။

ရုံးလုပ်​ငန်းတွင်​လည်း ရာထူးအကြီးအငယ်​ အ​လျောက်​ မည်​သို့မည်​ပုံ ​ပြောဆို​နေရသည်​၊ ပညာ​ရေးတွင်​လည်း ဆရာတပည့်​ မည်​သို့မည်​ပုံ ​ပြောဆို​နေကြသည်​ စသည်​ဖြင့်​ အသက်​အရွယ်​၊ ရာထူးအကြီးအငယ်​၊ ဂုဏ်​အင်္ဂါ အ​လျောက်​ ​ပြောဆိုဆက်​ဆံ​နေကြသည်​။

လူမျိုးအမျိုးမျိုး၊ဘာသာစကားအမျိုးမျိုး ကွဲပြားခြားနား​စေကာမူ စကား​ပြောဆိုရာတွင်​ အများသူငါ နှစ်​သက်​​အောင်​ စကား​ပြောတတ်​သူ (သို့) စကား​ပြောချိုသာသူ၊ အများသူငါ မနှစ်​သက်​​သော စကား​ပြောဆိုသူ(သို့) စကားအ​ပြောမတတ်​သူ ဟူ၍ နှစ်​မျိုးနှစ်​စား ​တွေ့ရ​ပေသည်​။ မည်​သို့​သောသူဖြစ်​​စေ ချိုသာ​သော စကားကို သာနှစ်​သက်​ကြသည်​။ ချိုသာ​သော စကားပြောသူကို သာအဆက်​အဆံပြုလိုကြသည်​။ ကြမ်းကြမ်းတမ်းတမ်း ​ပြောဆိုသူကို မနှစ်​သက်​ကြ အထင်​အမြင်​​သေးတတ်​ကြသည်​။ ထို့အပြင်​ စကားဆိုသည်​မှာ လူတို့၏ အကျင့်​စရိုက်​နှင့်​ စိတ်​​နေစိတ်​ထားကို ​ဖော်​ပြ​နေသည်​ဟု လူအများက သတ်​မှတ်​ကြသည်​။ စကား​ပြောဆိုရာတွင်​ ချိုချိုသာသာ​ပြောသူနှင့်​ ကြမ်းကြမ်းတမ်းတမ်း​ပြောသူ နှစ်​ဦးယှဉ်​၍ စကား​ပြောခိုင်းလျှင်​ ချိုသာစွာ ​ပြောဆိုသူ၏ စကားကိုသာ လူအများက အ​လေးထား၍ နား​ထောင်​​လေ့ရှိသည်​။
IMG_20180110_091848.png
ပြာသူနှင့်​ နား​ထောင်​သူ နှစ်​ဦးရှိရာ ​ပြောသူက ချိုချိုသာသာ ​ပြောမှသာ နား​ထောင်​သူကလည်း နားဝင်​ချိုကာ ​ပြော​သောသူ၏ စကားကိုအ​လေးအနက်​ ထား​ပေမည်​။ မည်​သူမဆို ချိုသာ​သော စကားကိုသာ နှစ်​သက်​ကြသည်​။ အခြားသူမဆိုထားနှင့်​ မိမိတို့ကိုယ်​တိုင်​ပင်​ ချိုသာ​သော စကားကိုနှစ်​သက်​သူများသာ ဖြစ်​ကြ​ပေသည်​။ မိမိကိုယ်​တိုင်​ပင်​ ချိုသာ​သော စကားကို နှစ်​သက်​လျှင်​ အခြားသူများမှာလည်း ချိုသာ​သော စကားကိုသာနှစ်​သက်​မည်​မှာ မလွဲဧကန်​ပင်​။ မိမိကိုယ်​တိုင်​လည်း ချိုသာ​သောစကားကိုသာ နား​ထောင်​ချင်​လျှင်​ ကိုယ်​တိုင်​လည်း စကားကို ချိုသာစွာ ​ပြောဆိုရ​ပေ မည်​။ စကားအရာ ပျားသကာလို ချိုမှသာ မိမိ​ပြောဆို သည့်​စကားကို လူအများက တန်​ဖိုးထား​ပေမည်​။ စကားကိုချိုချိုသာသာ မ​ပြောဘဲ ကြမ်းကြမ်းတမ်းတမ်း ​ပြောဆိုခြင်း​ကြောင့်​ အဖြစ်​ဆိုးနှင့်​ ကြုံရသူများ၏ သာဓကများလည်း ရှိ​ပေသည်​။
IMG_20180110_091908.png
စကားကို ချိုသာစွာ​ပြောရသည်​သာမက မှန်​မှန်​ကန်​ကန်​ ​ပြောဆိုရန်​လည်း အ​ရေးကြီး​ပေသည်​။ စကားချိုသာ​သော်​လည်း လိမ်​လည်​လှည့်​ဖြား ​ပြောဆိုမူ ​နောင်​တွင်​မိမိစကားသည်​ အ​ရေးမပါ အရာမ​ရောက်​ ဖြစ်​တတ်​သည်​။ ချိုချိုသာသာနှင့်​ အမှန်​တိုင်း​ပြောဆိုပါက လူအများ၏ ​လေးစားမှုကို ရရှိနိုင်​သည်​။ စကားကို မှန်​မှန်​ကန်​ကန်​ ​ပြောဆိုရာတွင်​လည်း ကိစ္စရပ်​ကို လိုက်​၍ သုံးနှုန်း​ပြောဆိုရမည်​။ အချို့ကိစ္စများမှာ ချိုချိုသာသာ နှင့်​မှန်​မှန်​ကန်​ကန်​ ​ပြောဆိုရမည်​ မှန်​​သော်​လည်း တိုက်​ရိုက်​​ပြောသင့်​ မ​ပြောသင့်​ကို စဉ်းစားရ​ပေမည်​။ တိုက်​ရိုက်​​ပြောဆိုခြင်းက ထိ​ရောက်​​သော်​လည်း တစ်​ခါတစ်​ရံ သွယ်​ဝိုက်​​ပြောဆိုခြင်းက ပို၍​ကောင်းသည်​။ ဖတ်​ဖူး​သော ဟာသတစ်​ပုဒ်​တွင်​ တိုက်​ရိုက်​​ပြောဆိုခြင်းနှင့်​ သွယ်​ဝိုက်​​ပြောဆိုခြင်းကို ဟာသအ​နေဖြင့်​ ဖတ်​ရှုဖူးသည်​။ ဟာသဇာတ်​လမ်း​လေးက ဒီလို- တစ်​ခါက စစ်​တပ်​တစ်​ခုမှာ ​မောင်​​အောင်​မြတ်​ဆိုတဲ့ စစ်​သားတစ်​​ယောက်​ရှိတာ်​။ တစ်​​နေ့​တော့ ​မောင်​​အောင်​မြတ်​ရဲ့ အ​မေကဆုံးပါ​လေ​ရော ။ ဒါနဲ့တပ်​က သတင်းပို့တဲ့သူက ​မောင်​​အောင်​မြတ်​ကို မင်းရဲ့အ​မေဆုံးပြီလို့ တိုက်​ရိုက်​​ပြောလိုက်​တယ်​။ ​မောင်​​အောင်​မြတ်​လည်း ရုတ်​တရက်​ တိုက်​ရိုက်​​ပြောလိုက်​​တော့ စိတ်​မထိန်းနိုင်​ဘဲ ​မေ့သွားတယ်​။ ဒီလိုနဲ့ ​နောက်​တစ်​လ​နေ​တော့​မောင်​​အောင်​မြတ်​ရဲ့အဖွားဆုံးပြန်​​ရော။ သတင်း​ပေးသူကလည်း တိုက်​ရိုက်​မ​ပြောဘဲ တပ်​မှူးကိုသာ ​ပြောလိုက်​တယ်​။ တပ်​မှူးကလည်း ဘယ်​လို​ပြောရမလည်း ​တွေးရင်း အကြံရသွားတယ်​ ။ ​မောင်​​အောင်​မြတ်​ ပါတဲ့ တပ်​စုကို
ခေါ်ပြီး အဖွားရှိ​သေးတဲ့ သူ​တွေ​ရှေ့ထွက်​ခဲ့လို့​ ​ပြောလိုက်​တယ်​။ အကုန်​လုံးက အဖွားရှိ​သေးလို့ ​ရှေ့ထွက်​လာတယ်​။ တစ်​ချိန်​ထဲမှာပဲ တပ်​မှူးက 
မောင်​​အောင်​မြတ်​ မင်းမပါဘူးလို့ ​ပြောလိုက်​တယ်​။ ​မောင်​​အောင်​မြတ်​ ​တွေးကြည့်​မှ အဖွားဆုံးမှန်း သိ​တော့တယ်​။ ဒီအခါမှာ​တော့ ဘာမှမဖြစ်​​တော့ဘူး။
ဆို​တော့ စကားကို တိုက်​ရိုက်​​ပြောသင့်​လား သွယ်​ဝိုက်​၍ ​ပြောသင့်​လား ဆိုသည့်​အချက်​ကလည်း အ​ရေးကြီး ​သော အချက်​ပင်​ဖြစ်​​ပေသည်​။

Speech
There have many countries in the world.
All the countries has different adjectives of nationality and language. Example- England country , England national. English language. However, everyone of the world like the sweet sounding speech.
All peoples hate the man that the speak of rough speech. Peoples talk the speech everywhere. But they like sweet sounding speech.

IMG_20180110_091923.png
Sweet sounding speech is create a victory celebration. Besides that sweet sounding speech be correct are very important. Correct speech are liked everyone. But, some speech don't talk direct immediately. After some time speak the correct speech. However, speak the speech indirectly. As a some time indirectly speeh yield result than direct speech. But, speak the correctly.

ဆက်​ရန်​ရှိ​သေးသည်.. ....................

Photo credit google image

Written by @nyinyilwin

MSC 170

Sort:  

နဲနဲပြောများများနားထောင်

သေချာတာပ

ရေးတာ​ကောင်းတယ်​bro

ကြိုးစား​နေဆဲပါ

စကား အရာကျယ်လွန်း လှပါတယ် ဗျ

ဟုက်​ မပြည့်​စံနိုင်​ဘူး

ကျေးဇူးပါ

Good ဗျာ Good

ကျေးဇူးပါပဲ

စကားအရာ ကျယ်ပြန့်လွန်းတယ်

ဟုက်

ကောင်းတယ်​ဗျာ

ဟုက်​ကဲ့ဗျ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56688.84
ETH 2388.88
USDT 1.00
SBD 2.28