စကားအရာ ၃

in #myanmar7 years ago

Picture1513754526094.png
စကား​ပြောဆိုရာတွင်​ ​ပြောသူ၏ စကား​ပြောပုံကို အကဲဖြတ်​ဖို့ရန်​ ကြားနာသူကလည်း ​ကောင်းစွာနား​ထောင်​တတ်​ရန်​လည်း လိုအပ်​​ပေသည်​။ ​ပြောသူ၏စကား ကိုနား​ထောင်​သူကလည်း နား​ထောင်​နိုင်​သူလား နား​ထောင်​တတ်​သူလားကို ​ပြောသူက​သေချာသိ၍ နား​ထောင်​သူ၏ ဥာဏ်​အရည်​အ​သွေးနှင့်​ သင့်​​လျော်​သည့်​ စကားမျိုးကိုသာ ​ပြောဆိုရ​ပေမည်​။ ဤတွင်​သတိထားရ မည်​မှာ နား​ထောင်​နိုင်​သူနှင့်​ ​နား​ထောင်​တတ်​သူ မတူ​ကြောင်းကို သတိပြုရမည်​။ နား​ထောင်​နိုင်​သူသည်​ ​ပြောသူ၏ စကားကို နား​ထောင်​နိုင်​ရုံသာ ​နား​ထောင်​နိုင်​သည်​။ စကား၏ အဓိကဆိုလိုရင်းကို နားလည်​နိုင်​မည်​မဟုက်​​ပေ။ နားလည်​မည်​ဆိုလျှင်​လည်း စကား၏​အ​ပေါ်ယံအ​ကြောင်းအရာကိုသာ သိမည်​ဖြစ်​​ပေသည်​။ ဥပမာ- ​လေးတန်း​ကျောင်းသားအရွယ်​က​လေးကို ၉တန်းအရွယ်​ ​ကျောင်းသားအသိပညာများကို ​ပြောပြ​နေသည်​နှင့်​တူ​ပေသည်​။ အသိပညာ၏ အ​ကြောင်းအရာ ကိုနား​ထောင်​နိုင်​​သော်​လည်း ဆိုလိုရင်း၏ အဓိပ္ပါယ်​ကို သိမည်​မဟုက်​။ ​ပြောသူ၏စကားကို နား​ထောင်​တတ်​သူဆိုပါက စကား၏ အ​ကြောင်းအရာ၏ အဓိပ္ပါယ်​ကိုသာမက ဆိုလိုရင်းကိုလည်း ထဲထဲဝင်​ဝင်​ သိနားလည်​​ပေမည်​။ ဥပမာ- ၅တန်းအရွယ်​က​လေးကို ၅တန်းအဆင့်​နှင့်​ညီသည့်​ အ​ကြောင်းအရာကိုသာ ​ပြောပြခြင်းနှင့်​ ညီ​ပေသည်​။ နား​ထောင်​တတ်​သူသည်​ ​ကောင်းစွာသိရှိနားလည်​​ပေမည်​။ ထို့​ကြောင့်​ မိမိ​ပြော​သောစကားကို နား​ထောင်​သူသည်​ နား​ထောင်​နိုင်​သူဖြစ်​သည်​ထက်​ နား​ထောင်​တတ်​သူဖြစ်​လျှင်​ အ​ကြောင်း အရာကို ထိထိမိမိ သိ​ပေမည်​။ တစ်​ခါတစ်​ရံ နား​ထောင်​သူသည် အသက်​အရွယ်​ပိုင်းအရ နား​ထောင်​တတ်​သည့်​အရွယ်​ ​ရောက်​​နေ​သော်​လည်း နား​ထောင်​တတ်​သည့်​ အဆင့်​အထိမ​ရောက်​​သေးဘဲ နား​ထောင်​နိုင်​သည့်​ အဆင့်​တွင်​သာ ရှိ​နေသူဖြစ်​​နေတတ်​သည်​။ ထို့​ကြောင့်​ စကား​ပြောသူသည်​ နား​ထောင်​သူလွယ်​ကူစွာ နားလည်​ရန်​ အ​ကြောင်းအရာကို အ​သေးစိတ်​​ပြောပြသင့်​သည်​။ အ​သးစိတ်​​ပြောပြခြင်းသည်​ နား​ထောင်​သူအဖို့ အ​ကြောင်းအရာကို လွယ်​လင့်​တကူ သိနားလည်​​စေနိုင်​​သည်​။
IMG_20180118_212825.png

စကား​​ပြောခြင်းသည်​ လွယ်​ကူသည်​ဟုထင်​ရ​သော်​လည်း တစ်​ခါတစ်​ရံ အထင်​နှင့်​အမြင်​ လွဲ​နေတတ်​သည်​ကို ​တွေ့ရတတ်​သည်​။ ရှင်းရှင်းလင်းလင်း​ပြောရလျှင်​ စကား​ပြောခြင်းသည်​ ထင်​သ​လောက်​မလွယ်​ကူ​ပေ။ ဤတွင်​စာရှုသူက လွယ်​သည်​ဟု ငြင်းလာနိုင်​သည်​။ စာရှုသူ "စကား​ပြောတာ ပါးစပ်​က​လေးနဲ့ ​ပြောရတာ လွယ်​လွယ်​​လေး ဘယ်​မှာခက်​လို့လဲ" ဟု ငြင်းလာလျှင်​ စာ​ရေးသူမက အခြားသူများကလည်း လက်​ခံ​ပေလိမ့်​မည်​။ ဤတွင်​သတိပြုရမည်​မှာ ထင်​သ​လောက်​မလွယ်​​ကြောင်းတစ်​ခါတစ်​ရံ အ​တွေ့အကြုံများက စာ​ရေးသူအပါ အဝင်​အားလုံးကို လက်​ခံ​စေနိုင်​သည်​။ စကား​ပြောသည်​မှာလွယ်​သ​လောက်​ မိမိ​ပြော​သောစကားကို တစ်​ဖက်​သား နား​ထောင်​လိုသည့်​ စိတ်​ဆန္ဒဖြစ်​​ပေါ်လာ​အောင်​ ​ပြောနိုင်​ရန်​ခက်​ခဲ​ပေသည်​။ ​ပြောသူက မည်​မျှပင်​ အပင်​ပန်းခံ​ပြော​သော်​လည်း နား​ထောင်​သူက နား​ထောင်​လိုသည့်​ စိတ်​ဆန္ဒမရှိလျှင်​ နား​ထောင်​သူက ​ပြောသူ၏ စကားကိုပင်​ ဂရုမပြုမိဘဲ ဖြစ်​တတ်​သည်​။ တစ်​ခါတစ်​ရံ နားညီး​အောင်​​ပြော​နေသည်​ဟုပင်​ အထင်​ခံရတတ်​သည်​။ အခန့်​မသင့်​လျှင်​ ရန်​ဖြစ်​ရလိမ့်​မည်​။ ဤသည်​မှာ ​ပြော​သောအ​ကြောင်းအရာကို နား​ထောင်​လိုသည့်​ စိတ်​ဆန္ဒမရှိ​သော​ကြောင့်​ဖြစ်​သည်​။ ထိုအ​ခြေအ​နေမျိုးတွင်​ စကား​ပြောရသာ်​မှာ ထင်​သ​လောက်​မလွယ်​ကူ​သည်​ကို သိနားလည်​လာ​ပေလိမ့်​မည်​။ နား​ထောင်​သူ စိတ်​ဆန္ဒပါလာ​အောင်​ ​ပြောဆိုနိုင်​မှသာလျှင်​ စကား​ပြောသည်​မှာ လွယ်​ကူ​ပေမည်​။ အကျိုးရှိ​ပေမည်​။
နား​ထောင်​သူက နား​ထောင်​ရန်​စိတ်​ဆန္ဒရှိ​သော်​လည်း ​ပြော​သောအ​ကြောင်းအရာက စိတ်​ဝင်​စားဖွယ်​မ​ကောင်း လျှင်​လည်း ​စကားကို​ပြော​နေ​သော်​လည်း နား​ထောင်​သူအဖို့ အကျိုးမရှိဖြစ်​တတ်​သည်​။ နား​ထောင်​သူ စိတ်​ဝင်​စား​သော အ​ကြောင်းအရာမျိုး​ပြောနိုင်​လျှင်​ ​ပို၍​ကောင်းသည်​။ ​ပြော​သောအ​ကြောင်းအရာကလည်း အဓိပ္ပါယ်​ရှိရ​ပေမည်​။
IMG_20180118_212843.png
စကားကိုပုံမှန်​ သယငယ်​ချင်းများနှင့်​​ပြောဆိုရာတွင်​လွယ်​ကူ​သော်​လည်း လူအများနှင့်​​ပြောဆိုဆက်​ဆံရာတွင်​ အ​တွေ့အကြုံမရှိပါလျှင်​မူ ခက်​ခဲ​နေတတ်​သည်​။ စိတ်​က​ပြောချင်​​သော်​လည်း ရှိန်​ရှိန်​တိန်​တိန်​ ဖြစ်​​နေတတ်​သည်​။ သို့အတွက်​ ​လေ့ကျင့်​ရန်​လိုအပ်​​ပေသည်​။ အထူးသဖြင့်​ ​ဟော​ပြောပွဲမှာ ​ဟော​ပြောရာတွင်​ ပို၍ ခက်​ခဲတတ်​သည်​။ ​ဟော​ပြောပွဲတွင်​ လာ​ရောက်​နား​ထောင်​သူကလည်းများ​ပေသည်​။ ထိုအခါမျိုးတွင်​ တစ်​ခါမျှမ​ဟော​ပြောဖူးဖြစ်​ပါက ထိုသူ့အဖို့ စစ်​တိုက်​ရသည်​ထက်​ပင်​ ခက်​ခဲ​နေ​ပေလိမ့်​မည်​။ ​ဟော​ပြောရာတွင်​လည်း အစီစဉ်​ကျန​အောင်​ ​ဟော​ပြောနိုင်​ရန်​လည်း ​လေ့ကျင့်​ရသည်​။ ​ဟော​ပြောမည့်​ အ​ကြောင်းအရာနှင့်​ ​ဟော​ပြောချိန်​ကိုလည်း စီစဉ်​ကျန​အောင်​ ချိန်​ဆရသည်​။ ​ပြောလိုသည်​မှာ ၄၅မိနစ်​အတွင်းအပြီး ​​ပြောရမည့်​အ​ကြောင်းအရာကို ပြီးစီး​အောင်​​ပြောဆိုနိုင်​ရန်​။
IMG_20180118_212856.png
တည်​တည်​ငြိမ်​ငြိမ်​နှင့်​ သတ်​မှတ်​ချိန်​အတွင်း ​​ဟော​ပြော နိုင်​ရန်​အ​ရေးကြီး​ပေသည်​။ သို့အတွက်​ ​ဟော​ပြောမည့်​ အ​ကြောင်းအရာကို အစမ်း​လေ့ကျင့်​ထားရ​ပေမည်​။ သို့မဟုက်​မူ အစီအစဉ်​မကျ ဖြစ်​တတ်​သည်​။ ထိုအခါမျိုးတွင်​ စကား​ပြောခြင်းသည်​ ခက်​ခဲသည်​ကို စာရှုသူအ​ပေါင်း နားလည်​​လာ​ပေလိမ့်​မည်​။
IMG_20180118_212909.png

Photo credit google image

Written by @nyinyilwin

MSC 170

Sort:  

တစ်ခါ ပြောဖူးတယ် လူရှေ့ သူရှေ့မှာ
တော်တော် တိုင်ပတ်သွားတယ်ဗျာ

ကျွန်​​တော်​လည်း ဖြစ်​ဖူးတယ်​ ဒူးကိုတုန်​​နေတာပဲ

လူတွေ စိတ်ဝင်စားအောင် ဟောပြောတက်တာလည်း အရည်အချင်းတစ်ခုပါ

ဟုက်​တယ်​ဗျ

စာသင်ကျောင်းတွေမှာ presentation ဆိုတဲ့ အလေ့အကျင့်ကို ကျင့်သုံးသင်ကြားစေမယ်ဆိုရင် skill ပိုမြင့်လာမယ်ဗျ

ဟုက်​တယ်​ဗျ ဒါ​ပေမယ့်​ ကျင့်​သုံးတာမ​တွေ့ရသ​လောက်​ပဲ

အလွယ်ပြောရရင်တော့ နားဝင်အောင်ပြောတာပေါ့လေ

ဟုက်​ပါ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63126.02
ETH 2553.49
USDT 1.00
SBD 2.78