စကားအရာ ၂

in #myanmar7 years ago (edited)

Picture1513754526094.png
လူသားတိုင်းစကားကို ချိုသာစွာ ​ပြောရ​ပေမည်​။ စကားကို ချိုချိုသာသာ ​ပြောရာတွင်​လည်း မှန်​မှန်​ကန်​ကန်​လည်း လိုအပ်​​ပေသည်​။ မှန်​မှန်​ကန်​ကန်​ ​ပြောဆိုရာ
တွင်​လည်း တိုက်​ရိုက်​​ပြောသင့်​သည့်​ စကားကို တိုက်​ရိုက်​​ပြော၍ သွယ်​ဝိုက်​၍ ​ပြောသင့်​သည့်​စကားများကို သွယ်​ဝိုက်​၍ ​ပြောဆိုရန်​ အ​ရေးကြီး​ပေသည်​။ ထို့အပြင်​ စကား​ပြောရာတွင်​ ​ပြောသင့်​သည့်​စကား မ​ပြောသင့်​သည့်​စကားများကိုလည်း ကွဲပြားစွာ သိရ​ပေမည်​။ သိရန်​လည်းအ​ရေးကြီးသည်​။ ​ပြောသင့်​သည့်​စကား မ​ပြောသင့်​သည့်​စကားကို မသိခြင်း​ကြောင့်​ ဒုက္ခ​ရောက်​ တတ်​သည်​။ ​ပြောသင့်​သည့်​စကားကို မ​ပြောဘဲ ​နေခြင်း
လည်းမသင့်​ မ​ပြောသင့်​သည့်​စကားကို ​ပြောလျှင်​လည်း ကိုယ့်​​ပေါင်​ကို လှန်​​ထောင်းသလို ကိုယ်​ကိုတိုင်​ ပြသနာနှင့်​ ထိပ်​တိုက်​​တွေ့ရတတ်​သည်​။အ​ခြေအ​နေနှင့်​ အချိန်​အခါကိုလိုက်​၍ ​ပြောသင့်​သည်​ထင်​လျှင်
ချက်​ချင်း​ပြောလိုက်​ပါ။ မ​ပြောသင့်​သည့်​စကား ဖြစ်​ကာမူ မ​ပြောမိပါ​စေနဲ့။ မဖြစ်​မ​နေ ​ပြောရမည်​ဆိုလျှင်​လည်း တိုက်​ရိုက်​မ​ပြောဘဲ သွယ်​ဝိုက်​၍ ​ပြောခြင်းသည်​ ပို၍​ကောင်းသည်​။
IMG_20180115_074959.png

အချို့စကားများသည်​ ​ပြောရန်​သင့်​​သော်​လည်း အ​ခြေအ​နေနှင့်​ အချိန်​အခါရ ချက်​ချင်း
ပြောရန် မ​သင့်​​သေး​သော စကားများဖြစ်​​နေတတ်​သည်​ကိုဂရုပြုရ​ပေမည်​။ ဥပမာ- ​ကောင်​​လေးနှင့်​ ​ကောင်​မ​လေး ချစ်​သူနှစ်​​ယောက်​ ရန်​ဖြစ်​​လေသည်​။ 
ကောင်​မ​လေးကစိတ်​​ကောက်​သွားသည်​။ အ​ကြောင်း အရင်းက ​ကောင်​က​လေးက သူ့သူငယ်​ချင်း(မိန်းက​လေး) နဲ့ နှစ်​​ယောက်​သား မုန့်​ဆိုင်​အတူစား​နေသည်​ကို ​ကောင်​မ​လေးက မြင်​သွားကာ အထင်​လွဲပြီး ရန်​ဖြစ်​ စိတ်​​ကောက်​ခြင်းဖြစ်​သည်​။ ထိုအ​ခြေအ​နေမျိုးတွင်​ 
ကောင်​​လေးဘက်​က မည်​မျှပင်​ရှင်းပြ​သော်​လည်း
လက်​ခံလိမ့်​မည်​မဟုတ်​​ပေ။ လက်​ခံလျှင်​လည်း သံသယ စိတ်​ကကိုယ့်​​နောက်​ လိုက်​ပါ​နေ​ပေလိမ့်​မည်​။ ဤအ​ခြေအ​နေတွင်​ ​ပြောသင့်​သည့်​စကား ဖြစ်​​စေကာမူ တစ်​ခါတည်းမ​ပြောသင့်​​ပေ။ အချိန်​အတိုင်းအတာ တစ်​ခုထိယူ၍ ​အ​ခြေအ​နေ​ကောင်းပါမှ ​ကောင်းစွာ ​ပြောပါ​လေ။ သို့မှသာ ထိ​ရောက်​​ပေမည်​။
IMG_20180115_075015.png
စကားကို​ကောင်းမွန်​စွာ ​ပြောနိုင်​ရန်​ ​စာ​ကောင်းတစ်​ပုဒ်​ဖြစ်​ဖို့ စာတစ်​ပုဒ်​တွင်​ပါဝင်​ရမည့် စကားလုံးများကို ​ရွေးချယ်​အသုံးပြု ရသကဲ့သို့ စကားလုံးများကိုလည်း ​ရွေးချယ်​၍အသုံးပြုရန်​လည်း အ​ရေးကြီး​ပေသည်​။ ရှင်းရှင်း​ပြောရလျှင်​ စကားလုံးများ ​ရွေးချယ်​စီကာ ​ပြောရမည်​။ စာတစ်​လုံးသည်​ အ​ကြောင်းအရာ တစ်​ခုအတွက်​ အများကြီးထိ​ရောက်​​သော​ကြောင့်​ စကားလုံး တစ်​လုံးသည်​လည်း မိမိ​ပြောဆို​နေ​သော အ​ကြောင်း အရာအ​ပေါ် များစွာအကျိုးသက်​​ရောက်​မှု ရှိသည်​ကို သတိပြုသင့်​သည်​။ တစ်​ခါတစ်​ရံ အ​ကြောင်းအရာတစ်​မျုးတည်းကိုပင်​ အ​ခြေအ​နေကို လိုက်​၍ စကားလုံးကို ​ရွေးချယ်​အသုံးပြုရသည်​များရှိတတ်​သည်​။ ဥပမာ- အင်္ဂလိပ်​စကားလုံး Die ကို မြန်​မာလို​သေသည်​ဟု အဓိပ္ပါယ်​ရ​သော်​လည်း မြန်​မာမှုနယ်​ပယ်​တွင်​ ​သေတာခြင်းအတူတူကိုပင်​ လူပုဂ္ဂိုလ်​ကိုလိုက်​၍ စကားလုံး​ရွေးချယ်​၍ ​ပြောဆိုရသည်​။ မြန်​မာမှုနယ်​ပယ်​တွင်​ ​သေသည်​ကို လူသာမန်​ဆို ကွယ်​လွန်​သည်​၊
သံဃာဆို ပျံလွန်​​တော်​မူသည်၊ ရှင်​ဘုရင်​ဆို နတ်​ရွာစံ သည်​၊ ဘုရားရှင်​မူ ပရိနိဗ္ဗာန်​ပြု​တော်​မူသည်​ စသည်​ဖြင့်​ အ​ခြေအ​နေအရပ်​ရပ်​ကို မူတည်​၍ ​ရွေးချယ်​​ပြောဆိုရ သည်​။ သို့မဟုက်​မူ စကား​ပြောမတတ်​သူဟု မှတ်​ယူခံရတတ်​သည်​။ ထို့​ကြောင့်​စကားလုံးများကို ​ရွေးချယ်​အသုံးပြု​ပြောဆိုနိုင်​ရန်​ အားထုတ်​​စေချင်​သည်​။

IMG_20180110_091939.png
စကားလုံးများကို ​ရွေးချယ်​အသုံးပြုရန်​ အ​ရေးကြီးသည့်​ နည်းတူ မိမိ​ပြောဆိုမည့်​ စကားအ​ပေါ်လေယူ​​လေသိမ်း မှန်​မှန်​ အဖြတ်​အ​တောက်​မှန်​မှန်​ ​ပြောနိုင်​ရန်​လည်း အဓိကကြသည်​။ ​လေယူ​လေသိမ်းမှန်​မှန်​ဆိုရာတွင်​ စကား​ပြောသံ တိုးချင်းကျယ်​ခြင်းကို မဆို​ပေ။ သို့​သော်​ စကား​ပြောသံ အတိုးအကျယ်​သည်​လည်း အ​ရေးကြီး သည်​။စကားကို ဆွဲပြီး​ပြောမလား၊ ရတိပြတ်​ ​ပြောသင့်​လား ဘယ်​​နေရာကို ဘယ်​လို​လေး​ပြောလိုက်​မယ်​ စည်​ဖြင့်​ ​ပြောရမည်​။ အဖြတ်​အ​တောက်​မှန်​မှန်​ ​ပြောရန်​အတွက်​လည်း ​စာအုပ်​စာ​ပေများများဖတ်​ရှု၍ ​ပြောဆို​လေ့ကျင့်​ယူပါ​​လေ။ စကား​ပြောဆိုရာတွင်​ ဆိုလိုရင်းကို မ​ရောက်​ဘဲ တစ်​​ကွေ့တစ်​ပတ်​ကြီး ​ပြောဆိုမိခြင်းလည်း မဖြစ်​​စေရန်​ဂရုပြုသင့်​သည်​။ ​ပြောသင့်​တန်​​ပြော ဖြတ်​သင့်​တန်​ဖြတ်​သင့်​သည်​။ သို့မဟုက်​ပါမူ နား​ထောင်​သူက စိတ်​မရှည်​တ်​ ဖြစ်​တတ်​သည်​။ ဂရုပြုပါ​လေ။ စကားကိုတတ်​နိုင်​သ​လောက်​ ကြိုးစားပြီး​ကောင်းမွန်​စွာ ​ပြောပါ​။လူ့ရိပ်​လူ့ကဲကြည့်​ပြီးမှ ​ပြောလျှင်​သာ၍​ကောင်း သည်​။ စကား​ပြောခြင်းသည်​ လူ့အဖွဲ့အစည်း အတွက်​ အ​ရေးကြီး​သော လူမှု​ပေါင်းကူးတံတားဖြစ်​​ပေသည်​။
IMG_20180110_091835.png

ဆက်​ရန်​ရှိ​သေးသည်.. .............

Steemit myanmar အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ ........

Photo credit google image

Written by @nyinyilwin

MSC 170

Sort:  

အရေးအသားကောင်းပါတယ်ဗျ ညီလေးရေ ကြိုးစားထား

ကြိုးစား​နေပါတယ်

ဗဟုသုတရပါတယ်

ဟုက်​ကဲ့

မှန်​တယ်​ဗျို့...

မှန်​ဆို အမှန်​​တွေကိုးဗျ

ကျေးဇူးပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56949.15
ETH 2401.26
USDT 1.00
SBD 2.33