စိတ်ချမ်းမြေ့ဖွယ်ကမ္ဘာလေး
တစ်နေ့တစ်နေ့ လူသားတွေဟာ စားဝတ်နေရေး ပြေလည်စေရေး ကျန်းကျန်းမာမာ နေနိုင်ရေး အတွက်အမြဲတစေ ကြိုးစားအားထုတ်နေကြရပါတယ် ။
ဒီအချက်တွေ ပြည့်စုံရန်အတွက် အင်မတန်ခက်ခဲနေသုတွေ တစ်ပုံတစ်ပင်ကြီးပါ ပြည့်စုံသူတွေလည်း အများအပြား ရှိကြပါတယ် ။
ဒါကတော့ ကိုယ့်ရဲ့ ကံဉာဏ် ဝီရိယ ပေါ်မှာလည်း မူတည်နေကြောင်းလည်း အားလုံးသိပီးသားပါ။
ဖြစ်နိုင်ရင် လူသားအားလုံးဟာ အေးအေးလူလူ
မည်သည့်အလုပ်မှ မလုပ်ပဲ ချမ်းသာစွာနဲ့ နေချင်ကြသူတွေချည်းပါပဲ ။သို့သော် ဒီလိုဘဝမျိုး အပင်ပန်းမခံပဲ ဘယ်လိုလုပ်ရမလဲ အပင်ပန်းခံဖို့ လိုအပ်ပါတယ် ။
လူသားတွေဟာ နတ်ပြည်လို ဘာမှမလုပ်မလုပ်ရဘဲ
ချမ်းချမ်းသာသာနဲ့ နေချင်ကြသူတွေချည်းပါ ။
နတ်ပြည်က တကယ့်ကို ဆင်းရဲမှု မရှိ ချမ်းသာမှုတွေ ချည်းပဲ စုနေတဲ့ နေရာတစ်ခုဆိုရင်လည်းမမှားပေ။
ကျွန်တော်တို့ နတ်ပြည်ကို လူသားဘဝနဲ့ မရောက်နိုင်ပေမယ့် ရောက်ချင်ကြသူတွေ များကြပါတယ်
လက်ရှိဘဝ မှာလည်းစိတ်ကူးယဉ်မိကြပါလိမ့်မယ်။
တစ်ချို့လူတွကနတ်ပြည်မှာ မဟုက်ပေမယ့် နတ်ပြည်လို နေရာမျိုး မှာ နေနိုင်ကြသူတွေ ရှိနေကြပါပြီ။
လူသားတွေဟာ နတ်ပြည်လို့များပြောလိုက်လျှင်
တုသိတာနတ်ပြည် တာဝတိံသာလို နတ်သကြားတို့
နေထိုင်တဲ့ နေရာကိုသာ ပြေးမြင်မိမှာ အမှန်ဧကန်
မှန်းဆ၍ရသည်။ နတ်ပြည်ဟာ ကျွန်တော်တို့လို သာမန်လူတွေ မမြင်ရဘဲ စိတ်ကူးဖြင့်သာ ပုံဖော်ကြည့်ရှုလို့ ရသောနေရာဆိုတာ လူသာမန်တွေအားလုံး လက်ခံကြပါတယ်။ နတ်ပြည်ဟာ ချမ်းသာသုခတွေပဲ စုနေတဲ့နေရာဆိုရင်လည်း မမှားပါဘူး။ ကျွန်တော်တို့လို သာမန်လူတွေဟာ ချမ်းသာမှုကိုပဲ လိုလားကြတဲ့ သူတွေချည်း ပါပဲ။ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ နေချင်ကြတဲ့ လူတွေချည်းပဲလို့ပြောရင်လည်း လက်ခံကြပါတယ်။ ဘယ်သူကဆင်းရဲမှုကိုလိုလားမှာလည်းဗျ။ သာမန်လူအားလုံး
ကို နတ်ပြည်ကို ရောက်ဖူးချင်ကြလားလို့ မေးရင် လူတိုင်းရောက်ဖူးချင်တယ်လို့ ဖြေကြမှာ မလွဲမသွေပေ။
နတ်ပြည်မှာ နေချင်ကြလားလို့ မေးရင်လည်း လူတိုင်း
နေချင်တယ်လို့ဖြေကြမှာ မလွဲပေ။ သို့သော် နတ်ပြည်ဆိုတာမျိုးက သာမန်လူတွေ အသက်ရှင်ရက် လူသားဘဝနဲ့ သွားနေလို့ ရတဲ့ နေရာမှမဟုက်တာ ။
သာမန်ထက်ပိုတဲ့လူတွေတော့မပြောတတ်ဘူးပေါ့လေ☺
သာမန်လူသားတွေ နတ်ပြည်မှာ နေချင်ရင်တော့
မသေခင်ကုသိုလ်များများလုပ် တရားအားထုတ်ပေါ့ဗျာ။
ကျွန်တော်တို့သတိမထားမိလို့ပါ နတ်ပြည်နဲ့ တူတဲ့နေရာ တစ်နည်းအားဖြင့် နတ်ပြည်မှာ နေရသလိုစိတ်ခံစားချက်ရတဲ့နေရာ တစ်နေရာတော့ ရှိစမြဲပါ။
ဥပမာ-ကျွန်တော့်မြို့ပေါ့☺☺ ☺ ☺ ☺
ဟဲဟဲ ☺ စတာပါ ဥပမာပြောတာပါ
မရှိဘူးလို့တော့ မတွေးလိုက်ပါနဲ့
ကိုယ်နေလို့ကောင်းလို့ စိတ်ပျော်မွေ့တယ်ဆိုရင် အဲဒီနေရာကလည်း ကိုယ့်အတွက်တော့ နတ်ပြည်ပါပဲ ။
မေးစရာတော့ရှိလိမ့်မယ်ထင်တယ်
နတ်ပြည်မှာ နတ်သမီးတစ်ဖက်ငါးရာနဲ့ ဆိုပြီး လူတွေပြောကြပါလိမ့်မယ်။ လူ့ပြည်မှာဆို တစ်ယောက်တည်း
ဆိုပီးပြောကြအုံးမယ်။ဒါပေမယ့် မိတ်ဆွေခင်ဗျားစဉ်းစား ကြည့်လိုက်ပါ နတ်ပြည်မှာ နတ်သမီးများသလောက် ဘယ်နတ်သမီးကို ခင်ဗျား အချစ်ဆုံးလို့ ပြောနိုင်လည်း ။နတ်သမီးတွေက အပြိုင်အဆိုင်လှနေကြတာကိုးဗျ ☺ မိတ်ဆွေဘယ်ရွေးတတ်မလဲ ။
ဟောလူ့ပြည်မှာကြည့် မိတ်ဆွေမှာ ဇနီးမယားရှိရင် ဘယ်သူတွေဘယ်လောက်လှလှ ကိုယ့်ဇနီးသာ အချောဆုံးလို့ တွေးမှာပါ ။အဲလိုတွေးလို့သာ အိမ်ထောင်ပြု ကြတာပေါ့ ဇနီးတစ်ယောက်တည်းဆိုတော့ တစ်ယောက်တည်းကိုပဲ စုပြီးချစ်လို့ရတာပေါ့ ။ကိုယ်က စုပြီးချစ်ရင် သူကလည်းအသည်းခိုက်အောင် ချစ်မှာပါပဲ
အဲလိုအချစ်တွေစုမိရင်တော့ သာယာတဲ့အိမ်ထောင်ရေး တစ်ခုပေါ့ အိမ်ထောင်ရေးသာယာမှတော့ စိတ်ချမ်း သာပြီပေါ့ဗျာ။စကားလေးတွေ တီတီတာတာ ပြောတတ်တဲ့ သားသားမီးမီး လေးတွေရှိလာရင် ပိုကောင်းတာပေါ့
နတ်ပြည်မှာ စည်းစိမ်တွက်လဲပူစရာမလိုဘူး☺ ဟုက်တာပေါ့ဗျာ ရတဲ့စည်းစိမ်က လူ့ပြည်မှာ လုပ်ထားတဲ့ ကုသိုလ်အလျောက် ရတာပေါ့။
အဲဒီကုသိုလ်တွေက လူ့ဘဝရတုန်း လုပ်ရတာလေ။
မိတ်ဆွေသာ ကုသိုလ်တွေပြုဖို့ စည်းစိမ်တွေများများ ရှာရင် ရှာတဲ့အတွက် အကျိုးအများကြီးရတာပါ့။
ရတဲ့စည်းစိမ်ရွှေငွေ တွေကို ကုသိုလ်ပြုမယ် ဆိုရင် နောက်ဘဝတင်မက ဒီဘဝမှာတင် အကျိုးများစေတယ်။
စည်းစိမ်တွေကို ကုသိုလ်အပြင် မိမိရဲ့ မိသားစု အတွက် စားဝတ်နေရေးကိုလည်း ပြေလည်စေဖို့လည်း ဖြေရှင်း
ရန်အတွက်အသုံးပြုနိုင်တယ် ။မိသားစုရဲ့ စားဝတ်နေရေးပြေလည်ရေးကလည်း အဓိကကျတယ်မလား
စားဝတ်နေရေးပြေလည်ရင် လူတိုင်းစိတ်ချမ်းသာ
ကြတာပဲလေ စိတ်ချမ်းသာရင် ကိုယ့်အတွက် နတ်ပြည်မှာနေရသလို ဖြစ်နေမှာပါ။
။
ဒါ့အပြင် ကိုယ်လိုချင်သည့် ကမ္ဘာလေး တစ်ခုဖြစ်ဖို့ ကျွန်တော်တို့ နေထိုင်ရာ နေရာဒေသ ပတ်ဝန်းကျင် ကလည်းအရေးကြီးတယ်ဗျ
တကယ်လို့သာ ကိုယ်ရောက်နေတဲ့နေရာဒေသဟာ
ကိုယ့်အတွက် စိတ်ပျော်ရွှင်တဲ့ နေရာဒေသ မဟုက်ရင်ဖြင့် လုပ်သမျှဟာ သဲထဲရေသွန်ဖြစ်နေအုံးမှာပဲ✌
ရှင်းရှင်းပြောရရင် နေရာဒေသကြောင့် စိတ်မပျော်မရွှင်ဖြစ်ရရင် ကိုယ့်အတွက် မကောင်းဘူးပေါ့ဗျာ
ဒါကြောင့် မိတ်ဆွေသာ အဲ့ဒီနေရာ မပျော်ရွှင်ဘူးဆိုရင် ကိုယ်ပျော်ရွှင်မဲ့ နေရာတစ်ခုကို ရှာပြီး နေကြည့်လိုက်ပါ ပိုပြီးအကျိုးများပါလိမ့်မယ်
ကျွန်တော်ပြောချင်တာကတော့ လူ့ရဲ့ စိတ်ကသာ အဓိကကြပါတယ် စိတ်ချမ်းမြေ့ဖွယ် ကမ္ဘာလေး
တစ်ခုကို မိမိတို့ဘာသာ တည်ဆောက်ရယူရမှာ
ကိုယ်ဘာသာတည်ဆောက်မှသာ ပျော်ရွှင်ချမ်းမြေ့မှု ရဲ့
အသီးအပွင့်တွေကိုခံစားရမှာပါ♕
အားလုံးကြိုးစားပြီး တည်ဆောက်ကြပါ
စိတ်ချမ်းမြေ့ဖွယ် ကမ္ဘာလေး
ပိုင်ဆိုင်နိုင်ကြပါစေ
မှတ်ချက်။ ။သာမန်လူလို့သုံးခြင်းဟာ အရိယာပုဂ္ဂိုလ်
တွေနဲ့ကွဲပြားစေဖို့ပါ တစ်နည်းအားဖြင့်
ပါရမီ ရင့်သန်သူတွေနဲ့ကွဲပြားစေရင်
ကုသိုလ်ပြုမှုမှာ အထွတ်ထိပ်ရောက်
သူများနှင့်ကွဲပြားစေရန် သုံးခြင်းဖြစ်
ပါသည်။
အားလုံးကို ကျေးဇူးတင်လျက်
All thanks
Written by➳ ➳ @nyinyilwin
Credit: @nyinyilwin
MSC-170
..
စာတွေသေချာမမြင်ရဘူးဖုန်းနဲ့ဆိုတော့ ရုံးကျဖတ်ကြည့်မယ်ခုတော့vote ခဲ့တယ် မန့်ခဲ့တယ်နော်
ကျေးဇူးပါဗျ
ရေကြည်ရာ မျက်နုရာပေါ့ နေတက်ရင်ကမ္ဘာကြီးကပျော်စရာကြီးပါ
သေချာတာပဗျ
ကိုချစ်တဲ့ သူက အလှဆုံးပါ ။ ကို ဖြစ်စေချင်တဲ့ ဆန္ဒ တွေ ပြည့်တယ် ဆိုရင် ဘယ်နေရာပဲ ဖြစ်ဖြစ် ပျော်ရွှင်စရာကောင်းပါတယ။
ဟုက်ကဲ့ဗျ ဆန္ဒတွေက ဒီထက်များကြမှာပါ
Good post.
Thanks
Vote ပေးသွားသည်။
ဟုက်ကဲ့ဗျ
ဆရာ့နတ်ပြည်လေူ နောက်တော့ steem တွေများများရမှ လာလည်ပါအုံးမယ်ဗျာ
ကြိုဆိုလျက်ပါဗျ
ဘယ်မြို့ကလဲ...လာလည်မလို့
အရာတော်မြို့
ဝိုး မိုက်တယ်ဗျာ
ဒေသ ရွေးတတ်ရမယ်ပေါ့
ဟုက်ကဲ့ဗျ
ကောင်းမွန်ပါတယ်ဗျာ ကိုယ့်နဲ့သင့်တော်ရာ နေရာမှာနေထိုင်ခြင်းကအင်မတန်လိုအပ်လှတယ်လို့လည်းထင်မိပါတယ်ဗျာ
ဟုက်ပါတယ်ဗျ
ကဲ ကိုယ်မှာရှိတဲ့ Vote power လေးကိုဒါနပြုခဲ့ပါပြီဗျာ၊ ပရနိမ္မိတဝဿဝတီ လောက်တော့ခေါ်ကွာ။
သာဓုဗျာ