နိုင်ငံ၏အသက်တစ်ချောင်း(သို့)ယဉ်ကျေးမှု
စကြ၀ဠာအသင်္ချေများစွာထဲက နေစကြဝဠာအဖွဲ့အ စည်းအတွင်းတွင် ပါဝင်သည့် ကမ္ဘာမြေပေါ်တွင် သက်ရှိအမျိုးမျိုးနေထိုင်ကြသည်။ သက်ရှိများစွာအနက်မှ အသိဥာဏ်အရှိဆုံးဖြစ်သည့် လူသားတွေမှာလည်း နေရာဒေသအလိုက် နိုင်ငံအလိုက် လူမျိုးများစွာ ကွဲပြားလျက်ရှိပေသည်။ မြန်မာနိုင်ငံအတွင်းမှာပင် လူမျိုးပေါင်း ၁၃၅မျိုးရှိကြောင်း မှတ်တမ်းများအရ သိရှိပြီးဖြစ်ပေမည်။ မည်သို့ပင်ဆိုစေကာမူ လူမျိုးများ
ပေါင်းများစွာ ကမ္ဘာပေါ်တွင် နေထိုင်နေကြသည်။ နိုင်ငံ များစွာရှိသည့်အတွက် လူမျိုးပေါင်းလည်း များပြား ပေသည်။ ထိုသို့လူမျိုးများစွာအနက်မှ ယေဘုယျ ခြုံပြီးမှ တစ်နိုင်ငံတွင် လူမျိုးတစ်မျိုးကို အထင်ကရ ပြောကြပြန်သည်။ ဥပမာ- တရုတ်နိုင်ငံတွင် လူမျိုး အမျိုးမျိုးရှိပေသည်။ သို့သော် အခြားနိုင်ငံများက ကြည့်လျှင် လူမျိုးမည်မျှပင် ကွဲစေကာမူ တရုတ်လူမျိုးဟူ၍သာ နိုင်ငံကိုလိုက်၍ သတ်မှတ်လေ့ရှိကြ သည်။
မြန်မာနိုင်ငံသူ နိုင်ငံသားများကိုလည်း အခြားသော နိုင်ငံများက မြန်မာနိုင်ငံသားများ ဟူ၍သာ သတ်မှတ်လေ့ရှိကြသည်။ နိုင်ငံ လူမျိုး ကွဲပြားခြားနားသကဲ့သို့. နိုင်ငံတိုင်းတွင် ကျင့်သုံးကြသည့် ယဉ်ကျေးမှုများ သည်လည်းကွဲပြားခြားနားကြပြန်သည်။ နိုင်ငံချင်းထိစပ်သော်လည်း ယဉ်ကျေးမှု တူမည်ဟု မဆိုနိုင်ပါ။ ကွဲပြားခြားနားနေသည်သာ ဖြစ်ပေသည်။
ယဉ်ကျေးမှုဟုဆိုရာတွင် အကြောင်းအရာအမျိုးမျိုး ပါဝင်နေသည်။ ကိုးကွယ်ယုံကြည်မှုဘာသာတရား
ဝတ်စားဆင်ယင်မှု၊ ပြောဆိုဆက်ဆံမှု ဘာသာစကား၊ နေရာဒေသအလိုက် ကျင့်သုံးသည့် ဓလေ့ထုံးတမ်း အစဉ်အလာ စသည်ဖြင့် ယဉ်ကျေးမှု အမျိုးမျိုးရှိပေသည်။ ယဉ်ကျေးမှု အမျိုးမျိုးရှိသော်လည်း ယဉ်ကျေးမှုတိုင်း သည်နိုင်ငံ တစ်နိုင်ငံ၏ အသက်သွေးကြော ဖြစ်ပေသည်။
ယဉ်ကျေးမှု သည် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံ၏ အသက်ပင်ဖြစ်ပေသည်။ ယဉ်ကျေးမှုပျောက်ဆုံးလျှင် လူမျိုးတုံးပေမည်။ "မြေမြိုလို့လူမျိုးမတုံး ယဉ်ကျေးမှု မြိုမှလူမျိုးတုံးမည်"ဟု ဖတ်ရှုမှတ်သား ရပေသည်။ နိုင်ငံတစ်နိုင်ငံ၏ အသက်သည် ယဉ်ကျေးမှု အပေါ်မှီတည်နေသည်။ ယဉ်ကျေးမှု ပျောက်ဆုံးခြင်းသည် လူတစ်ယောက်၏ ခေါင်းကိုဖြတ်လိုက်သလို နိုင်ငံ၏ ခေါင်းကို ဖြတ်လိုက်သည်နှင့်တူပေသည်။ နိုင်ငံတစ်နိုင်သည် အခြားနိုင်ငံမှ ယဉ်ကျေးမှုကို အတုယူကျင်သုံးပါက ပထမဦးစွာမိမိနိုင်ငံ၏ ယဉ်ကျေးမှုနှင့် ရောယှက်ပေမည်။ နောက်တွင်ယဉ်ကျေးမှုများ ရှုပ်ထွေးလာပေမည်။ နောက်ဆုံးတွင် မိမိနိုင်ငံ၏ ယဉ်ကျေးမှုကိုပင် မေ့ပျောက်ကာ အခြားသော နိုင်ငံများ၏ ယဉ်ကျေးမှုသာ ကျန်ရှိသည့် အခြေအနေသို့ ရောက်ပေတော့မည်။
ယဉ်ကျေးမှု ပျောက်ဆုံးသည့်အတွက် ထိုနိုင်ငံတွင် နေထိုင်ကြသော်လည်း လူမျိုးအမည်နာနည် ခံ၍သာ နေထိုင်ကြသော လူ့အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပေမည်။ အမှန်စင်စစ် ထိုနိုင်ငံ၏ လူမျိုးမမည်ထိုက်တော့ပေ။ အခြားသော နိုင်ငံများ၏ ယဉ်ကျေးမှုကိုသာကျင့်သုံးနေသည့်အတွက် အခြားသောနိုင်ငံများ၏ လူမျိုးတစ်ရပ်ဟုပင် မှတ်ယူသင့်သည်။ ယဉ်ကျေးမှုဝါးမျိုးခံရခြင်း သည်နိုင်ငံကို သိမ်းပိုက်ခြင်းခံသည်နှင့် တူပေသည်။
အတိတ်သမိုင်းအခါများက နိုင်ငံအချင်းချင်း စစ်မက်ပြုကာ သိမ်းယူကြသည်။ သိမ်းယူပြီးလျှင် သိမ်းယူသည့် နိုင်ငံများက မိမိတို့၏ ယဉ်ကျေးမှု ပျံ့နှံ့ရေးကို အလေးပေးဆောင်ရွက်ကြသည်။ သို့မှသာ ထိုနိုင်ငံလွတ်လပ်ရေး ရသော်လည်း အရှုံးမရှိစေဘဲ မိမိတို့ယဉ်ကျေးမှု ပြန့်ပွားစေရန် ဆောင်ရွက်ကြခြင်းဖြစ်ပေသည်။ အနီးစပ်ဆုံးပြောရလျှင် မြန်မာနိုင်ငံ တောင်ပေါ်ဒေသများတွင် ကိုလိုနီ၏ အကြွင်းအကျန် ယဉ်ကျေူမှုများ မပျက်မစီး တည်ရှိနေဆဲပင် ဖြစ်ပေသည်။
ယဉ်ကျေးမှုသည် ထိန်း သိမ်းရန်ခက်သလောက် ပျက်စီးရန်လွယ်ကူလှသည်။ အခြားမဆိုထားနှင့် ဝတ်စားဆင်ယင်မှု ဆိုသည့် ယဉ်ကျေးမှု တစ်ခုတည်းကိုပင် ထိန်းသိမ်းနိုင်စွမ်း အားနဲ ကြသည်ကိုတွေ့ရသည်။ ဥပမာ- အခြားနိုင်ငံများမှ ဝတ်စားဆင်ယင်မှုကို အတုခိုးကာ မြန်မာတွေ၏ ကျက်သရေ မင်္ဂလာရှိသည့် ဝတ်စားဆင်ယင်မှု လျော့နည်းလာ သည်။ လူအများက ခေတ်နှင့်အညီ ပြောင်းလဲသင့်သည်ဟုဆိုကြလိမ့်မည်။ မပြောင်းလဲသင့်ဟုမဆိုလိုပါ။ ပြောင်းလဲပါ။ သို့သော် မိမိတို့ယဉ်ကျေးမှု ပျောက်အောင်ထိတော့ မပြောင်းလဲမိစေရန် သတိပြုပါ။ အရှင်းဆုံးပြောရလျှင် အနောက်နိုင်ငံ များက ရုပ်ရှင်တွေကိုကြည့်ပြီး မြန်မာမိန်းကလေးများ အတုခိုးယူကြသည်ကို တွေ့နေရသည်။ မြန်မာမိန်းကလေးဟူသည် လုံလုံခြုံခြုံ ဝတ်စားဆင်ယင်ရပေမည်။
မြန်မာမိန်းကလေးများသည် ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှု ကိုထိန်းသိမ်းရမည်။ သို့မှသာ မြန်မာ့ အမျိုးသမီးကောင်းများဖြစ်ပေမည်။ ဝတ်စားဆင်ယင်မှုသည် အရေးကြီးသည်။ အထူးသဖြင့် နိုင်ငံ၏ ပြယုတ်တစ်ခု ဖြစ်သည်။ နိုင်ငံ၏ အသက်သည် ယဉ်ကျေးမှု ဖြစ်သည်ကို သတိပြု၍ ထိန်းသိမ်းကြစေချင်သည်။
Photo credit facebook and google image
Written by @nyinyilwin
MSC 170
ခေတ်ရေစီးကြောင်းအတိုင်းလိုက်ပါပြောင်းလဲကြမည်သာ
ပြောင်းလဲတာတော့ကောင်းပါတယ် ထိန်းသိမ်းသင့်တာလည်းထိန်းသိမ်းရမည်သာ
ယဉ်ကျေးမှု့ပျောက်ရင် လူမျိုးလည်းပျောက်မယ်
အသေအချာပဲဗျ
ခေတ်ကိုက ယိုသူမရှက် မြင်သူရှက် ခေတ်ဖြစ်နေပြီ တတ်နိုင်သလောက်တော့ သတိပေးကြရတာပေါ့
တင်ပါ့ဘုရား
မှတ်သား ထိန်းသိမ်းစရာပါ
ကောင်းတယ်ဗျာ
ကျေးဇူးပါ
နိုင်ငံမှာ ယဉ်ကျေးမှု က လည်းအရေးပါတယ်ဗျ
အရေးပါဆုံး
မှတ်သားစရာပါ မောင်လေးရေ
ကျေးဇူးပါ အမ
ထိမ်းသိမ်းစောင့်ရှောက်သင့်ပါတယ်...
မဖြစ်မနေထိန်းသိမ်းသင့်တာပေါ့
ကို့ယဉ်ကျေးမှုကိုထိန်းသင့်ပါတယ်ဗျာ
ဟုက်တယ်
ယဉ်ကျေးမှုများဟာ ပေါင်းကူးဆက်စပ်တဲ့ သဘောရှိတဲ့အတွက် အထူးဂရုစိုက် ထိန်သိမ်းသင့်ပါတယ်။
ဟုက်တယ်အကို
စည်းကမ်းဟူသည်လူ့တန်ဖိုး
မှန်ပဗျာ