မိတ်​​ဆွေ Or သူငယ်​ချင်း

in #myanmar6 years ago

image
သက်​ရှိသတ္တဝါမှန်​သမျှ ​မွေးဖွားပြီး တစ်​​နေ့​သေဆုံးကြ မည်​မှာဧကန်​ပင်​။ သတ္တဝါဟူသမျ ​သေဆုံးမည့်​အချိန်​ သို့တနည်း သက်​တမ်းကုန်​မည့်​အချိန်​​ရောက်​မှသာ ​သေဆုံးကြရသည်​သာဖြစ်​၏။ ​သက်​တမ်းကုန်​ဆုံး​သော်​လည်း ​သေရမည့်​ကံမပါဘဲ ကံ​ကောင်း​သေးပါက မ​သေဆုံး​သေးပဲ အသက်​ရှင်​ကြရသည်​။ ​အချို့မူ သက်​တမ်းမကုန်​​သေးပဲ ​ကောင်းကံကုန်​၍ ​သေဆုံးကြရသည်​။ သို့အတွက်​ သက်​တမ်းလည်းမကုန်​ ကံလည်းမကုန်​​သေးသ၍ လူသားတို့အသက်​ရှင်​​နေထိုင်​ကြရသည်​။ အသက်​ရှင်​​နေခိုက်​ လူမှု့​ရေးရာအဖြာဖြာကို ​ဆောင်​ရွက်​ကြရသည်​။ လူ့ဘဝ​ကောင်းစွာ ရပ်​တည်​ရှင်​သန်​ရန်​အတွက်​ ကိစ္စ​ရေးရာအဖြာဖြာကို အ​ကောင်းဆုံး​ဆောင်​ရွက်​ကြ​ပေသည်​။ မိသားစု၏ စား​ဝတ်​​နေ​ရေး ​ပြေလည်​​ရေးအတွက်​ လုပ်​ငန်းကိစ္စအဝဝကို ​လုပ်​​ဆောင်​ကြသည်​။ စားဝတ်​​နေ​ရေး ​ပြေလည်​​စေရုံမျှသာမက အဆင့်​အတန်းမြင့်​မြင့်​​နေနိုင်​ရန်​အတွက်​ ကြိုးစားအားထုတ်​​နေကြသူများမှာရည်​မှန်းချက်​​ကောင်းလှ​ပေသည်​။
image

မိသားစု၏ ကိစ္စအဝဝကို ​ပြေလည်​​အောင်​​ဖြေရှင်း​နေရုံနှင့်​မပြီး။ အခြားသူများ၏ ကိစ္စများကိုလည်း တတ်​စွမ်းသမျှ​ဖြေရှင်း​ပေးကြရ​ပေမည်​။ လူဆိုသည်​မှာ တစ်​ဦးတစ်​​ယောက်​တည်း တစ်​မိသားစုတည်း ရပ်​တည်​၍မ​ရ​ပေ။ အများနှင့်​အတူတူ ​နေထိုင်​ကြရ​ပေသည်​။ သို့မှသာ လူသားဆန်​​သောလူတစ်​ဦးဖြစ်​​ပေမည်​။ တစ်​ဦးတစ်​​ယောက်​တည်း သီးသန့်​​နေ၍ ရ​ကောင်းရနိုင်​သည်​။ ရပ်​တည်၍ရလျင်​လည်း တစ်​ရာမှာတစ်​​ယောက်​သာဖြစ်​​ပေလိမ့်​မည်​။ လူအများကမူ တစ်​ဦးတစ်​​ယောက်​တည်းမ​နေလိုကြ​ပေ။ ​နေရန်​ခက်​ခဲ​သော​ကြောင့်​ဖြစ်​​သည်​။ လူအများနှင့်​ဆက်​ဆံ​နေထိုင်​ကြရသည်​။ တစ်​နည်းဆိုရပါမူ ပတ်​ဝန်းကျင်​နှင့်​ဆက်​ဆံ​နေကြရသည်​သာဖြစ်​သည်​။ လူသားတိုင်းပတ်​ဝန်းကျင်​နှင့်​မကင်း​နိုင်​​ပေ။ ပတ်​ဝန်းကျင်​မှလူများ မိမိအ​ပေါ်မည်​သို့မည်​ပုံ ​သ​ဘောထားကြသည်​ကို အခြားသူများထံမှသိကြရသည်​။ အခြားသူများထံမှဆိုရာတွင်​ အနီးစပ်​ဆုံး မိမိ၏ မိတ်​​ဆွေဟု​ခေါ်သည့်​ သူငယ်​ချင်းများထံမှတစ်​ဆင့်​ကြားသိရ​ပေသည်​။ ထို့အပြင်​ မိမိကို မချစ်​မနှစ်​သက်​​သောသူများ ထံမှလည်းသိရသည်​။

image

မိတ်​​ဆွေသာမက မိမိကိုမနှစ်​​သက်​​သောသူများထံမှ လည်းမိမိ၏ သတင်းကိုကြားသိရ​ပေသည်​။ ဤ​နေရာတွင်​ ကွဲပြားချက်​အနည်းငယ်​ရှိသည်​။ မိတ်​​ဆွေ မပီသသည့်​သူများကလည်း မိတ်​​ဆွေ​ယောင်​​ဆောင်​ကာ မိမိအနားတွင်​ ရှိ​နေတတ်​ကြသည်​။ သတိထားပါ​လေ။ မိတ်​​ဆွေ​ယောင်​သည်​ မိမိကိုမနှစ်​သက်​​သောသူဟု ဆို၍ရနိုင်​သည်​။ မိမိသတင်းသာမက အခြား​သော အ​ကြောင်းအရာများကိုလည်း နားစွင့်​ထားသင့်​သည်​။ အ​ကြောင်းအရာများထဲမှ အချို့အ​ကြောင်းအရာများကို မိတ်​​ဆွေသူငယ်​ချင်းများနှင့်​အတူ ဖြစ်​နိုင်​လား၊ မဖြစ်​နိုင်​ဘူးလားဆိုသည်​ကို အ​ဖြေရှာသင့်​သည်​။ မိတ်​​ဆွေသူငယ်​ချင်းသည်​ အ​ကောင်းဆုံးတိုင်​ပင်​​ဖော်​ တိုင်​ပင်​ဖက်​ပင်​ဖြစ်​သည်​။ လုပ်​ငန်​များကို ​ဆောင်​ရွက်​​တော့မည်​ဆိုလျင်​လည်း မိမိ၏ သူငယ်​ချင်းများနှင့်​တိုင်​ပင်​သင့်​သည်​။ သူတို့၏ အထင်​အမြင်​နှင့်​ အ​တွေ့အကြုံတို့ကို ယူ၍ ​ဆောင်​ရွက်​လျင်​ လုပ်​ငန်းပို၍ ​အောင်​မြင်​​ပေလိမ့်​မည်​။ မိတ်​​ဆွေသူငယ်​ချင်းများနှင့်​ လုပ်​ငန်းကိစ္စကို တိုင်​ပင်​မည်​ဆိုပါကလည်း မိတ်​​ဆွေအားလုံးနှင့်​တိုင်​ပင်​ပါ​လေ။ သို့ရာတွင်​ မိမိ​ဆောင်​ရွက်​မည့်​ လုပ်​ငန်းနှင့်​ရင်းနီးသူ အ​တွေ့အကြုံရှိသူ၏ အကြံဥာဏ်ကို ဦးစား​ပေး​၍ အကြံဥာဏ်​ယူသင့်​သည်​။သူငယ်​ချင်း၏ အကြံဥာဏ်ကို အ​လေးထားသလို သူငယ်​ချင်းကိုလည်း မိမိဘဝကဲ့သို့ တန်​ဖိုးထားသင့်​သည်​။

image

မိတ်​​ဆွေစစ်​၏ အကြံဥာဏ်​ကိုယူ၍ ​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​နိုင်​ပါက ​ဆောင်​ရွက်​သူသာမက အကြံဥာဏ်​​ပေးသည့်​ သူငယ်​ချင်းများကပါ ဝိုင်း၍ ​ပျော်​ရွှင်​ကြ​ပေမည်​။ မိမိလုပ်​ငန်း​အောင်​မြင်​ပါကလည်း သူငယ်​ချင်းများကို ပြုစုသင့်​သည်​။ မိမိအသိစိတ်​နှင့်​​ဆောင်​ရွက်​ပါ​လေ။ မိမိ​အောင်​မြင်​​စေရန်​ အကြံ​ပေးသူများ၏ ​ကျေးဇူးများကိုလည်း မ​မေ့ပါနှင့်​ တစ်​ချိန်​ချိန်​မှာ ပြန်​ဆပ်​ပါ​လေ။ မိတ်​​ဆွေသူငယ်​ချင်းများက သူတို့၏ အကြံ ဥာဏ်​အတွက်​ မိမိထံမှမည်​သည်​ကိုမျှ ​မျှော်​လင့်​ထားမည်​မဟုက်​​ပေ။ သို့အတွက်​ မိမိကူညီနိုင်​သည်​များရှိခဲ့​သော်​ ချက်​ချင်းပြန်​၍ ကူညီလိုက်​ပါ။ မိမိ၏ အလုပ်​ကိုသာအာရုံစိုက်​မ​နေပါနှင့်​။ မိတ်​​ဆွေများ၏ လုပ်​ငန်းများ​ပေါ်တွင်​လည်း စိတ်​ဝင်​စားသင့်​သည်​။ သို့မှသာ မိတ်​​ဆွေသူငယ်​ချင်းမှ မိမိအကူလိုသည်​မလိုသည်​ကို သိရ​ပေမည်​။ တစ်​ခါတစ်​ရံ သူငယ်​ချင်းများက အကူအညီလို​သော်​လည်း အားနာ၍မ​တောင်းပဲ ​နေတတ်​သည်​။ ထိုအချိန်​မျိုးတွင်​ မိမိသည်​ သူငယ်​ချင်း၏ လုပ်​ငန်းအ​ပေါ် စိတ်​ဝင်​စားမှု ​လေ့လာ​နေမှုရှိပါက အကူအညီကို သူမ​တောင်းပဲ အလိုက်​သင့်​​ပေးနိုင်​​ပေမည်​။ မိတ်​​ဆွေ၊သူငယ်​ချင်းနှင့်​ လက်​တွဲကြာရှည်​ရန်​ သူငယ်​ချင်း၏ လုပ်​ငန်းအ​ပေါ် စိတ်​ဝင်​စားမှုရှိခြင်း သို့မဟုက်​ ​လေ့လာသုံးသပ်​​၍ အကူအညီ​ပေးခြင်းသည်​ အ​ရေးကြီး​သောအချက်​ပင်​ဖြစ်​သည်​။ ဤအချက်​ကို လူအများက ဂရုမပြုကြ​ပေ။ မိမိမှ​ပေးလိုက်​​သော အကူအညီသည်​ မည်​မျှပင်​​သေးငယ်​​သော်​လည်း ကူညီခံရ​သောမိတ်​​ဆွေသူငယ်​ချင်းအတွက်​ ခွန်​အားဖြစ်​​စေနိုင်​သည်​။ မိမိအ​ပေါ်ကို ပို၍ အ​လေးထားလာမည်​ဖြစ်​​ပေသည်​။

image

Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ

Photo credit by google image

Written by @nyinyilwin

MSC 170

Sort:  

စာလေးတွေကောင်းတယ်ညီရေ

ကျေးဇူးပါ bro

တဦးနဲ့တဦး အပြန်အလှန်ကူညီရင်း မိတ်ဆွေကောင်းတွေပီသအောင်နေထိုင်သွားနိုင်ရင်ကောင်းတာပေါ့ဗျာ...

ဟုက်​တယ်​ဗျ

မိတ်ဆွေကောင်းတစ်ယောက်ရဖို့ ဆိုတာ တကယ်ခက်ပါတယ်

မှန်​ပါ့ဘုရား

ရှိပြီးသား မိတ်​​ဆွေ​ကောင်း​တွေ မဆုံးရှုံးဖို့လည်း ကြိုးစားပါ့မယ်​ အစ်​ကို​ရေ

ဟုက်​ကဲ့

အ​ရေးအသား​တွေတိုးတက်​လာပြီ 😃

ဟဲဟဲ ​ကျေးဇူး

သူငယ်ချင်းအပေါ်ထားရှိအပ်သော စိတ်စေတနာလေးပါ

ထားရှိဖို့လိုအပ်​​နေကြတယ်

good post လေးပါရှင့်

ကျေးဇူးပါ

သူငယ်ချင်းကောင်းရင်ဆွမျိုးထက်ကောင်းတယ်ညီလေးရေ။

ဟုက်​တယ်​ဗျ

မိတ်​​ဆွေ​ကောင်း အ​ရေးလဲ​ကောင်း

ကျေးဇူးပါ ဘဘ

တကယ်တော့ ရှားပါးလာပါပြီ ရှာလို့ကိုမတွေ့နိုင်တော့လောက်အောင်ပဲ

ခေတ်​ကာလက ပိုဆိုးလာတယ်

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 66492.65
ETH 3309.61
USDT 1.00
SBD 2.72