မိတ်​​ဆွေ or သူငယ်​ချင်း ၂

in #myanmar7 years ago

image

သူသူငါငါ​နေ့စဉ်​အလုပ်​များနှင့်​ရုန်းကန်​လှုပ်​ရှားရင်​ ဘဝကို ရှင်​သန်​​နေကြရသည်​။ တစ်​နည်း​ပြောရမူ ခက်​ခက်​ခဲခဲ အသက်​​မွေးမှုပြုကာ အသက်​ရှင်​​နေကြရသည်​။ လူ​ပေါင်းများစွာထဲမှ အနည်း​ငယ်​​သော လူအချို့သာ ​ရှေးကုသိုလ်​ကံ​တွေ​ကြောင့်​ ဘဝကို အခက်​အခဲနဲနဲနှင့်​ ရှင်​သန်​ကြ​ရသည်​။ လူအများစုတွင်​ပါဝင်​သည့်​လူများက ဘဝ​ရှေ့​ရေးကို ​တွေးကာ စိတ်​ပူ​နေတတ်​သည့်​သူများ က များလှ​ပေသည်​။ ဘယ်​အချိန်​မှာ ​သေမလဲ။ ဘယ်​အချိန်​မှာ ငတ်​မလဲ။ ဘယ်​အချိန်​မှာ ပတ်​ဝန်းကျင်​က လက်​ညှိုးထိုးမှာလဲ။ ဘယ်​အချိန်​မှာ သူငယ်​ချင်း​တွေက ကိုယ့်​ကိုစွန့်​ခွာကြမှာလဲ စသည်​ဖြင့်​​တွေးပူကာ အ​ရေးတယူပြု​နေကြရ​ပေသည်​။ လူ့စိတ်​ဆိုသည်​ကလည်း ​ပြောရခက်​သား။ တစ်​ခါတစ်​ရံ အ​ကြောင်းအရာ မဖြစ်​စ​လောက်​​လေးက လူ့ဘဝတစ်​ခုလုံးကို အမြစ်​က​နေနှုတ်​ယူ ခံ​နေရ​ပေသည်​။ လူ့ဘဝကြီးရ​နေသ​ရွေ့ ကိစ္စအများအ ပြားကိုလည်းရင်​ဆိုင်​​ထိ​တွေ့​နေရမှန်​ပင်​ဖြစ်​သည်​။ ​ရှောင်​​ပြေး၍ ရ​သော်​လည်း ပြစ်​ပယ်​၍မရ​သော ကိစ္စများ ကလည်း ​ပေါများလှ​ပေသည်​။

image

ကိစ္စများကလည်း​ပေါများသည်​နှင့်​အတူ လူမှု​အသိုင်း အဝိုင်းပတ်​ဝန်းကျင်​မှ လူများနှင့်​လည်း ​နေ့စဉ်​နှင့်​မျှ ထိ​တွေ့ဆက်​ဆံ​နေကြရသည်​။ မိတ်​​ဆွေလည်းရှိသလို ရန်​သူလည်းရှိ​ပေမည်​။ ရန်​သူများကို​တော့ သတိထား၍ ဆက်​ဆံပါ​လေ။ မည်​သို့ဖြစ်​​စေကာမူ ပတ်​ဝန်းကျင်​မှာ မိတ်​​ဆွေသူငယ်​ချင်း ရှိ​ပေသည်​။ မိတ်​​ဆွေ​ကောင်းဖြစ်​လျှင်​ ထိုသူ့အ​ပေါ်ပို၍အ​လေးသင့်​သည်​။ ထိုသူ၏ လုပ်​ငန်းများကိုလည်း သတိချပ်​၍ ဂရုပြု​ပေးရမည်​။ ထိုမျှနှင့်​မပြီး သူ၏လုပ်​ငန်းများတွင်​ တစ်​ဖက်​တစ်​လမ်းမှပါဝင်​နိုင်​လျှင်​ ပို၍သင့်​​လျော်​​ပေသည်​။ သူငယ်​ချင်း၏ လုပ်​ငန်းများတွင်​ ပါဝင်​နိုင်​လျှင်​ မိမိ​ပေး​သောအကြံကို လည်းသူငယ်​ချင်းမှ အ​ရေးထား၍ ​ဆောင်​ရွက်​​ပေမည်​။ မိမိနှင့်​လည်းဆက်​ဆံ​ရေးပို၍ ​ပြေလည်​​ပေမည်​။ လုပ်​ငန်​များတွင်​ ပါဝင်​နိုင်​ရုံနှင့်​မပြီး​သေး အခြား​သောမည်​သည့်​လုပ်​ငန်းများ ဆက်​၍လုပ်​လျင်​​ကောင်းမည်​၊ မည်​သို့လုပ်​ကြမည်​ စသည့်​အကြံဥာဏ်​များကိုလည်း​ပေး သင့်​သည်​။ ထိုမျှမက အခွင့်​အလမ်းတစ်​ရပ်​ရှိလျင်​လည်း သူငယ်​ချင်းနှင့်​အတူ​ဆောင်​ရွက်​နိုင်​ပါမူ ပို၍ ထိ​ရောက်​​ပေမည်​။ အခွင့်​အလမ်းကို သူငယ်​ချင်းနှင့်​အတူ အသုံးချ ရမည်​ဖြစ်​​ပေသည်​။
image

လုပ်​ငန်း၏သ​ဘောတရားအရ မိတ်​​ဆွေသူငယ်​ချင်း ဖြစ်​​သော်​လည်း သူ့အ​ပေါ်​လေး​လေးစားစား ဆက်​ဆံရမည်​။ သူငယ်​ချင်းက မိမိ၏အပြုအမူကို အမြဲလိုလို​လေ့လာ​နေ​ပေလိမ့်​မည်​။ သို့အတွက်​မိမိ၏အပြုအမူများက သူငယ်​ချင်းကို စိတ်​မပျက်​သွားမိ​စေရန်​သတိပြု၍ ဆင်​ခြင်​ရ​ပေမည်​။ မိမိ၏အပြုအမူသည်​ သူငယ်​ချင်းအတွက်​ အတုယူနိုင်​​လောက်​​သောအပြုအမူဖြစ်​သင့်​သည်​။ ထိုသို့မဖြစ်​နိုင်​​လျှင်​​သော်​လည်း မိမိ၏ အပြုအမူသည်​ သငယ်​ချင်းအတွက်​ စိတ်​ပျက်​ဖွယ်​​ကောင်း​သော အပြုအမူမဖြစ်​​စေရန်​ သူငယ်​ချင်ူနှင့်​​တွေဆုံတိုင်း အမြဲသတိပြု၍ ဆင်​ခြင်​ရ​ပေမည်​။ တစ်​ခါတစ်​ရံ မိမိ၏ အပြုအမူကို မိမိသတိမ​ထားမိ​သော်​လည်း သူငယ်​ချင်းဖြစ်​သူကမူ သတိပြု​နေလိမ့်​မည်​ဆိုသည်​ကို သတိပြုပါ​လေ။
image

သူငယ်​ချင်းနှင့်​​တွေဆုံသည့်​အခါတွင်​မက တစ်​​ယောက်​တည်းရှိ​သောအချိန်​များတွင်​လည်း အပြုအမူကို ​လေ့ကျင့်​ယူရ​ပေမည်​။ သူငယ်​ချင်းသည်​ ဘဝအတွက်​အား​ဆေးတစ်​ခွက်​ပင်​ဖြစ်​သည်​။ ​ဆေးဟူသည်​ ​ကောင်းကျိုး​ပေးသည့်​​ဆေးဖြစ်​ကာမူ ​ကောင်းကျိုးပို၍တိုး​ပေမည်​။ ထို့အတူ မိတ်​​ဆွေ​ကောင်းဟူသည်​ မိမိကိုပို၍ ​ကောင်းမွန်​​သော အခွင့်​အလမ်းကို ဖန်​တီး​ပေးနိုင်​​သော သူတစ်​​ယောက်​ပင်​ဖြစ်​​ပေသည်​။ သို့​သော်​ ​ဆေးဖြစ်​​လျင်​ပင်​မှ ​ဆေးကိုမည်​သို့မည်​ပုံ အသုံးပြုရသည်​၊ မည်​ကဲ့သို့အသုံးပြုရမည်​၊ မည်​သည့်​အတွက်​အသုံးပြုရမည်​ ​​ဆေး၏အာနိသင်​ကမည်​သို့ဖြစ်​သည်​၊ ​ဆေး၏​ကောင်းကျိုးဆိုးကျိုးများက မည်​သို့ရှိသည်​ စသည်​ဖြင့်​​ဆေး၏ အခြင်းအရာများကို သိရန်​အ​ရေးကြီးသည်​။ သို့မဟုတ်​လျင်​ ​ဆေး၏အကျိုးအာနိသင်​ကို ရရှိမည်​မဟုက်​​ပေ။ သူငယ်​ချင်း၏ စိတ်​​နေစိတ်​ထားကိုလည်း သိရန်​အ​ရေးကြီးသည်​။သူငယ်​ချင်းစိတ်​ကို သိရှိခြင်းသည်​ သူငယ်​ချင်းကို မိမိအ​ပေါ်​ကောင်းမွန်​​အောင်​ဆောင်​ရွက်​ရာ တွင်​အဓိကကြသည်​။ သူငယ်​ချင်း၏ စိတ်​​နေစိတ်​ထားကိုသိလျင်​ လုပ်​ငန်းလုပ်​ရာတွင်​ အဆင်​​ပြေရုံမျှမက အကူအညီလိုအပ်​၍​တောင်းလျင်​လည်း လွယ်​ကူ​ချော​မွေ့​ပေလိမ့်​မည်​။ သူငယ်​ချင်း၏စိတ်​ကိုကြည့်​၍ မည်​ကဲ့သို့ ဆက်​ဆံပြုမူရမည်​ကို သိလာ​ပေလိမ့်​မည်​။ သူငယ်​ချင်းဆက်​ဆံ​ရေးအတွက်​ အဓိကကျ​သော အချက်​ပင်​ဖြစ်​သည်​။ သို့အတွက်​ သူငယ်​ချင်း၏ စိတ်​သ​ဘောထားကို တတ်​နိုင်​သမျှ ​လေ့လာကြပါကုန်​။
image

Myanmar steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာကြပါ​စေ

Photo credit by google image

Written by @nyinyilwin

MSC 170

Sort:  

ဖတ်​​ကောင်းတဲ့ပို့စ်​​လေးဗျာ

ဟုက်​ကဲ့ပါ ဘဘ

မိတ်ဆွေကောငါးဆိုတာဘဝမှာမရှိမဖြစ်လိုအပ်တာပါပဲ အစ်ကိုကြီးညီညီလွင်ရေ။အားပေးသွားပ့တယ်ခင်ဗျာ။

အစ်​ကို ​တော့မလုပ်​ပါနဲ့ ညီ​လေးပဲထားပါ

ရင်​ဘတ်​ခြင်းနီးတဲ့ မိတ်​​ဆွေ​တွေ မျာူများရပါ​စေ အစ်​ကို​ရေ

ပေးတဲ့ဆုကိုရရပါ​စေ

သူငယ်ချင်းကောင်းရင် မောင်နှမ အရင်းထက်ပင် သာပါတက်

ဟုက်​တယ်​မမ

သူငယ်​ချင်း ​ကောင်း​တွေတကယ်​လိုအပ်​တာပါbro

လိုအပ်​​နေဆဲ

လိုအပ်​ဆဲ

သူငယ်ချင်းကောင်းဆိုတာ ရှိတော့ရှိတယ် ရှားတယ်

မှန်​ပါ့ဘုရား

Steemit မှာ ၀င်ရောက်လုပ်ကိုင်တာ မိတ်ဆွေတွေတိုးရပါတယ်

မှန်​တယ်​ဗျ

ကိုယ့်အပေါ် အနွံ့တာခံတဲ့ သူငယ်ချင်းကောင်းဆိုရင် တသက်တာအတွက် ခင်မင်မှုခိုင်မြဲအောင် ကြံဆောင်ထားသင့်ပါတယ်

ရေရှည်​အတွက်​​ပေါ့

တစ်ယောက်တည်းနေလို့မရတော့
မိတ်ဆွေတော့လိုတယ် မိတ်ဆွေစစ်ပေါ့

မှန်​သပဗျာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.029
BTC 56688.84
ETH 2388.88
USDT 1.00
SBD 2.28