လိုအင်

in #myanmar6 years ago

image

ကမ္ဘာကြီးဟာ ကြီးမားပြီးကျယ်​ပြန့်​လှပါတယ်​။ ကြီးမား သည့်​ကမ္ဘာကြီးမှာ သတ္တဝါမျိုးစုံ​နေထိုင်​ရှင်​သန်​​နေကြ​ပေသည်​။ သတ္တဝါဆိုသည့်​အထဲမှာ လူသား​တွေနှင့်​ တိရစ္ဆာန်​ မျိုးစုံပါဝင်​ကြ​ပေသည်​။ ထို​အပြင်​ သတ္တဝါ​တွေအပြင်​ အပင်​များလည်း ​ပေါက်​ရောက်​ရှင်​သန်​​နေကြ ​ပေသည်​။ သတ္တဝါ​တွေထဲမှာဖြင့်​ လူတို့မှာ အသိဥာဏ်​ရှိဆုံး​သော သတ္တဝါပင်​ဖြစ်​​ပေသည်​။ အခြားသတ္တဝါများ မှာ အသိဥာဏ်​မရှိသ​လောက်​ကိုနည်းပါးလှ​ပေသည်​။ လူသားများဟာဖြင့်​ အသိဥာဏ်​ရှိသလို ဆင်​ခြင်​ဥာဏ်​နှင့်​ဂရုဏာတရားရှိ​သော သတ္တဝါဖြစ်​​ပေသည်​။ လူသားများက အခြား​သောသတ္တဝါများကို ​စေခိုင်းနိုင်​စွမ်းနှင့်​ အသုံးချနိုင်​စွမ်းရှိ​သော သူပင်​ဖြစ်​​ပေသည်​။ အခြား​သော သတ္တဝါ​တွေ မည်​မျှပင်​ခန္ဓာကိုယ်​ပင်​ ကြီး​မား​သောသတ္တဝါပင်​ဖြစ်​​စေ၊ ​သေးငယ်​​သောသတ္တဝါပင်​ ဖြစ်​​စေ အသိဥာဏ်​ကဖြင့်​ လူသားတို့အသိဥာဏ်​ကို မှီမည်​မဟုက်​​ပေ။ ဥပမာ- ခန္ဓာကိုယ်​ကြီးမား​သော ဆင်​သည်​ အင်​အားမည်​မျှပင်​ကြီးမားပါ​စေ လူတို့၏​စေခိုင်းခြင်းကိုသာ ခံရ​ပေသည်​။

image

ဥာဏ်​အင်​အားကို အသုံးပြုပြီး လူသားများက သတ္တဝါများကို မိမိတို့အကျိုးစီးပွားအတွက်​ ​စေခိုင်းနိုင်​စွမ်းရှိကြ​ပေသည်​။ ထိုမျှမက လူသားများက ဥာဏ်​အင်​အားကို အသုံးပြုပြီး တစ်​စစ အင်​အားကြီးမားလာကြ​ပေသည်​။ လူတို့၏ လုပ်​နိုင်​စွမ်းက ခန့်​မှန်း၍မရ​အောင်​ ကြီးမားပါ​ပေသည်​။ တိုးတက်​လာ​သော နည်းပညာရပ်​များကလည်းအင်​မတန်​ ​ကောင်းမွန်​​သောပညာရပ်​များဖြစ်​​လာ​ပေသည်​။ ပညာရပ်​များတိုးတက်​လာ​သောလည်း လူတို့၏ လိုအင်​ဆန္ဒများက တဖြည်းဖြည်း ကြီးမားလာ​ပေသည်​။ လိုအင်​နှင့်​လိုအပ်​ချက်​များကလည်း ကုန်​ဆုံး၍မသွားပဲ တစ်​စစတိုး၍သာ လာ​ပေသည်​။ ​ခေတ်​ပညာရပ်​များကလည်း တိုးတက်​လာသည်​နှင့်​အမျှ လူတို့၏ လိုအင်​ဆန္ဒများကလည်း အ​တောမသတ်​နိုင်​​အောင်​ကြီးမားကျယ်​ပြန့်​လာ​ပေသည်​။ လူတို့၏လိုအင်​ဆန္ဒသည်​ ပြည့်​စုံသည်​ဟူ၍မရှိ​ပေ။ လိုအင်​ကြီးမားလာသည်​ကများ​ပေသည်​။ကြီးမားသည့်​ လိုအင်​များကိုဖြည့်​ဆည်းရန်​အတွက်​ လူ​တွေက ကြိုးစားရပြန်​သည်​။

image

လူတို့၏ လိုအင်​ဆန္ဒများက များပြားလှ​သော​ကြောင့်​ ဖြည့်​ဆည်းရန်​အတွက်​လည်း များပြား​သော အရင်းအမြစ်​များကို သုံးစွဲ​နေကြ​ပေသည်​။ လိုအင်​များတွင်​ စားဝတ်​​နေ​ရေး ​ပြေလည်​​စေ​ရေးအတွက်​သာမက အခြား​သော လိုအင်​များကလည်းကြီးမားလျက်​ရှိ​ပေသည်​။ လူမှုဆက်​ဆံ​ရေးလိုအင်​ကလည်း ရှိသည့်​အတွက်​ ထိုလိုအင်​ကို ပြည့်​ရန်​အတွက်​ မိမိကိုယ်​တိုင်​ ​ဆောင်​ရွက်​ရ​ပေသည်​။ အခြားမည်​သူကမျှ ​​ဆောင်​ရွက်​​သော်​လည်း မရနိုင်​​ပေ။ ယ​နေ့​ခေတ်​တွင်​ လူမှုဆက်​ဆံ​ရေးကို သိပ်​၍အ​လေးထားမှုနည်းပါးလာသည်​ကို​တွေ့ရ​ပေသည်​။ အမှန်​တကယ်​လည်း ​လောကတွင်​ဖြစ်​ပျက်​လျက်​ရှိ​ပေသည်​။ အထူးသဖြင့်​ မြို့ပြနှင့်​မြို့ကြီးများတွင်​ အဓိက​တွေ့​နေရသည်​။ အချို့ကဖြင့်​ လူမှုဆက်​ဆံ​ရေးကို​တောင်​ ဘာမှန်းမသိ​သောသူများက များ၍လာ​ပေသည်​။ ​ကျေးလက်​​ဒေသများက​တော့ မြို့များ​လောက်​​တော့မဟုက်​​ပေ။ ​ကျေးလက်​​ဒေသများ တွင်​ယခုအချိန်​ထိ အလှူအတန်းများတွင်​ ဝိုင်းဝန်းကူညီ ​ဆောင်​ရွက်​ ​နေကြ​ဆဲဖြစ်​​ပေသည်​။ မြို့ကြီးများမဆိုထား နှင့်​မြို့ပြ​လေး​တွေမှာဖြင့်​ ထိုကဲ့သို့မဟုက်​​တော့​ပေ။ ကိစ္စအဝဝကို အခ​ကြေး​ငွေနှင့်​သာ ​ဆောင်​ရွက်ကြရ​တော့သည်​။

image

လူအများစုက လူမှုဆက်​ဆံ​ရေးကို အ​လေးထားကြ သည်​။ အချို့က​တော့ အ​လေးမထား​ပေ။ နည်းပညာများတိုးတက်​လာသည်​နှင့်​အတူ လူမှုဆက်​ဆံ​ရေးက ထင်​သလိုမဟုက်​ဘဲ တဖြည်းဖြည်း ဆုတ်​​လျော့၍သာလာ​ပေသည်​။ ​ခေတ်​နည်းပညာ​တွေ တိုးတက်​လာသဖြင့်​ နည်းပညာများးကို အသုံးချပြီး လကမ္ဘာ​ပေါ်ထိသွား​ရောက်​နိုင်​​သော်​လည်း မိမိအိမ်​​ဘေးတွင်​ရှိ​သော အိမ်​နီးချင်းက မည်​သူမည်​ဝါ​တောင်​ မသိ​တော့​ပေ။ ဂရု​တောင်​မစိုက်​​တော့​ပေ။ social media ကိုအသုံးပြု၍ ဆက်​သွယ်​ဆက်​ဆံမှုရကာ social media ​ပေါ်သူငယ်​ချင်းများစွာရှိ​သော်​လည်း လက်​​တွေ့မိမိပတ်​ဝန်းကျင်​မှာဖြင့်​ သူငယ်​ချင်းဆိုသဖြင့်​ လက်​ချိုးယူ၍ မပြည့်​​သောသူငယ်​ချင်းမျှသာရှိ​ပေသည်​။ အခြား​သောကိစ္စများကိုမဆိုထားနှင့်​ သူငယ်​ချင်း​​ကောင်းတစ်​​ယောက်​မျှပင်​ ရရန်​ခက်​ခဲ​သော ​ခေတ်​ဖြစ်​​နေ​ပေသည်​။ သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ရရန်​အဖို့ အလွန့်​အလွန်​ ခက်​ခဲ​သော ကိစ္စတစ်​ရပ်​ဖြစ်​လာ​ပေသည်​။ သူငယ်​ချင်း​ကောင်းတစ်​​ယောက်​ရရန်​အတွက်​ လူမှုဆက်​ဆံ​ရေးက အ​ရေးကြီး​သော အရာဖြစ်​​ပေသည်​။ သို့​ကြောင့်​ လူဖြစ်​လာလျင်​ လူမှုဆက်​ဆံ​ရေး​ကောင်းမွန်​​သော လူတစ်​​ယောက်​ဖြစ်​ရန်​ ကြိုးစားသင့်​​ပေသည်​။

image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာပါ​စေ။

Photo credit google and fcebook image

Author @nyinyilwin

MSC 170

Sort:  

ကျေးလက်​​ဒေသများ တွင်​ယခုအချိန်​ထိ အလှူအတန်းများတွင်​ ဝိုင်းဝန်းကူညီ ​ဆောင်​ရွက်​ ​နေကြ​ဆဲဖြစ်​​ပေသည်​။ မြို့ကြီးများမဆိုထား နှင့်​မြို့ပြ​လေး​တွေမှာဖြင့်​ ထိုကဲ့သို့မဟုက်​​တော့​ပေ။
ဟုတ်​တယ်​ဗျို့ အစစအရာရာ ​ငွေ​ပေးခိုင်း​နေရပြီ။

ဟုက်​တယ်​​ဗျ

လူငယ်​​တေအတွက်​အကျိုးရှိခွန်​အားဖြစ်​​စေမယ့်​​ဆောင်းပါး​ကောင်း​လေးပါbro

ဟုက်​​ကျေးဇူးပါ

လူမှုဆက်​ဆံ​ရေးဆိုတာ တစ်​ကယ့်​ကိုအ​ရေးပါတဲ့အရာတစ်​ခုပါပဲ

လူ​မူ​ရေးကအဓိကလို့ဆိုလိုတာသိပ်​မှန်​ပါတယ်

လောဘတွေ လိုအင်တွေ များလွန်းရင် လူမှုဆက်ဆံရေးက ပျက်ကရောပဲ။ ကိုယ်ချင်းစားစိတ်လေးနဲ့ နေထိုင်မှဗျ။

ဟုက်​တယ်

Thanks မမ

မှန်ပါတယ် သူငယ်ချင်းကောင်း ဆိုတာ တကယ်ရှားပါး တယ်။

ခု​ခေတ်​ပိုလို့ရှားသဗျ

လူမူ့ဆက်ဆံရေးကောင်းရင် အကုန်အဆင်ပြေတယ်

အောင်မြင်မှုရရှိဖို့ဆို လူမှုဆက်ဆံရေးကောင်းမွန်ဖို့လည်းလိုတာပေါ့..

မှန်​တာ​ပေါ့bro

မှန်၏ စစ်မှန်သောသူငယ်ချင်းဆိုတာ အလွန်ရှားလှပါသည်

ဟုက်​တယ်​bro

Coin Marketplace

STEEM 0.32
TRX 0.11
JST 0.034
BTC 66269.58
ETH 3204.67
USDT 1.00
SBD 4.24