က​လေးများအတွက်​ အန္တရာယ်​အချို့

in #myanmar6 years ago

Picture1513754526094.png
လူသားအားလုံး ​မွေးသည်​မှစ၍ ​နောက်​ဆုံးအချိန်​ထိ အသက်​ရှင်​​နေထိုင်​ကြရသည်​။ လူတို့၏ဘဝအစ အ​စောပိုင်းကာလသည်​ လူ့ဘဝအတွက်​ အ​ရေးပါဆုံးဖြစ်​သည်​မှာ သိရှိကြပြီးဖြစ်​​ပေမည်​။ သို့အတွက်​ လူကြီးမိဘ များက ထိုမျှတမျှအ​ရေးကြီးလှ​သော က​လေးများကို ​စောင့်​​ရှောက်​ရ​ပေမည်​။ က​လေးများကို ​ကောင်းမွန်​​သော လမ်းညွှန်​မှုကိုသာ ​ပေးရမည်​မှန်​​သော်​လည်း တစ်​ခါတစ်​ရံ လိုအပ်​သည့်​ ​စောက်​​ရှောက်​မှုကို ​ပေးရန်​​မေ့​လျော့​နေသည်​ကို ​တွေ့​နေရသည်​။ ​ခေတ်​ကာလအရ သင်​ယူရသည့်​ပညာရပ်​များကလည်း များပြားလှ​ပေသည်​။ ပညာရပ်​များ​အ​ပေါ်အ​ခြေခံ၍ လူတို့ကလည်း တီထွင်​ကြံဆလာကြ​ပေသည်​။ ထိုတီထွင်​မှုများကို အသုံးချ၍ လူတို့သည်​ စားဝတ်​​နေ​ရေးကို​ဖြေရှင်းကြသည်​။ ထိုမျှမက လူတို့၏ လိုအပ်​ဆန္ဒသည်​ မ​ရေမတွက်​နိုင်​​အောင်​ များပြားလှသည့်​အတွက်​ ဆန္ဒများပြည့်​ဝ​ရေး အတွက်​နည်းပညာများကို အသုံးကြလာကြသည်​။
နည်းပညာများကို ဆက်​သွယ်​​ရေး သတင်းပြန်​ကြား​ရေး ကျန်းမာ​ရေး စသည့်​ကိစ္စရပ်​များ၌ အများအပြားအသုံး ပြုလာကြသည်​။ သို့အတွက်​ ​ကောင်းကျိုးများရသလို မထင်​မှတ်​သည့်​ ဆိုးကျိုးများနှင့်​ ကြုံ​တွေ့ရတတ်​သည်​။
IMG_20180125_000044.png

ယ​နေ့​ခေတ်​သည်​ IT​ခေတ်​လို့​ခေါ်သည့်​ ​ခေတ်​ဆို၍ လူများကသတ်​မှတ်​ကြသည်​ကို​တွေ့ရသည်​။ Information and Technology ဆိုသည့်​အတိုင်း ဆက်​သွယ်​​ရေးကဏ္ဍသည်​ လူသားတို့အတွက်​ အ​ရေးပါသည့်​ ကဏ္ဍတစ်​ရပ်​ ဖြစ်​လာသည်​။ ယခင်​က ​ရေဒီယို​ခေတ်​မှ တဖြည်းဖြည်း ​ပြောင်းလဲလာ၍ လူအများ ဆက်​သွယ်​အသုံးပြုလာသည့်​ Hand Phone များ အဆင့်​ထိ တိုးတက်​လာ​ပေသည်​။ လူတိုင်း၏လက်​တွင်​ပင်​ ဖုန်းများသုံးဆွဲ ​နေကြသည်​။ မသုံးဆွဲသူဟူ၍ မ​တွေ့ရ​သ​လောက်​ပင်​။ ​ခေတ်​ကာလအရ ဖုန်းများကို သုံးဆွဲ​နေကြ​သော်​လည်း အချို့​သောမိဘများသည်​ မိမိတို့၏ က​လေးများကို မငို​အောင်၊ ငြိမ်ငြိမ်​​နေ​စေရန်​ ဆို၍ က​လေးများ၏ အသက်​အရွယ်​နှင့်​မလိုက်​​အောင်​ ဖုန်းများကို က​လေးများ၏ လက်​သို့ထည့်​၍ သုံးဆွဲ​နေ​စေသည်​ကို ပတ်​ဝန်းကျင်​တွင်​ ​နေ့စဉ်​နှင့်​ အမျှ​တွေ့​နေကြရသည်​။ အခြားမဆိုထားနှင့်​ စာဖတ်​သူပင်
က​လေးရှိပါက ထိုကဲ့သို့ပြုလုပ်​​နေမည်​လားဟု ​တွေးဆမိသည်​။ ☺ ☺ ☺ စတာဘာ☺ ☺ ☺ ။ မိဘများက အလုပ်​နှင့်​လုံးပန်း​နေရ၍ ထိုကဲ့သို့ ပြုလုပ်​​နေကြသည်​ဟု ယူဆမိပါသည်​။ သို့တ​စေ မည်​မျှပင်​ အလုပ်​များ​သော်​လည်း ထိုကဲ့သို့ မပြုလုပ်​သင့်​ပါဟု ယူဆမိပါသည်​။
IMG_20180125_000208.png
မိဘများအလုပ်​များ​စေကာမူဖုန်းသုံးဆွဲမှုကိုက​လေးများ သုံးဆွဲမှုကို​လျော့ချသင့်​သည်​။ ဖုန်းသည်​ က​လေးများမဆိုထားဘိနှင့်​ လူကြီးလူရွယ်​ အသက်​ကြီးသူ များပင်​ အန္တရာယ်​ အကြီးမားဆုံး​ပေးတတ်​သည်​။ ဖုန်း ကိုအလွန်​အကျွံ သုံးဆွဲမိခြင်း​ကြောင့်​ မျက်​စိမ​ကောင်း​တော့သူများ အများအပြားပင်​ရှိ​ပေသည်​။ မျက်​မှန်​တပ်​ရသူအများလည်း ​ပေါလာသည်​။ အချို့ဆို မျက်​စိ ကွယ်​သည်​အထိပင်​ ဖြစ်​ကြသည်​ကို ​တွေ့ရသည်​။ လူကြီးများ ဖြစ်​သည်​ပင်​ ဖုန်းသုံးဆွဲမှုများပါက မျက်​စိကွယ်​သည်​အထိ အန္တရာယ်​များလှသည်​။ လူကြီးများ၏ မျက်​စိ သည်​ဆဲလ်​များဖွံ့ဖြိုးပြီးဖြစ်​သည်​။ လူကြီးများ၏ မျက်​စိ ဆဲလ်​များသည်​ အ​တော်​သည်​ပင်​ ခံနိုင်​ရည်​စွမ်း ရှိကြသည်​။ ထိုသို့ခံနိုင်​ရည်​ အ​တော်​အသင့်​ရှိ​သော မျက်​စိပင်​ အန္တရယ်​ဖြစ်​ကာမူ မျက်​စိ ဆဲလ်​များ ဖွံ့ဖြိုးစ နုနယ်​လှ​သော က​လေးများ၏ မျက်​စိဆဲလ်​များသည်​ မည်​သို့ခံနိုင်​ရည်​ ရှိပါလိမ့်​မည်နည်း။ ​တွေးဆကြည့်​ပါ။
နောင်​တစ်​ချိန်​ အသက်​က​လေးငယ်​ငယ်​နှင့်​ မျက်​မှန်​ ကြီးကြီးတပ်​ရ​သော က​လေးများဖြစ်​လာ​ပေမည်​။ သတိပြုပါ​လေ။
IMG_20180125_000137.png
က​လေးများ မျက်​စိအန္တရယ်​ ဖြစ်​သည်​မှာ အ​သေးဆုံး အန္တရာယ်​ဖြစ်​သည်​။ လွန်​ခဲ့​သော ရက်​များစွာက. သတင်းတစ်​ပုဒ်​ကို မထင်​မှတ်​ဘဲ ဖတ်​မိသည်​။ သတင်း ကလူငယ်​​လေးတစ်​​ယောက်​ ဖုန်းသုံးဆွဲရာက​နေ ဖုန်းက သုံးတာများ​တော့ အပူလွန်​ကဲပြီး ​ပေါက်ကွဲကာ လက်​တစ်​ဖက်​လုံး ပျက်​စီးသွားသည်​။ ထိုလူငယ်​​လေးဆို ဒုက္ခိတဘဝ​ရောက်​ရ​ပေသည်​။ ဤသည်​မှာ ဖုန်း၏ ဆိုးကျိုးပင်​တည်း။
IMG_20180125_000223.png

နောက်​သတင်းတစ်​ပုဒ်​တွင်​ ဖုန်းကို ဗိုက်​​ပေါ်တင်​အိပ်​ကာ မနက်​​ရောက်​၍ ​သေဆုံး​နေသည်​ကို ​တွေ့ရသည်​ဟူ၍ ဖတ်​ရသည်​။ ဖုန်း​ကြောင့်​အသက်​ဆုံးရ​သော ဖြစ်​ရပ်​ပင်​တည်း။ ဖုန်း​ကြောင့်​ မီး​လောင်​​သောဖြစ်​ရပ်​များကလည်း ​နေ့စဉ်​နှင့်​မျှ ကြားသိ​နေရသည်​။ ဖုန်းတွင်​ ဆင်းကဒ်​တပ်​ဆင်​အသုံးပြုပါက ဖုန်းမှထွက်​လာသည့်​ ​ရေဒီယိုလှိုင်းများက လူတို့၏ ဦး​နှောက်​ကို အကြီးအကျယ်​ အန္တရယ်​​ပေးလှသည်​။
IMG_20180125_000255.png
ထိုမျှတမျှ အန္တရယ်​များပြား​သော ဖုန်းကို လူကြီးများက က​လေးများကို တတ်​နိုင်​သမျှ မသုံးဆွဲ​စေရန်​ သတိထား၍ ​ဆောင်​ရွက်​ပါ​လေ။ က​လေးများကို အခြား​သောနည်းလမ်းများနှင့်​သာ ​ချော့မြူပါလို့ အကြံ​ပေးလိုက်​ပါသည်​။ က​လေးများ၏ ဘဝ သာယာချမ်း​မြေ့ပါ​စေ​ကြောင်း ဆုမွန်​​ကောင်း​တောင်းအပ်​ပါသည်​။
IMG_20180125_000153.png

Myanmar steemit မိသားစုအားလုံး ကျန်းမာချမ်းသာပါ​စေ။

Photo credit google image

Written by @nyinyilwin

MSC 170

Sort:  

Grate post , thanks for your advice.
I really like it , Bro !

ဟုတ်​တယ်​bro ဖုန်းကက​လေး​တွေအတွက်​ အန္တရယ်​ရှိပါတယ်​ ​ကျေးဇူးပါပဲ

ဟုက်​တယ်​ဗျ မ​ပေါ့ဆသင့်​ပါ

မှန်​ပါတယ်​ဗျာ

ဟုက်

သတိပြု ဆင်ခြင်သင့်ပါတယ်..
good post bro..

ဟုက်​ကဲ့ပါ

မှန်ပါတယ်ဗျာ တချို့ တချို့သော မိဘတွေ ကလေးဘငိမ်တယ်ဆိုပြီ လွှတ်ထားပေးတတ်ကြပါတယ် အန္တရယ်တွေပါဗျာ

ဟုက်​တယ်​ဗျ ပတ်​ဝန်းကျင်​က လူ​တွေကို ​ပြောတယ်​ နားမ​ထောင်​ဘူး

သတိပြုသင့်တဲ့ အကြောင်းတစ်ခုပါပဲ ။

အားပေးလျှက်

ဟုက်​ပါတယ်
ကျေးဇူးပါ

ကလေးတွေငြိမ်ပြီးရောဆိုပြီး ဖုန်းတွေပေးသုံးခြင်းကို
လူကြီးမိဘတွေအနေနဲ့ ရှောင်ရှားသင့်ပါတယ်

ဟုက်​တယ်​bro

ဟုက်​တယ်​bro

ဟုတ်တယ်ဘရို…limited ထားမှ အဆင်ပြေမယ်…

လူကြီး​တွေ​တောင်​ limit ထားသင့်​တယ်​ဗျ

မှတ်သားထိုက်ပါတယ် မောင်လေးရေ

ကျေးဇူးပါ မဆု

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 61041.41
ETH 2947.17
USDT 1.00
SBD 3.85