အသိပညာရှာ​ဖွေရာဝယ်​..........

in #myanmar6 years ago

image

လူ​တွေဟာ ​နေ့စဉ်​နှင့်​အမျှ အလုပ်​လုပ်​ရ​နေသလို တစ်​ဖက်​ကလည်း မိမိတို့ဘဝတိုးတက်​​စေရန်​အတွက်​ နည်းလမ်းမျာကို ရှာ​ဖွေ​နေကြ​ပေသည်​။ အလုပ်​တွင်​မဟုက်​လျင်​​တောင်​မှ ဗဟုသုတတိုးပွား​အောင်​ ​ဆောင်​ရွက်​​နေကြ​ပေသည်​။ ဗဟုသုတဆိုသည်​တွင်​ ဗဟုမှာများပြား သော သုတဆိုသည်​က အကြံဥာဏ်​ဟူ၍ ဖတ်​ရှုဖူး​ပေသည်​။လူအများစုက ဗဟုသုတဆိုသည်​မှာ စာအုပ်​မှသာ ရရှိသည်​ဟုထင်​​နေကြသူများရှိ​ပေသည်​။ ထိုသို့မဟုက်​​ပေ။ ဗဟုသုတ ကို စာအုပ်​မှတစ်​ဆင့်​ရရနိုင်​သလို အခြား​သော အ​ချင်းအရာများမှလည်း ရရှိနိုင်​​ပေသည်​။ ဥပမာအားဖြင့်​ ခရီးထွက်​ခြင်း၊ social media ၊ ​ဟော​ပြောပွဲ (စာ​ပေ​ဟော​ပြော) များမှလည်း ​ဘဝအတွက်​​ကောင်းမွန်​​သော ဗဟုသုတများကို ရရှိ​ပေသည်​။ဗဟုသုတ ရှာ​ဖွေ​နေသူအဖို့ ဗဟုသုတရရှိနိုင်​သည့်​ အ​ခြေအ​နေများက လက်​ကမ်းကြိုဆို​နေကြ​ပေသည်​။ ​ကောင်း​သောကြိုဆိုခြင်းဖြစ်​​ပေသည်​။ရရှိ​သော လက်​ကမ်းကြိုဆိုမှုကို အရယူလိုက်​ကြပါ။

image

လူအများစုက ဗဟုသုတ​တော့ ရှာ​ဖွေ​နေကြ​ပေသည်​။ ဤ​နေရာတွင်​ တစ်​ခု​ပြောလိုသည်​မှာ ဗဟုသုတ ရှာမှီးသည်​မှာ​ကောင်း​ပေသည်​။ သို့​သော်​ သူများ​ယောင်​တိုင်း​တော့ထမ​ယောင်​ပါနှင့်​။ ​ပြောလိုသည်​မှာ အခြားသူများက သူ၏လုပ်​ငန်းနှင့်​ပတ်​သက်​​သော ဗဟုသုတကို ရှာ​ဖွေ​နေသည်​ကို ​တွေ့၍ သူနှင့်​​ရော၍ သူနှင့်​အပြိုင်​လိုက်​၍ မလုပ်​ပါနှင့်​ ။ ဗဟုသုတတိုးတာ​တော့ဟုက်​ပါသည်​။ သို့​သော်​ တစ်​ခါတစ်​ရံ မိမိနှင့်​အလှမ်း​ဝေး​သော အချင်းအရာများဖြစ်​​နေတတ်​သည်​။ ဤတွင်​ အကူအညီယူရ​တော့​ပေမည်​။ မိမိနှင့်​အလှမ်း​ဝေး​သော အချင်းအရာဖြစ်​​သော​ကြောင့်​ ခနတိုင်းအကူအညီယူ​နေရလျင်​ ကိုယ့်​အတွက်​အခက်​အခဲဖြစ်​နိုင်​သလို သူ့ကိုလည်း ဒုက္ခ​ပေးရာ​ရောက်​​နေတတ်​သည်​။ သတိထားပါ​လေ။ သူ့ဘက်​က လိုလိုလားလားဆိုရင်​​တော့ တစ်​မျိုး​ပေါ့။ ​လေ့လာတာ​တော့​ကောင်းပါတယ်​။

image

လူတစ်​ဦးစိတ်​တစ်​မျိုးဖြစ်​သည့်​အတွက်​ ​လုပ်​ကိုင်​​သောလုပ်​ငန်း ​လေ့လာ​သောပညာရပ်​ ရှာ​ဖွေ​သောဗဟုသုတကလည်း တစ်​ယောက်​နှင့်​တစ်​​​ယောက်​တူညီကြမည်​မဟုက်​​ပေ။ တစ်​​ယောက်​နှင့်​တစ်​​ယောက်​ စိတ်​ဝင်​စားသည့်​ လုပ်​ငန်းလည်းမတူညီကြသလို ​လေ့လာ​သော ပညာရပ်​များကလည်းမတူကြသည်.့​အတွက်​ တစ်​​ယောက်​အ​ပေါ်တစ်​​ယောက်​ အကူအညီ​ပေးရန်​လည်းမလွယ်​ကူကြ​ပေ။ ထို့အတွက်​ မိမိနှင့်​သင့်​​လျော်​သည့်​ ပညာရပ်​များကို မိမိဘာသာ​လေ့လာ​နေကြရ​ပေမည်​။ တစ်​ချို့က​တော့ စာမဖတ်​အားလို့ပါ စသည်​ဖြင့်​ အ​ကြောင်းပြချက်​များနှင့်​ ​လေ့လာချိန်​ မှတ်​သားချိန်​မရရှိသလို​ဖြစ်​သည်​ဟု ​ပြောတတ်​ကြ​ပေသည်​။ အလုပ်​များ၍ စာမဖတ်​အားချင်း သို့မဟုက်​ စာမဖတ်​လိုခြင်းစသည့်​အချက်​များ​ကြောင့်​ ဗဟုသုတနဲသည်​ကို အားဖြည့်​ရန်​အတွက်​ နည်​လမ်းအချို့​တော့ရှိသည်​။ စာဖတ်​ရသည်​မှာ ပင်​ပန်းသည်​ဟုထင်​​နေသူများလည်းရှိ​ပေသည်​။ ထိုသူများအတွက်​ စာ​ပေ​ဟော​ပြောပွဲများရှိလျင်​ မိမိအချိန်​များထဲမှာ နဲနဲဖဲ့၍ ​ဟော​ပြောပွဲကို သွား​ရောက်​ပါ​လေ။ ဤသည်​မှာ အ​ကောင်းဆုံးအကြံဥာဏ်​ဖြစ်​​ပေသည်​။ လူလည်းမပင်​ပန်း ဗဟုသုတလည်း တိုးပွား​သော အကျိုးရှိသည့်​ ကိစ္စဖြစ်​​ပေသည်​။

image

ယ​နေ့​ပြောင်းလဲလာသည့်​​ခေတ်​တွင်​ စာ​ပေ​ဟော​ပြောပွဲများ အမြို့မြို့နယ်​နယ်​တွင်​ ကျင်းပ​နေကြ​ပေသည်​။ထို​ဟော​ပြောပွဲများသည်​ အကျိုးတစ်​စုံတစ်​ရာ ပြည်​သူ​တွေရရှိရန်​ ကျင်းပ​နေကြခြင်းဖြစ်​​ပေသည်​။ စာဖတ်​သူများလည်း စာ​ပေ​ဟော​ပြောပွဲများတွင်​ သွား​ရောက်​ဖူး​ပေမည်​ဟုယုံကြည်​​ပေသည်​။ ​ဟော​ပြောပွဲများသည်​ အများသူငှါ အသိပညာတိုးတက်​​စေရန်​အတွက်​ အလွယ်​ကူဆုံး​သော ဗဟုသုတဖြန့်​​ဝေခြင်းပင်​ဖြစ်​​ပေသည်​။......................

image

Myanmar Steemit အဖွဲ့သားများအားလုံး ကျန်းမာချမ်းသာပါ​စေ။

Photo credit facebook and google image

Author @nyinyilwin

MSC 170

Sort:  

စာ​ပေ​ဟော​ပြောပွဲများ
ြ့မိုကြီ​တွေမှာကျင်းပတာနည်းသွားတာလား

ဟုက်​တယ်​ဗျ

အရင်​​တုန်းက ​တော့စာ​ပေ​ဟော​ပြောပွဲ​တွေ နီးရင်​သွားနာ​ထောင်​မိတယ်​ .. တစ်​ခါတ​လေ အ​ခွေနဲ့ နား​ထောင်​တယ်​ဗျ .. ခု​နောက်​ပိုင်း​တော့ စာအုပ်​ပဲ ဖတ်​ဖြစ်​​တော့တယ်​ .. သွား​လေရာသယ်​သွားလို့ရတယ်​​လေ ..

Idea ​ကောင်းတာပ

စာပေဟောပြောပွဲတွေ ကိုယ့်မြို့လာလုပ်ရင်တော့ မလွတ်တန်းတက်ဖြစ်ပါတယ်

ကောင်းတာပ

အရင်ကတော့ စာပေဟောပြောပွဲတွေ အမြဲနားထောင်ဖြစ်ပါတယ် ဗဟုသုတတွေလည်းအများကြီးရပါတယ် နောက်ပိုင်းကျတော့ စာပေဟောပြောပွဲတော်တော်များများဟာ နိုင်ငံရေးရောယှက်တဲ့ဝါဒ့ဟောပြောပွဲတွေပဲ့ဖြစ်လာတယ် အားလုံးတော့မဟုတ်ဘူးပေါ့ဗျာ

ဟုက်​ ဦးဘုန်းဆိုရင်​ ​ဟော​ပြောတာ ​ကောင်းသဗျ

စာပေူဟောပြောပွဲ များများနာထောင်ပါတယ် အကို

အ​နော်​က​တော့ ဖုန်းထဲက နား​ထောင်​ဖြစ်​တာများတယ်

စာအုပ်စာပေလူ့မိတ်ဆွေဆိုတာအမှန်ပဲပေါ့ဗျာ။စာပေဟောပြောပွဲတွေများများလုပ်သင့်တယ်။လုပ်တဲ့နေရာမှာလဲနိုင်ငံရေးတွေမပြောပဲနဲ့ဗဟုသုတတွေပြောသင့်တာပေါ့ဗျာ။

ဟုက်​တယ်​ သီးခြား​ပေါ့ဗျာ

ကိုယ်ဝါသနာပါတဲ့ပညာရပ်၊ကိုယ်လုပ်နေတဲ့အလုပ်တွေနဲ့သက်ဆိုင်တဲ့ ဗဟုသုတတွေကတော့
ပိုပီးရှာမှီးသင့်တာပေါ့။အခုခေတ်ကတော့
နည်းပညာကောင်းကျိုး ကြောင့် ဗဟုသုတရှာစရာနေရာတွေလည်းပေါများလာပါပီိ။

နည်းပညာရဲ့​ကောင်းကျိုး ဟုက်​တယ်​ဗျာ

မော်လမြိုင်မှာ နေခဲ့ဖူးတော့ စာပေဟောပြောပွဲဆိုလျှင် စာပေချစ်သူများကျင်းပပေးပါတယ် ပြီးတော့ အကြီးအကျယ် ဆိုတော့ တကယ်ကို တန်ဖိုးရှိတဲ့ ဗဟုသုတတွေ ရခဲ့တယ်

မှန်​ပါ့ဘုရား

ဟိုတုန်းကတော့ စာပေဟောပြောပွဲဆို မလွတ်တန်း သွားနားထောင်တယ် ခုတော့ သွားတေ့ဝူး နိုင်ငံရေး ဟောပြောတာများလို့

ပွဲစီစဉ်​သူက ​သေချာ​ပြောရင်​​တော့ ဗဟုသုတ စာ​ပေ​တွေ​ဟောမှာပါ

စာ​ပေ​ဟော​ပြောပွဲ​တွေနား​ထောင်​ဖူးတယ်
တကယ်​ ဗဟုသုတများစွာရပါတယ်​bro

ဟုက်​တယ်

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 59007.49
ETH 2658.92
USDT 1.00
SBD 2.44