သို့ ... အမေ...

in #myanmar8 years ago (edited)

သမီး ခိုးရာလိုက်သွားပါပြီ။ သမီးကို မိဘတွေ ပြုစုနေရမှာ အားနာလာလို့ပါ။ အမေတို့ ဆင်ပေးထားတဲ့ လက်စွပ် ဆွဲကြိုး လက်ကောက်​တွေကို မယူချင်လို့ အိတ်နဲ့ထည့်ပြီး သမီးမှန်တင်ခုံပေါ်မှာ တင်ထားပြီးမှ သမီးတို့ စားဝတ်နေရေး အဆင်မပြေရင် အမေတို့ပဲ စိတ်ဆင်းရဲမှာစိုးလို့ အကုန်ယူသွားပါပြီ။

ATM card လေးလည်း ယူသွားတယ် အမေ။
သိတယ် မဟုတ်လား။ လမ်းခရီးမှာ ငွေကိုင်တာ အန္တရာယ်​များတယ်လေ။
အသက်ကို ဥာဏ်စောင့်လို့ အမေတို့ သင်ပေးခဲ့တာ သမီး မမေ့ဘူး။

သမီး ချစ်သူကလည်း ရိုးရိုးသားသားပါ။ စိတ်မပူပါနဲ့။ ယောင်္ကျားလေးဆိုတော့လည်း နည်းနည်းပါးပါးတော့ သောက်တတ်စားတတ်တာပေါ့နော်​၊ အားကစားလည်း သူ ဝါသနာပါလို့ ဘောလုံးပွဲလည်း လောင်းတယ်လေ။
မကောင်းတဲ့ မိန်းမတွေနဲ့လည်း သူ မရှုပ်ဘူးတဲ့။ ကောင်းတဲ့မိန်မတွေနဲ့ပဲ ရှုပ်တာတဲ့။

ဘာပဲဖြစ်ဖြစ် သမီးကို သူချစ်သလို သမီးကလည်း သူ့ကိုချစ်တယ်။ သူက ကြင်နာတတ်ပါတယ်။ ဂရုလည်းစိုက်တယ်။
ဟိုနေ့ကဆို သမီးပါးမှာ ခြင်တစ်ကောင်နားနေလို့ သမီးကို ခြင်ကိုက်မှာ စိုးလို့ သူ ဖျန်းကနဲရိုက်ပစ်​လိုက်တာ သွားတစ်ချောင်း ကျွတ်​တယ်​။

မိဘဆိုတာ သားသမီးကို စိတ်ဆိုးလည်း ခဏတဲ့။ ရွာဦး​ကျောင်းဆရာတော်အရှင်ပညာသာမိ ပြောဖူးတယ်။ မြေးမျက်နှာ မြင်ရင် အရည်ပျော်ရောတဲ့။

ဒါကြောင့်လည်း အမေတို့ မြေးချီနိုင်အောင် သမီးတို့ ကြိုးစားပါမယ်။
အမေတို့ ဒီစာကို ဖတ်နေချိန်မှာ သမီးက လေယာဉ်ကြီး စီးပြီး ဟိုး အဝေးကို သွားနေပြီ မထင်လိုက်ပါနဲ့။
သမီး အခု စီးနေတာ နွားလှည်းပါ။

ကျေးလက် သဘာဝကို သမီး ချစ်တယ်လေ။ ပကာသန မမက်ပါဘူး။
တစ်နေ့ကျ သမီး ပြန်လာခဲ့ပါမယ်။ သူနဲ့ကွဲရင်ပေါ့။

သမီးမိုက်

ခိခိ 😝😝

(မူရင်းရေးသူအား ခွက်ဒစ်ပေးပါတယ်)

Sort:  

#introduceyourself/#introducemyself

The “introduceyourself/introducemyself” tag is for creating one introductory post that tells us about you. Users are encouraged to use this tag exclusively for that, and not to reuse it.

welcome to steemit nyinsi and enjoy stay here .

Welcome to Steem Community @nyinsi! As a gentle reminder, please keep your master password safe. The best practise is to use your private posting key to login to Steemit when posting; and the private active key for wallet related transactions.

In the New Steemians project, we help new members of steem by education and resteeeming their articles. Get your articles resteemed too for maximum exposure. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

Coin Marketplace

STEEM 0.13
TRX 0.34
JST 0.034
BTC 110663.51
ETH 4371.64
SBD 0.84