ဂစ်တာတီးခတ်နည်း အခြေခံများ....

in #myanmar7 years ago

Lead ဂစ်တာတီးခတ်ခြင်း
မကြာခဏဆိုသလို လျှပ်စစ်ဂစ်တာတွင် lead guitar ကို တီးခတ်ကြသည်။ Heavy distortion များကို အသုံးပြုကြသည်။ Amplifier ထုတ်လုပ်သူများသည် lead channel အဖြစ် သူတို့၏ distortion channel များကို ရည်ညွန်းကြသည်။ Distortion သည် clean channel ထက်စွမ်းအားပြည့်စွာ ထောက်ပံပေးသည်။ အစွန်ဆုံးနည်းပညာများဖြစ်သော shredding နှင့် tapping ကဲ့သို့ နည်းပညာများကို အသုံးပြုထားသည်။ တစ်ချို့ဂစ်တာသမားများသည် distortion ကိုသင့်တင့်စွာခံစား၍ အသုံးပြုကြသည်။ အမှန်စင်စစ်မှာ lead guitar ကို acoustic ဂစ်တာပေါ်တွင် အသုံးပြုကြသည်။ သို့သော် လျှပ်စစ်ကဲ့သို့ အသံမထွက်ပေ။ အသုံးများသော lead နည်းပညာများမှာ bending, vibratoနှင့် slide တို့ဖြစ်သည်။ အခြေခံမှာ နုတ်များကို အသားပေးထားသည်။ သံစဉ်ပေါ်တွင် အကောင်းဆုံးဖော်ပြထားသည်။ Lead ဂစ်တာသမားများသည် arpeggio (သို့) sweep picking များကို အသုံးပြုထားသည်။ Solo progression များမှာ rhythm ဂစ်တာအပိုင်းပေါ်တွင် အခြေခံထားသည်
Rhythm ဂစ်တာတီးခတ်ခြင်း
Rhythm ဂစ်တာ၏ စရိုက်လက္ခဏာများမှာ pattern များပေါ်တွင် chord များကို တီးခတ်ကြသည်။ တစ်ချို့အတီးသမားများမှာ chord ဟူလည်း ဝေဖန်ကြသည်။ Rhythm ဂစ်တာသည် leadguitar လောက်မဖော်ပြနိုင်သော်လည်း chord များ၊ chord progression နှင့် rhythm patterns များသင်ယူကြရသည်။ အတီးသမားများသည် သူတို့၏စိတ်ကူးများဖြင့် ကန့်သတ်ထားသည်။
Rhythm ဂစ်တာသည် လျှပ်စစ်ဖြစ်စေ၊ အကူးစတစ်ဖြစ်စေတီးခတ်ရန် လွယ်ကူသည်။ နည်းပညာသည် သီးခြားနုတ်များဖြင့် ဖော်ပြရန် နည်းသည်။ chord များဖြင့် အသံတစ်ခုလုံးကို ဖော်ပြသည်။
ဂစ်တာတီးခတ်ခြင်း
စတင်တီးခတ်သူအတွက် အခြေခံ
ဂစ်တာသည် အပေါင်းအသင်းကောင်းသော တူရိယာတစ်မျိုးဖြစ်သည်။ သယ်ဆောင်ရလွယ်ကူပြီး အများပြည်သူကြားနိုင်သော တူရိယာဖြစ်သည်။ သယ်ဆောင်ရလွယ်ကူပြီး အများပြည်သူကြားနိုင်သော တူရိယာဖြစ်သည်။ ယနေ့ခေတ်တွင် သူငယ်ချင်းတစ်သိုက်နှင့် ဂစ်တာနှင့် သီချင်းဆိုသကဲ့သို့ကောင်းသော အလုပ်မရှိပေ။ သင်ပထမဆုံးဂစ်တာဝယ်ယူရန်လိုအပ်ပြီး chord မျိုးစုံသင်ယူရင်းဖြင့် ကျော်ကြားသော သီချင်းများရာနှင့်ချီ၍ တီးခတ်နိုင်သည်။ တစ်ချို့သီချင်းများမှာ လေ့ကျင့်ရန်ခက်ခဲသော်လည်း ကြိုးစားလိုက်လျှင် တီးခတ်နိုင်သည်။ ကောင်းသောနည်းပညာများလိုအပ်သည်။ ဤအပိုင်းတွင် သင်သည် ဂစ်တာကို မည်ကဲ့သို့ ကိုင်တွယ်ရန်အခြေခံသိရန်လိုအပ်သည်။ Pick အပြားနှင့် အခြေခံနည်းပညာများ အရေးကြီးသည်။
ထိုသင်ကြားရေးစာအုပ်များသည် အခြားဂစ်တာသမားများနှင့် အတူတီးခတ်ရန် အစားထိုးရန်မဟုတ် ကြောင်းမမေ့ပါနဲ့။ (သို့) သင်ကြားရေးဆရာထံမှ သင်ကြားခြင်းသည် အကောင်းမွန်ဆုံးသတင်းနှင့် လှုံဆော်ခြင်းဖြစ်သည်။
ထိုအ၀ိုင်းသည် ဂစ်တာအများစုသည် ညာဖက်ဖြင့် တီးခတ်ရအောင်ပြုလုပ်ပြီးသားဖြစ်သည်။ ဘယ်ဖက်တီးခတ်သူများသည် ဆန့်ကျင်ဘက်ဖြစ်ရန် သီးခြားအသုံးပြုရန်လိုအပ်သည်။
ဂစ်တာကိုင်တွယ်ခြင်း
ဂစ်တာကို ပုံစံအမျိုးမျိုးဖြင့်တီးခတ်နိုင်သည်။ သို့မဟုတ်တစ်ချို့ပုံစံများမှာ အခြားပုံစံထက်ပို၍ အရည်အချင်းထူးခြားသည်။ ပုဂ္ဂိုလ်၏ရွေးချယ်မှုအပေါ် မူတည်သည်။ ရှင်းလင်းသော လမ်းညွန်ချက်များပေါ်တွင် မူတည်သည်။ တစ်ချို့ချိန်ဆမှုများသည် တီးခတ်သော အနေအထားသတ်မှတ်ထားသည်။
• ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်သောတူရိယာဖြစ်သည်။
• တူရိယာကို လက်ခံနိုင်မှုအပေါ်မူတည်၍ နည်းပညာများဆက်လက်ဖြစ်ထွန်းသည်။
• စတင်သူအပေါ်တွင် ကြွက်သားများမောပန်းနွမ်းနိုင်သည်။ သင်သည် ဖြောင့်တန်းစွာ တိုင်ရန်လိုအပ်သည်။ ကျောရိုးနှင့်ခါးကို မထိခိုက်စေရန်ဖြစ်သည်။ အကယ်၍ သင်သည် ထိုအနေအထားတွင် နာကျင်လျှင် အန္တရာယ်ရှိနိုင်သော အနေအထားဖြစ်၍ ပြောင်းလဲရန်လိုအပ်သည်။
စတင်တီးခတ်သူများသည် ဂစ်တာကို ကြိုးစား၍ ကြည့်ရှုသင့်သည်။ သို့မှသာ သတ္ထုဘားတန်းနှင့် အသံပေါက်ကို မြင်တွေ့နိုင်သည်။ ဂစ်တာဆီသို့ ကွေးထားသော အနေအထားမှာ သင်၏ခါးကို ကွေးရန်လိုအပ်သောကြောင့် အန္တရာယ်ရှိနိုင်သည်။ စတင်တီးခတ်သူများသည် တံတောင်ကို အမြင့်သို့ အနိမ့်ထားကြသည်။ ငုင်းသည် ကြွက်တက်ခြင်းဖြစ်ပေါ်စေသည်။ လက်မောင်းနှင့်ပုခုံးများကို အနားယူရန်လိုအပ်သည်။
တီးခတ်သူသည်ဂစ်တာကိုင်ရာတွင် သက်သာစွာနှင့် သဘာဝမကျသရွေ့ ရက်သတ္တပတ်များစွာ အနားယူရန်လိုအပ်သည်။ လက်အနေအထားကို အားမစိုက်ဘဲနှင့် လက်မောင်းနှင့် လက်များသန်မာပါစေ။ သင်နာကျင်မှုခံစားရလျှင် ချက်ချင်းရပ်လိုက်ပါ။ နာကျင်မှုအကြောင်းအရင်းကိုရှာပါ။ တစ်ခါတစ်ရံတွင် သက်တောင့်သက်သာမရှိခြင်းသည် ကာလအပိုင်းအခြားအထိအနားယူရန်လိုအပ်သည်။
ထိုင်ခြင်း
Classical Style
ကုလားထိုင် သို့မဟုတ် ခွေးခြေပေါ်တွင် ဖြောင့်တန်းစွာထိုင်ပါ။ ခြေထောက်များကို ၁၀-၂၀ cm ခန့်ထားပါ။ ဂစ်တာ၏ခါးကို ပေါင်ပေါ်တွင်ထားပါ။ သင်၏ညာဖက်လက်ဖျံကို ဂစ်တာ၏အစွန်းအရှေ့ဘက်တွင်ထားပါ။ အဆင်ပြေ၍ ကြိုးများကို တီးခတ်နိုင်ပါလိမ့်မည်။ ဂစ်တာ headstock သည် Head level နှင့်နီးကပ်စွာရှိသင့်သည်။ ဂစ်တာ၏လည်တံကို ၄၅ဒီဂရီခန့် တိမ်းညွတ်ပေးပါ။ ဘယ်ဘက်လက်သည် ဂီတာ၏လည်ပင်းနှင့် သတ္ထုခံပြားပေါ်တွင်ရှိ၍ လက်မသည် လည်တံ၏နောက်တွင်ရှိ၍ လက်ချောင်းများကို သတ္ထုခံပြား၏အစွန်းတွင် ရှိပါစေ။ ပခုံးသည်သက်တောင့်သက်သာရှိပါစေ။ တိမ်းညွတ်ရာ၌ အကူအညီဖြစ်ပါလိမ့်မည်။ လူများသည် ထိုအနေအထားတွင် သက်တောင့်သက်သာရှိပါလိမ့်မည်။ အကယ်၍ သင်မတတ်နိုင်လျှင်မမှန်ကန်သော အနေအထားတစ်ခုရှိပါလိမ့်မည်။ ကျောကုန်း၏ဖြောင့်တန်းမှုနှင့် တီးခတ်သည့် ကိုယ်နေကိုယ်ထားကောင်းမွန်စွာရှိသင့်သည်။
သင့်၏ဘယ်ဘက်လက်နှင့် သင့်၏လက်မောင်းကို ဒုတိယမြောက် သတ္ထုဘားတန်း၏နောက်တွင်
ထားပါ။ open chord များတီးခတ်ရာ၌ သက်တောင့်သက်သာဖြစ်သော အနေအထားဖြစ်သည်။ သင့်၏လက်မသည် သတ္ထုခံပြား အစွန်းနှင့် Eကြိုးနှင့်မထိတွေ့ပါနှင့်။
လျှပ်စစ်ဂစ်တာ
Rock ဂီတဖျော်ဖြေသူများသည် လျှပ်စစ်ဂစ်တာများကို classical ပုံစံထက်နိမ့်ကျစွာ ကိုင်တွယ်ကြသည်။ လည်တံကို ရေပြင်ညီအတိုင်း ၄၅ဒီဂရီထက်ရှိသည်။ လွယ်ကူစွာတိမ်းညွတ်နိုင်ပြီး လည်တံမှ လက်အနေအထားကို လွယ်ကူစွာရွေ့လျားနိုင်လိမ့်မည်။ ထိုထောင့်အနေအထားသည် ဘယ်ဖက်လက်ဖြင့် ညီညွတ်စွာတီးခတ်နိုင်လိမ့်မည်။ classical ပုံစံထက် ပို၍ ခက်ခဲ၍ အားစိုက်ရသည်။
Lapsteel or Hawaiian guitar
ထိုပုံစံများမှာ ဂစ်တာသည် ရေပြင်ညီအတိုင်းတီးခတ်နိုင်သည်။ သတ္ထုဘားတန်းနုတ်များနှင့် chord များကို ကြိုးများကိုဖိနှိပ်၍ အရည်အချင်းပြကြသည်။ ထိုဂစ်တာများကို slide ပုံစံဖြင့် တီးခတ်သည်။
Standing
ဂစ်တာတွင်သားရေပတ်ရှိပြီး ဂစ်တာစတိုးတိုင်းတွင် ဒေါ်လာအနည်းဖြင့် ၀ယ်ယူရရှိနိုင်သည်။ မတ်တပ်ရပ်၍ တီးခတ်ပုံကို သင်ယူနိုင်သည်။ အကယ်၍သင်၏တီးဝိုင်းထောင်ရန်အစီအစဉ်ရှိလျှင် အသုံးများပေလိမ့်မည်။ သင်၏ဂစ်တာလေးလံလျှင် သားရေပတ်အသေးထက် သားရေပြားအကြီးသည်ပို၍ သင့်တော်သည်။ ထိုသားရေပြားကိုချည်နှောင်လျှင် အဆုံးတွင် တွယ်ချိတ်ခုပါသည်။ ပုံမှန်အားဖြင့် ဂစ်တာ၏ဖင်နှင့် လည်ပင်းနှင့် ခန္စာကိုယ်ဆက်ရာတွင် ပါရှိသည်။ အကူးစတစ်ဂစ်တာ အများစုမှာ ဖင်တွင် တစ်ပေါက်နှင့် headstock ၏ ခေါင်းပေါ်ကြိုးများ၏အောက်တွင် ချိတ်ဆက်ထားသညိ။ မည်သို့ပင်ဆိုစေ တစ်ခါတစ်ရံတွင် သင့်လျော်သော အမြင့်၌ ဂစ်တာကိုထိန်းသိမ်းရန်ခက်ခဲသည်။ ပုခုံးတွင် အားစိုက်ရသောကြောင့်ဖြစ်သည်။ ခန္ဓာကိုယ်နှင့် လည်တံ၏ဒုတိယတွယ်ချိတ်တွင်ချိန်တပ်ဆင်နိုသ်သည်။ သို့သော် ဂရုစိုက်ရန်လိုအပ်သည်။ သင်၏ ဂစ်တာ ကို ထိုခိုက်စေနိုင်သောကြောင့် ဖြစ်သည်။
ဂစ်တာကိုကြိုး၌ ဆက်ရာ၌ လွှဲပစ်၍ ဘယ်ဘက်ပုခုံးပေါ်တွင် လည်ပင်းကို ဆွဲရမည်ဖြစ်သည်။ သင်သည် ဂစ်တာ၏အမြင့်ကို ချိန်ညှိနိုင်သည်။ သို့သောနည်းလမ်းမှန်ကန်ရန်လိုအပ်သည်။ ကြိုးပြား၏အရှည်မှာ သင်၏ရွေးချယ်မှုအပေါ်မူတည်သည်။ သို့သော ပြီးခဲ့သော အပိုင်းမှ လမ်းညွန်မှုများကို အသုံးပြုနိုင်သည်။ အသက်မွေးဝမ်းကျောင်းတွင် သူတို့၏ဒူးနေရာများတွင် ကြိုးချထားသည် အခြားမှ သူတို့၏ပုခုံး၏အောက်တွင် ထိန်းသိမ်းထားသည်။ ဤအချက်များမှာ စတင်တီးခတ်သူအတွက် အရေးပါသည်။
ဂစ်တာကို Pick ပြားများဖြင့် ရိုက်ခတ်ခြင်း
ဂစ်တာပုံစံမှခံစားမှုများသည် ကြိုးများ ထိခြင်းလာခြင်းဖြစ်သည်။ ကွဲပြားသော နည်းပညာများရှိကတည် မကြာခဏရှင်းလင်းဖော်ပြကြသည်။ အခြေခံကလွဲ၍ အခြားနည်းပညာများမှာ ရှင်းပြရန်ခက်ခဲ့သည်။ တီးခတ်သူသည် ကြိုးကို မည်ကဲ့သို ထိခတ်ပုံသည် ရှာဖွေတွေ့ရှိပုံတွင် မူတည်သည်။
ဂစ်တာကိုချဲ့ထွင်ခြင်းတွင် သင်၏picing (သို့)လက်ဖြင့်ရိုက်ခတ်ခြင်းသည်လည်း အရေးကြီးသည်။ သင်၏လက်ပေါ်တွင် လွှမ်းခြုံထားသည်။ သင်သည်ညာဘက်ပုံစံအသုံးပြုလျှင် သင်၏ ညာဘက်လက်ကို သင်၏ pickလက်အတွက် အသုံးပြုနိုင်သည်။ ထိုလက်ဖြေလျော့ထားသင့်သည်။ ကြိုးသည် ဂလာင်ဂလောင်မြည်နိုင်သည်။
သင်၏လက်သည် အသံအိုး၏သင့်တော်သောအမြင့်ပေါ်တွင် ဖုံးလွှမ်းထားသည်။ သင်၏ခါးကို ဖြောင့်တန်းစွာ ထိန်းသိမ်းထားနိုင်သည်။ သင်၏ခါးသည် သင်တီးခတ်သကဲ့သို့ ကြိုးများကို မထိသင့်ပေ။
သင်၏လက်လေးချောင်းသည် ဂစ်တာကို ဆန့်ကျင်၍ ခိုင်မြဲလာအောင် အသုံးပြုရမည်။ အချိန်အတော်အကြာ ခိုင်မြဲစေလိမ့်မည်။ ပြီးသင့်၏လက်မောင်းတစ်ခုလုံးအသုံးပြုပြီး လေ့ကျင့်ခြင်းကို ကန့်သတ်ထားသည်နိုင်သည်။ ဥပမာအား pick နုတ်ကို ခိုင်မြဲစွာအသုံးပြုနိုင်သည်။ Chord များကို အသုံးပြု၍ ရှုပ်ထွေးသော rhythm များကို တီးခတ်ရန်စွမ်းရည် ကန့်သတ်ထားသည်။ သင်၏လက်ချောင်းနှင့်အတူ လေ့ကျင့်ရန်လိုအပ်သည်။ သင်သည် ကောင်းမွန်သော ဂစ်တာတီးသမားဖြစ်နိုင်လာမည်။
လက်ချောင်းများ
လက်ချောင်းများကို အဓိကနည်းလမ်းနှစ်မျိုးတွင် အသုံးပြုနိုင်သည်။ pick ကို အသုံးပြု၍ finger picking (သို့) strumming များ chord များနှင့်အတူတီးခတ်နိုင်သည်။ Finger picking တွင် ကွဲပြားသော ပုံစအမျိုးမျိုးရှိသည်။ ဥမအာအားဖြင့် လက်မနှင့် ပထမလက်ချောင်းလိုအသုံးပြုထားသော Travis picking ဖြစ်သည်။ အခြားပုံစံများမှာ လက်သုံး လက် သုံး၊လေး(သို့) ငါချောင်းစလုံးကို အသုံြး့ပုထားသည်။
Pick ကို အသုံးပြုခြင်း
Pick ကို ကိုင်၍ ပထမလက်ချောင်းနှင့် လက်မဖြင့်ကိုင်ပါ။ အဆိတ်ပဲ ခိုင်မြဲစွာ ကိုင်ပါ။ သင်တီးခတ်စဉ်တွင် လက်ဖျံ၏ အားကို အသုံးပြုထားသည်။ သင်တီးခတ်စဉ်တွင် သင်၏ခါးမှာ ပြေလျော့စွာထားထားသင့်သည်။ သင်၏ ခါးကိုလွတ်လပ်စွာ ထားရှိသင့် သည်။ အားသည် လက်ဖျံမှ အားဖြစ်သင့်သည်။
Fretboard အသုံးပြုခြင်း
သတိရစရာ အရေးကြီးဆုံးအချက်မှာ သင်၏ လက် ကို ဖြေလျှော့ထားရန်ဖြစ်သည်။ လက်ချောင်းများပြန်ကားထားခြင်းကိုရှောင်ကြည်သင့်သည်။သင်၏လက်ချောင်းများပြောင်းလွယ်ပြင်လွယ်ရှိသင့်သည်။ သင်၏လက်ချောင်းသည် တင်းကျပ်စွာထားသင့်သည်။ ကျဉ်းကျပ်စွာမထားပါနဲ့။ ယေဘုယျအားဖြင့် အကူးစတစ်တူရိယာများတီးခတ်ရာ၌သင်၏ ဘယ်လက်ချောင်းထိပ်ချောင်းများကို အသုံးပြုရန် လိုအပ်သည်။ အကောင်းဆုံးမှာ သင်၏တံတောင်ဆစ်ကို ခန္ဓာကိုယ်မှ ချဲ့ကားရန်လိုအပ်သည်။
သင်၏ဘယ်ဘက်လက်လိုလည်း ခန္ဓာကိုယ်ဆီသို့ကွေးထားရန်လိုအပ်သည်။ သင်၏ လက်ချောင်းများကို ကြိုးများပေါ်တွင် လူအသေကဲ့သို့ ထိရန်လိုအပ်သည်။
Perfect Fifths
အရိုးရှင်းဆုံး perfect fifth power chord သည် E minor chord နှင့် ဆင်တူပြီး ထူထဲသော ၃ကြိုးကို ချန်လျက်တီးခတ်သည်။ အောက်တွင် E5 power chord ဖြစ်သည်။
Power chord ကို အဖွင့်ပုံစံဖြင့်တီးခတ်လျှင် အခြားကြိုးများကို အသံမထွက်စေရန် ဂရုစိုက်ရန်လိုအပ်သည်။ အကယ်၍ Gကြိုးကို တီးခတ်လျှင် chord တစ်ခုလုံးဖြစ်ပြီး power chord မဟုတ်ပေ။ သင်၏ လက်ချောင်းများကို အခြားကြိုးများသို့ ပေါ့ပါးစွာ ထိတွေ့နိုင်သည်။ မလိုအပ်သော ကြိုးများကို လက်ဖြင့်ရိုက်ခတ်ခြင်းကို ရှောင်ကြဉ်ပါ။
Power chord နှင့် အခြား chord ပုံစံများမှာ အသုံးဝင်ပြီး လည်တံမှ မည်သည့်နေရာမဆို ရွေ့လျားနိုင်သည်။
သင်သည် chord pattern ကိုသုံးလျှင် လည်တံမှ ရွေ့လျား၍ ကွဲပြားသော power chord များကို ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် နုတ်နှစ်ခုယူလိုက်ပါ ထူသော Eမှ နေ၍ အခြားသို့ ရွေ့လျားနိုင်သည်။ ဥပမာ E ကြိုးသည် တတိယ သတ္ထုဘားတန်းဖြစ်ပြီး G5 သည် ထိုကဲ့သို့ ဖြစ်သည်။
Power chord ကို ကွဲပြားသော လက်ချောင်းများဖြင့် တီးခတ်နိုင်သည်။ သင့်အတွက်လွယ်ကူသောပုံစံကို ရွေးချယ်သင့်သည်။
အောက်တွင် အသုံးများသော power chord ဖြစ်သည်။
cwz.png
လက်ချောင်းများပြောင်းလဲခြင်း
G5 မှ second G ကဲ့သို့ဖြစ်သည်။
Power chord သည် ကြိုးများစွာ ပါဝင်ပြီး အသံနှစ်မျိုးထုတ်လွှတ်သည်။ ဥပမာတစ်ခုမှာ G5 chord ဖြစ်ပြီး ကြိုးများအားလုံးမှာ G သို့ D တို့ဖြစ်သည်။
pro.png
ဤကော့ဒ်မှ non – traditional power chord ဖြစ်ပြီး နှစ်ကြိုးသို့ သုံးကြိုးထားသည်။ စတင်လေ့လာသူအတွက် ခက်ခဲသည်။ တူညီသော interval များကို တီးခတ်နိုင်သည်။ Non-octave သို့ unison note များသည် ကော့ဒ် ကိုထုတ်ပေးသည်။ Nnison နုတ်များသည် တူညီသော pitch ကို ထုတ်လုပ်သော်လည်း အသံမှာ ကွဲပြားသည်။ ကွဲပြားသော တင်းအား(သို့) ထူထဲသည်။
Perfect Fourth
Perfect fourths များသည် perfect fifth chord ထက် မထင်ရှားသောအသံကို ပိုင်ဆိုင်ထားသည်။ တီးခတ်ရန်လွယ်ကူပြီး ဂစ်တာပေါ်မှ ကြိုးများသည် လေးခုမြောက်တွင် ချိန်ညှိသောကြောင့် ဖြစ်သည်။ ထူသော လေးကြိုးများကိုဆိုလိုသည်။ ဥပမာအားဖြင့် D4 ကဲ့သို့ဖြစ်သည်။
Open chord
Open chord များမှာ ဂစ်တာ၏ပထမဆုံး သုံးခုမြောက်သတ္ထုဘားတန်းတွင် တီးခတ်သော chord များဖြစ်သည်။ Open chord များတွင် တစ်ခု(သို့မဟုတ်) တစ်ခုထက်ပိုသော open string များပါရှိသည်။ ဥပမာအားဖြင့် Em chord သည် open string ၄ခုခန့်ပါရှိသည်။ သို့သော် Dမေဂျာchord သည် open string ၁ တွင်ပါရှိသည်။ သူတို့ကို open chord ဟုခေါ်သည်။
Open chord များမှာ ဂစ်တာတီးရာတွင် အလွယ်ဆုံး chord များဖြစ်သည်။ များသော ကျော်ကြားသော သီချင်းများသည် ၃သို့မဟုတ် ၄ခုမြောက် chord များဖြစ်သည်။ Open chord များကို ပထမအနေအထား (ပထမလေးခုမြောက် သတ္ထုဘားတန်း ) တွင် သင်ယူကြသည်။ ထိုပုံသဏ္ဍန်သည် barre chord များတီးခတ်ရာတွင် အရေးကြီးသည်။
သင်သည် chord များတီးခတ်ရာတွင် ကြိုးများအားလုံးရှင်းလင်းစွာအသံထွက်သည်။
Major Chord
Major chord များမှာ သုံးဘားပေါင်းများဖြစ်သည်။ နုတ်သုံးခုပါရှိခဲ့ပြီး ကြားကွက်လပ်တွင် interval များပါရှိသည်။ major သုံးမှ perfect fifith အထိဖြစ်သည်။ ထိုinterval များမှာ ပထမနုတ်၏ major scale နှင့် တတိယနုတ်နှင့် ပထမနုတ်နှင့် fifth note ထဲတွင်ပါရှိသည်။ သူတို့တွင် တောက်ပသော tone များပါရှိသည်။ upbeat ဂီတကို မကြာခဏအသုံးပြုထားသည်။
Open position တွင် အသုံးပြုသော မေဂျာ ၆ခုရှိသည်။ A,C,D,E,F နှင့် G တို့ဖြစ်သည်။ ကြိုးညှိရန်သတ်မှတ်ထားသော စံဖြစ်၍ chord များကို အလွယ်တကူတီးခတ်နိုင်သည်။ စတင်တီးခတ်သူများတွင် G majorနှင့် F မေဂျာများကို မကြာခဏရှာကြသည်။ သို့သော်ပို၍လေ့ကျင့်ပါမှ ထိုအခက်အခဲများကျော်လွှားမည်ဖြစ်သည်။
E Major
0vpn.png
အခြားအစောပိုင်း blue သီချင်းများမှာ chord အရင်းအမြစ်အဖြစ် E major ဖြင့် ရေးသားခဲ့ကြသည်။ chord များတွင် E, G# နှင့် B ပါရှိပြီး လက်သုံးချောင်းဖြင့် တီးခတ်နိုင်ခဲ့သည်။
ပထမတွင် သင်၏ဒုတိယလက်ချောင်းကို ဒုတိယသတ္ထုဘားတန်း၏ ၅ကြိုးတွင် ထားလိုက်ပါ။ ကြိုးကို B note တွင် တီးခတ်နိုင်သည်။ တတိယလက်ချောင်းကို ဒုတိယဘားတန်း၏စတုတ္ထကြိုးတွင် ထားလိုက်ပါ။ ငုင်းမှာ E note ဖြစ်ပြီး open sixth string ထက်မြင့်သည်။ နောက်ဆုံးတွင် ပထမလက်ချောင်းကို ပထမသတ္ထုဘားတန်း၏ တတိယကြိုးတွင် ထားလိုက်ပါ။ သင်သည်ဒုတိယနှင့် တတိယလက်ချောင်းများကို ပြောင်းလဲနိုင်သည်။
သင်သည် ထိုchord ကို တီးခတ်ရာတွင် ကြိုးများရှင်းလင်းစွာထွက်နိုင်သည်။ အကယ်၍ အသံမကြားရလျှင် ကြိုးများမတော်တဆထိနေသလား စစ်ဆေးကြည့်ပါ။ ကြိုးများအားလုံးသည် သူတို့၏ သတ္ထုဘားကိုဖိမိနေသောကြောင့် ဖြစ်သည်။ သင်၏ဘယ်ဖက်လက်ကို ကွေးနိုင်ရန်နှင့် လက်မကို ပြင်းထန်စွာဆုပ်ကိုင်ရန်အရေးကြီးသည်။

E major cord ကို အရင်ပြပေးထားပါတယ်ခင်ဗျ နောက်ထပ်ကော့များနဲ့ တီးခေတ်နည်းအကြောင်းများ ဆက်လက်ဖော်ပြပေးသွားပါမည် ခင်ဗျာ..... ၀ါသနာပါသော ညီအကိုမောင်နှမများ အခုမှ စတီးသောသူများ အကောင့်ဆုံးလေ့လာနိုင်ပါတယ်ခင်ဗျာ..... အပြင်မှာလဲ စာအုပ်ထုတ်ထားပါတယ် ခင်ဗျ ထွက်လာရင် ၀ယ်ဖတ်လို့ရပါတယ် ခင်ဗျာ.....အခုက နမူနာလောက်ပဲတင်ပေးထားပါတယ်ခင်ဗျ...
အားလုံး ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်...

@nyeinzaw
Msc - 167
photo by google

Thank You!!

Sort:  

စာအုပ်​​တွေဝယ်​တယ်​...ဖတ်​တယ်​....။
ဘယ်​​လောက်​ဖတ်​ဖတ်​ကွကိုယ်​ပဲ တီးချင်​သလိုတီးပြစ်​တာတစ်​ခုပဲ😂

ဟုတ်ကဲ့ပါ

တီးပြီလေ 😃😃😃😃

ဟုတ်ဗျ :D

ဂစ်​တာ​လေး တစ်​လတ်​ပါ ပို့လိုက်​ပါ bro..

တစ်လုံးပဲ ရှိသေးတယ် အကိုရေ စုရဦးမယ် :D

This post has received a 1.96 % upvote from @drotto thanks to: @nyeinzaw.

ဖတ်တော့ဖတ်တယ် ဘာမှ မသိဘူး

ဟုတ်

မတီးတက်လို ပါ

ဟုတ်ဗျ

တီးပြပါခွယ်😉😉

ဂွမ် ဂွမ် ဂွမ် ဂွမ် ဂွမ် :'')

guiterကတော့ တီးတတ်ဘူး@nyein

ဟုတ်အကို

Guitarအ​ကြောင်းဘာမှသိဘူး
ဖတ်​ခဲ့ပြီးပြီ😀

ဟုတ်

ဟုတ်ဗျ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.029
BTC 61896.22
ETH 2413.79
USDT 1.00
SBD 2.66