Money

in #myanmar6 years ago

image

မင်းရှာဖွေနေတဲ့"ငွေ"
မိဘတွေမျှာ်လင့်နေမယ်ထင်သလား
အဝေးမှာ သားအဆင်ပြေပါတယ်
နေကောင်းရဲ့လား မေးလာမဲ့စကား
"နား"ကကြားယောင်နေလိမ့်မယ်

မင်းရှာဖွေနေတဲ့ "ငွေ"
ပကာသနတွေအတွက်
မိဘတွေအဆင်ပြေနေပေမဲ့
ဆန္ဒတွေမပြေလည်ခဲ့ဘူး
အထီးကျန် အဖော်မဲ့ မေတ္တာတွေ
ငတ်နေရှာပြီလေ

ပြန်လာခဲ့ပါလို့ ပြောမထွက်ပေမဲ့
အနားမှာရှိနေချင်တဲ့ဆန္ဒ မိဘတိုင်းမှာရှိတယ်
အဝေးက ရှာဖွေကျွေးနေတာပဲ
ငါတာဝန်ကျေလှပြီလို့  မတွေးလိုက်ပါနဲ့

နွေးထွေးတဲ့ယုယမှု့တွေကိုဝေးနေပါစေ
ဖုန်းလေးဆက်ပြီးတော့ဖြစ်ဖြစ်
စာလေးရေးပြီးတော့ဖြစ်ဖြစ်
ခဏလေးဂရုစိုက်ပေးပါ
ငါ့သားလေး ငါ့သမီးလေး သိတတ်လိုက်တာဆိုပြီး
ပီတိဖြာနေမဲ့ မိဘ မျက်နှာ မင်းတွေးကာ သတိရပေးပါ

အစားထိုးမရတဲ့ သက်ရှိဘုရားကိုမင်းမေ့ထားရက်ခဲ့ရင်
တနေ့  နောင်တ တရားတွေ ပွေ့ဖက်နေရမှာ
ငါစိုးရိမ်မိလို့ ပါ သူငယ်ချင့်း။

Creadit Oraginal Writer

SHARE BY Thant Zin

Coin Marketplace

STEEM 0.18
TRX 0.13
JST 0.028
BTC 64848.13
ETH 3173.84
USDT 1.00
SBD 2.55