2017 popular song

in #myanmar7 years ago (edited)

၂ဝ၁၇မှာ လူကြိုက်များခဲ့တဲ့ သီချင်းကောင်းတွေ…

အဟောင်းတွေအသစ် ဘယ်လောက်ပြောင်းပြောင်း တကယ်ကောင်းတဲ့အရာတွေကတော့ ရင်ထဲမှာကျန်နေမှာပါနော်…

၂၀၁၇ မှာပရိသတ်တွေကြိုက်နှစ်သက်ပြီး အောင်မြင်ခဲ့တဲ့သီချင်းကောင်းတွေထဲက အချို့ကို ဖော်ပြပေးချင်ပါတယ်။ ဒီသီချင်းလေးတွေက ပရိသတ်ချစ်တဲ့ အဆိုတော်တွေ သီဆိုထားတာကြောင့် ရင်ထဲ ရောက်စေခဲ့တဲ့ သီချင်းကောင်းလေးတွေလည်း ဖြစ်ပါတယ်နော်…

(၁) Message

ဒီ Message ဆိုတဲ့သီချင်းလေးကတော့ သိပ်ကောင်းတဲ့အသံပိုင်ရှင်ဖြစ်တဲ့ ဂျူဝယ်ကသီဆိုထားပါတယ်။ တေးရေးကတော့ ခံစားချက်ကောင်းကောင်းနဲ့ အလွမ်းစာသားတွေကို လက်ရာမြောက်အောင်ပုံဖော်နိုင်တဲ့ တေးရေး ဝေကြီးက ခံစားရေးဖွဲ့ထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးနားထောင်လိုက်ရရင် ဘာကိုလွမ်းလို့ လွမ်းမှန်းမသိအောင် ရင်ထဲရောက်ခဲ့ပါတယ်။ အဆိုရှင်ရဲ့ လွမ်းမောဖွယ်အသံနဲ့ သံစဉ်လေးပေါင်းစပ်လိုက်တဲ့ အခါ ပရိသတ်တွေအကြိုက် သီချင်းကောင်းလေးတစ်ပုဒ် ဖြစ်လာပါတယ်။

(၂) ဝဲ

ဒီသီချင်းလေးကတော့ တက်သစ်စအဆိုတော်သစ်လေးဖြစ်တဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး မေရီသီဆိုထားတာဖြစ်ပါတယ်။ မေရီက အဆိုကောင်းသလို သီချင်းရေးတာလည်း ကောင်းတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ထူးခြားတဲ့အသံနဲ့ သီချင်းကို လိုက်ဖက်အောင်ခံစားသက်ဝင် သီဆိုထားတာဖြစ်ပါတယ်။ ဒီသီချင်းလေးက သူမကိုယ်တိုင်ရေးစပ်သီဆိုထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

(၃) အသည်းကွဲဧည့်သည်

အသည်းကွဲဧည့်သည်သီချင်းလေးက ပရိသတ်တွေနှစ်သက်ကြတဲ့ ချိုမြိန်တဲ့အသံပိုင်ရှင် အဆိုတော်ဖြိုးပြည့်စုံ သီဆိုထား တာဖြစ်ပါတယ်။ အသည်းကွဲနေတဲ့ လူတစ်ယောက်အကြောင်းကို လွမ်းလွမ်းဆွတ်ဆွတ်ရေးဖွဲ့ ပေးတဲ့ တေးရေးကတော့ တေးရေးဝေကြီးဖြစ်ပါတယ်။ သံစဉ်အေးအေးလေးနဲ့ သီဆိုတဲ့ အဆိုတော်အသံနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ပရိသတ်ရင်ထဲထိစေမယ့် အလွမ်းသီချင်းကောင်းလေးတစ်ပုဒ် ဖြစ်လာပါတယ်။

(၄) Good Kisser

ဒီသီချင်လေးကတော့ နီနီနောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ထဲက သီချင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

သီချင်းစတိုင်လ်က ခေတ်စနစ်နဲ့ကိုက်ညီပြီး လူငယ်ကြိုက်ပုံစံသီချင်းအလန်းစားဖြစ်ပါတယ်။ စာသားအလန်းတွေနဲ့ အမိုက်စားဂီတသံစဉ်ပေါင်းစပ်လိုက်တဲ့အခါမှာတော့ အလန်းစားသီချင်းတစ်ပုဒ်ဖြစ်လာပါတယ်။ သီချင်းရဲ့MTV ကိုလည်း လန်းနေအောင်ဖန်တီးထားတာကြောင့် ပရိသတ်အကြိုက်ဆုံးသီချင်း ဖြစ်လာပါတယ်။

2017 popular song image image image ...

How old-fashioned New remain really are good things for me, please ...

The 2017 fans enjoy successful I would like to describe some of the one of the song. This song will bring the idea to the audience loved singers sang a little song ...

(1) Message

Message music around to buy the owner of a wonderful voice, Judy sang. Blogger is a good feeling to evoke lyrics work experience designed to divide the composition can compose it. Listen to the song, if you know what i a century. Combine the artist's voice when audiences became the song track.

(2) Left

The new song lovely singer Mary is sung. Mary is good songwriting is a good person. Enjoy a unique sound track suits will be singing it. Powered by hybrid song.

(3) the wrong guest

Visitors heartbroken love song fans sang full voice owner singer fat. Pluck a heartbroken man, I miss a great divide composers, composers compose. Cold iron, combined with the singer's voice when the congregation became a really good track.

(4) Good Kisser

This simple boring latest video track from the album.

Like a young music style is consistent enough and cool music. Text to colonize the solar system and the dark music when combined become a cool song. MTV music because of the idea to create and keep fresh spotlight became music.

HFS-48

Sort:  

All friend thank

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.030
BTC 60181.64
ETH 2539.45
USDT 1.00
SBD 2.46