ရှိပါစေတော့(ကိုယ့်အကြောင်းကိုသာသိ)
ကျွန်တော်အတွက်ထိုးနှက်ချက်တွေအရမ်းများလွန်းလှပါတယ်။အခက်အခဲပေါင်းများစွာနဲ့ကြုံနေရတဲ့အခိုက့်အတန့်တခုကိုရောက်နေတဲ့အချိန်တခု။စိန်ခေါ်မှုပေါင်းများစွာနဲ့ကြုံရတဲ့အနေအထားပါ။
အပြင်အလုပ်တွေ ပိနေတဲ့ကျွန်တော် ကျန်းမာရေးကမကောင်း အလုပ်ကခွင့်ယူဖို့ဘယ်လိုမှမဖြစ်နိုင်
အရေးကြီးနေတဲ့အချိန်မို့ ညဘက် OT ပါဆင်းနေရတော့
ဆေးသောက်ပြီး Run နေရတော့တယ်။နေမကောင်းတော့ စိတ်ကမရှည် စိတ်တိုင်းမကျ ပြန်ပြင်ရနဲ့ အလုပ်ကမတွင်ဘူး။
ည 10:00Pm မှအလုပ်သိမ်းတယ်။မနက် 6:00Amထပြီးအလုပ်သွားဖို့ပြင်ရတယ်။ စိတ်မပါလဲမသွားလို့ကမရတော့သွားရပြန်တယ်။စိတ်မပါဘူးဆိုတာက ကျန်းမာရေးမကောင်းလို့သာေပြောရတာပါ။အလုပ်ပိတ်ရက် Sunday တောင်နေကောင်းရင်သွားတယ်။
အလုပ်ထဲမှာကိုယ်တပည့်တွေ့ ဆူလိုက်၊ ဟောက်လိုက်၊သင်စရာရှိသင်ပေးနဲ့ တနေ့တနေ့ဒီလို ပဲဖြတ်သန်းလာရတော့
အလုပ်မှာပျော်တယ်။
Steem မှာစာရေးဖို့အချိန်မပေးနိုင်တာတော့အမှန်ပဲ။ကော်ပီ
တင်မရတာလဲသိတယ်။သို့ပေမဲ့ခုနပြောသလို အလုပ်ကမအားဘူး။(ကိုယ့်အကြောင်းကိုသာသိ)
ကျန်းမာရေးကမကောင်း အဲ့တော့ စာရေးဖို့မဖြစ်နိုင်ဘူး။
အဆင်ပြေနိုင်မဲ့postတခုကိုရှုပြီးတင်လိုက်တယ်။ ကော်ပီ တင်လိုက်တယ်။
ချီးမိရော...
မိတော့လဲမိပေါ့ဘယ်လိုပြောရမလဲ ကိုယ့်အပြစ်နဲ့ကိုပဲလေ။
မှားတာလုပ်ရင် အဲ့အမှားရဲ့အကျိုးဆက်ကို ခံစားရမှာပဲ။
စာရေးဖို့အကြောင်းအရာတွေ အများကြီးရှိနေတယ်။ရေးမယ်ဆို ရေးလို့မကုန်နိုင်ပါဘူး။
မိသားစု အကြောင်း၊ ကိုယ်နေထိုင်တဲ့မြို့သမိုင်းအကြောင်း၊
ကိုယ့်ရဲ့ဘဝအတွေ့အကြုံ၊လေ့လာမိသလောက် cryptocurrency အကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေ၊2010မှာအင်တာနက်ဆိုင်သွားပြီး ptc siteတွေ
Click ပြီး online money ရှာတဲ့အကြောင်းအရာတွေ ရေးလို့ရနေတာပဲ။ 2010 လောက်မှာCrypto ဆိုတာ မရှိသေးဘူး ထင်တာပဲ။
2010 မှာ PTC free site တွေ Click ပြီး Money ရှာခဲ့ကြတာပေါ့။အဲ့အချိန် internet shop မှာ menber card လုပ်ပြီးသုံးဖူးတဲ့သူအတော်ရှားပါတယ်။1hour =300mmk ပေးသုံးရတဲ့အချိန်...
ကျွန်တော်စသုံးတဲ့ gmail image ပါ။
အခုလဲသုံးနေတုန်းပါပဲ။
Myanmar မှာ Online Money လုပ်သူလဲမရှိသလောက်ရှားတယ်သိသူနဲသေးတယ်။ျွန်တော့အထင်ပါ။
2013/2014 မှာထင်တယ်သိပ်မမှတ်မိတော့ဘူး။ Paidvert ads click ပြီး ငွေရှာတာလုပ်ခဲ့တယ် ခေါင်း ပန်းလှန်ပြီး Game ဆော့လို့ရသေးတယ်။ဆော့တိုင်း ရှုံးတာကပိုများတယ်။ လောဘ ကြီးတာကိုး။
အခု Steemit မှာ အဲ့အချိန်ကတည်းကလုပ်ခဲ့ကြတဲ့သူ
တွေရှိချင်ရှိနေမှာပါ။Paidvert ကရတဲ့ $ $ကို Perfect money
နဲ့ထုတ်ကြတယ်။
စာမရေးချင်တော့လို့ ဒီလောက်ပါပဲ။
ဘာ ဘာ ဘာမှမသိဘူး။
အခုတော့နည်းပညာအရမ်းတိုးတက်လာ တော့ ဆ ဆရာကြီးတွေမှိုလိုပေါ်လာပါပြီ။
လူ့လောကမှာ...
လူ၂မျိုးပဲရှိတယ်။ကောင်းတဲ့လူ နဲ့ ဆိုးတဲ့လူ
သတိချပ်...အကောင်းအဆိုး အမြဲဒွန်တွဲနေပါတယ်
အားပေးနေပါတယ်။အောင်မြင်သူများဖြစ်ကြပါစေ...
Author @nyein0012
MSN,01
You got a 50% upvote from @aungzawhtwe courtesy of @nyein0012 ! its cool fee free .
Thank you