ပစ်​တိုင်း​ထောင်​လိုစိတ်​ဓါတ်

in #myanmar7 years ago

က​လေးကစားစရာ​လေး​တွေမှာ အမြဲလို​တွေ့တတ်တဲ့​အရုပ်​​လေးတစ်​ရုပ်​​ရှိတယ်​။ ချစ်​စရာမျက်​နှာသွင်​ပြင်​ကိုပိုင်​ဆိုင်​ထားပြီး အမြဲပြုံးထားတတ်​တဲအရုပ်​​လေးဖြစ်​ပြီး ငယ်​ငယ်​တုန်းကဆို အဲ့အရုပ်​​လေးကိုအရမ်းကြိုက်​ပါတယ်​။ခုလဲကြိုက်​​နေဆဲပါ။ဘာဖြစ်​လို့လဲဆို​တော့ အဲ့အရုပ်​​လေးကဘယ်​လို​နေရာကိုပဲပစ်​ပစ်​ ဘယ်​လိုအ​နေအထားမှာပဲဖိချဖိချ သူဟာချက်​ခြင်းပြန်​ထကာအပြုံးမပျက်​လို့ပါပဲ။အဲ့ချစ်​စရာအရုပ်​​လေးက​တော့ ပစ်​တိုင်း​ထောင်​​လေးပါပဲ။
ဒါ​ကြောင့်​ကျွန်​​တော်​တို့ဘဝသည်​လည်း ပစ်​တိုင်း​ထောင်​လို့​နေထိုင်​ကျင့်​ကြံရမယ်​လို့ထင်​မိပါတယ်​။ဘာဖြစ်​လို့လဲဆို​တော့ ပစ်​တိုင်း​ထောင်​အရုပ်​​လေးဟာ အမြဲတန်းပစ်​ချခံရ၊ဖိချခံရ​သော်​လည်း အားကိုးစရာမရှိ၊မည်​သည့်​ကိုမှ မအားကိုးပဲ ချက်​ချင်းပြန်​ထနိုင်​လို့ပဲ ဖြစ်​ပါတယ်​။ကျွန်​​တော့်​ဘဝမှာ ပြဿ နာအမျိုးမျိုးနဲ့ ကြုံ​တွေရင်​ဆိုင်​ရပြီး စိတ်​ဆင်းရဲဒါ၊တစ်​ခါတစ်​​လေ​နှိမ်​ချ​ပြောဆိုမှု​တွေ​ကြောင့်​ စိတ်​ဓါတ်​ကျသွားဒါ​တွေလဲရှိမှာပါ။အဲ့လိုဖြစ်​လာပြီး(သို့မဟုတ်​)အခဲက်​အခဲနဲ့ရင်​ဆိုင်​​တွေ့ကြုံလာရပြီးဆိုရင်​ကျွန်​​တော်တို့​​တွေဟာ ပစ်​တိုင်း​ထောင်​လို စိတ်​ဓါတ်​ထားပြီး ဘယ်​​တော့မှအရှုံးမ​ပေးတဲ့အကြည့်​နဲ့​ခေါင်းကို​မော့ကာ အခက်​အခဲမှန်​သမျှကို ရင်​ဆိုင်​နိုင်​ရပါမယ်​။ ပတ်​ဝန်းကျင်​က မည်​သို့ပဲ​ပြော​ပြော၊ အခြားအဖွဲ့အစည်း​တွေက မည်​သို့ပင်​ ဖိနှိပ်​မှု​တွေလုပ်​ပါ​စေ ကိုယ့်​ရဲ့အနာဂတ်​အတွက်​မလဲကျဘဲ၊ ပစ်​တိုင်း​ထောင်​အရုပ်​​လေးလို ချက်​ချင်းပြန်​ထကာ​မှောင်​မိုက်​တဲ့အနာဂတ်​ကို ပြုံးပြုံးကြီးနဲ့ရင်​ဆိုင်​ဖြတ်​တန်းလိုက်​မယ်​။
"ခင်​ဗျားကိုနှိမ်​ချတဲ့ အကြည့်​​တွေနဲ့ကြည့်​တဲ့အခါ ရဲဝံ့ပြတ်​သားစွာပြန်​ကြည့်​ပါ။
ဘယ်​​တော့မှအရှုံးမ​ပေးတဲ့စိတ်​ဓါတ်​နဲ့ အနိုင်​ရ​အောင်​ပြန်​ယူ
ဘယ်​သူ​တွေစွန့်​ပစ်​ထားထား ဘဝကိုတည့်​​အောင်​​ထောင်​ထားနိုင်​သူ
ငါတို့ဟာ ပစ်​တိုင်း​ထောင်​လိုမလဲကျဘူး။" imageA-8

Sort:  

ဟုတ်​​ကျေးဇူးပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by nyeichanaung from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကောင်းတယ်​ဗျ

ကျေးဇူးပါ ကို​အောင်

ဟုတ်​ကဲ့

This post has received a 0.24 % upvote from @drotto thanks to: @banjo.

အမှန်ပေါ့ အကိုရာ

Thank you for your comment

ဟုတ်​ကဲ့ပါ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54642.70
ETH 2317.98
USDT 1.00
SBD 2.33