Dad grace
ကျနော်သည် တစ်ခါတစ်ရံ ဘုဆက်ဆက် ဂျစ်ကန်ကန် စကားများပြောတတ်လေသည်။ "၂၀၁၀"ပြည့်နှစ် သည်ဖက်ကာလတွင် အမေဟူသောအသံများကို လျှံနေအောင်ကြားရသည်။"အမေနေ့" ဆိုကာ သတ်မှတ်ချမှတ်ပြီး ထိုနေ့ကိုခမ်းခမ်းနားနားကျင်းပလေ့ရှိသည်။ ထိုအခန်းအနားတွင် အမေ့အကြောင်းကိုဟောပြောသောအခါ ကျနော်သည်အမေ့ရဲ့ ကျေးဇူးကြီးပုံ မေတ္တာကြီးပုံကို ပို၍သိလာရပါသည်။ ဒါပေမဲ့ကျနော်တို့လူဖြစ်လာတာဟာ အမေ့တစ်ယောက်တည်းကြောင်းမဟုတ်ဘဲ အဖေလည်းပါတယ်။ ဒါကြောင့်အဖေ့ကျးဇူးသည်လည်းအလွန်ကြီးမှားပါတယ်။ ကျနော်ငယ်ရွယ်အခါက အဖေကွယ်လွန်သွားသဖြင့် အဖေ့ရဲ့ကျေးဇူးကြီးမားပုံကို ကျနော်မသိခဲ့ပါ။အဲ့ချိန်တုန်းက အဖေသည် အစိုးရဝန်ထမ်းဖြစ်သောကြောင့် တာဝန်ကြရာ ကရင်ပြည် ကော့ကရိတ်မြို့မှာ တာဝန်ထမ်းဆောင်ရင်း အမေနဲ့ စတွေ့ပြီး မိသားစုဘဝကိုထူထောင်ခဲ့ကြပါ။ အဖေ့ရဲ့ အိမ်ထောင်သတ်သုံးနှစ်မြောက်မှာ အကိုကြီးကိုမွေးပြီး နောက်သုံးနှစ်မြောက်မှာ အလတ်ဖြစ်ဖြစ်တဲ့ ကျနော့်ကိုမွေးပြီး ခုနစ်နှစ်မြာက်မှာ အငယ်ဆုံးဖြစ်တဲ့ညီလေး မွေးပါတယ်။ အဖေကာရုံးမှာ စာရိုက်ရသူတစ်ဦဖြစ်ပါတယ်။ အဖေ့ဟာကျနော်တို့မိသားစုအပေါ်မှာကောင်းသလောက် အရက်မူးလာတိုင်းအမေ့နဲ့အမြဲစကားများပါတယ်။ အဲ့လိုအချိန်မျိုးဆို ကြောက်လည်းကြောက်ငိုလဲခိုခဲ့ရပါတယ်။အဲ့လိုအချိန်မျိုးဆို ကျနော်အဖေ့ကို လုံးဝကြည့်မရပါ။ ဘာလို့အရက်တွေသောက်ပြီး မိသားစုအပေါ် ပြဿနာပြန်လာရှာလဲ ဆိုပြီးတော့။အဖေမူးပြီးပြဿနာရှာတိုင်းလဲအမေငိုခဲ့ရပါတယ်။အဖေ မမူးတဲ့နေ့တွေဆို ကျနော်တို့မိသားစုအတွက် ပျော်ရွှင်စရာနေ့ရက်လေးပါပဲ။ အလိုနေ့မျိုးဆို ကျနော်အဖေ့ပေါင်ပေါ်မှာ အိပ်ပြီးအဖေအရက်မသောက်ပါနဲ့တောလားလို့ မေးမိတယ်။အဖေ့ကတော့ ပြုံးစိစိ့ နဲ့တချိန်ကျရင်အရက်ဖျက်မှာပါလို့ ပြောတယ်။ဒီလိုနဲ့ကျနော်သုံးတန်းတတ်တဲ့နှစ် ကျောင်းတော်ကြီးစဖွင့်တဲ့နေ့ တစ်လလောက်မှာ အဲ့နေ့ကျနော်ကျောင်းသွားတဲ့ေ့ပေါ့။နေ့လည်ကျောင်းဆင်းချိန် အိမ်ပြန်လာတော့ အမေ့က မျက်နှာမကောင်းရှာ၊အဖွားကကျတဲ့မျက်ရည်တွေကိုသုတ်လျက် ကျနော့်ကိုတွေ့တော့ အဖွားက မြေးလေး နင့်အဖရှုံးပြီး မရှိတော့ဘူးဆိုပြီးတော့ပြောတယ် ကျနော်ကလည်းအဖေ့ရဲ့အလောင်းကိုမြင်ချင်တော့ အဖေ့အလောင်းဘယ်မှာလဲလို့ မေးမိတယ်။ အမေဖြေတော့ သားအဖေအလောင်းက ခုဆေးရုံမှာ သေရှုံးမှုမှာ မသင်္ကာလို့ ဆေးရုံကိုစစ်ဆေးဖို့ပို့လိုက်တယ်။ အဖေဘယ်လိုရှုံးတာလဲအမေ့မေးတော့ လည်ပင်းမှာကြိုးကွင်းစွပ်အသတ်ခံရတာတဲ့ သူရုံးခန်းမှာ သူကိုယ်တိုင်ပဲ သူကိုယ်သူအရှုံးစီရင်သွားတာလား သူများပယောဂကြောင့်လားတော့ ခုထိ အဖြေရှာမရခဲ့ပါ။ တစ်ရက်နှစ်ရက်လောက်ကြာတော့ ဆေးရုံက စစ်ဆေးချက်အရ ဘာမှမတွေ့ရှိရကြောင်း အလောင်းကို သူတို့ကသင်္ဂြလ်ပေးလိုက်ပြီး အိမ်မှာပဲ ကျနော်တို့မိသားစုသံဃာတော်ပင့်ပြီးရေစပ်ချအမျှဝေခဲ့ပါတယ်။ခုချိန်ဖေကွယ်လွန်ခဲ့တာ ဆယ်ငါးနှစ်နီးပါးတောင်ရှိပါပြီး။အဖေ့မရှိတော့တဲ့နောက် နေ့တွေဟာ ကျနော်တို့မိသားစုအလွန်ရုန်းကန်ရတဲ့နေ့တွေပါပဲ။ ကျနော့်သူငယ်ချင်းတွေ မိဘစုံလင်စွာနဲ့ စုံးညီပွဲတော်သွားတိုင်း ကျနော်ဝမ်းနည်းဖူးပါတယ်။ အဖေ့မရှိတော့တဲ့နောက်ပိုင်းစားဝတ်နေရေးဟာလည်းခက်ခဲလာသလို့ ကျောင်းစရိတ်ကလည်းသိပ်မတတ်နိုင်ပါ။ဒါမယ့် အမေ့ဟာ ကျနော်တို့ကို ကျောင်းမထွက်ခိုင်းပဲ ပညာကိုယ်ပဲဆက်လျက်သင်ယူစေပါတယ်။သည်လို့နဲ့အခုကျနော်တောင် တက္ကသိုလ်ရောက်နေပါပြီးအဖေ။အဖေသာခုချိန်ထိ ရှိနေသေးရင်အရမ်းပီသိဖြစ်မယ်လို့ကျနော်ထင်ပါတယ်။နှစ်တွေလ တွေသာပြောင်းသွား မယ်ကျနော့်ရင်ထဲမှာ အဖေ့ဟာမပြောင်းလဲပဲ ထာဝတည်ရှိနေမှာပါ။အဖေ့မွေးနေ့၊အဖေများနေ့ရောက်တိုင်း အမေ ၊အကို၊ညီလေးနဲ့အတူ စေတီဘုရားမှာ ဆီမီးပူဇော် စုတောင်းမေတ္တာ ပို့ပြီး အဖေ့ကောင်းရာဘုံဘဝ ရောက်ပြီး ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ပါစေလို့ အမြဲသွားရောက်စုတောင်းနေတုန်းပါ။အဖေ့ကိုအရမ်းသတိရသောချစ်လှစွသောသားလတ်။
HFS-12
အားပေးတယ်
Thanks bro
Thz bro
Good
ဟုတ် bro
အားပေးဒယ်bro
Thz bro