အချိန်​ကိုအကျိုးရှိရှိအသုံးချခြင်းဖြင့်​ ဘဝပန်းတိုင်​​လျှောက်​လှမ်းခြင်း

in #myanmar6 years ago (edited)

imagephoto credit
အားလုံးပဲမင်္ဂလာပါလို့ steemit မိတ်​​ဆွေများကို နှုတ်​ဆက်​လိုက်​ပါတယ်​။ ခုကျ​နော်​​ရေးခြင်​တဲ့ အ​ကြောင်းအရာက​တော့ အချိန်​ကိုအကျိုးရှိရှိအသုံးချခြင်းဖြင့်​ ဘဝပန်းတိုင်​​လျှောက်​လမ်းခြင်းပဲ ဖြစ်​ပါတယ်​။အချိန်​ဆိုတာ ကျ​နော်​အတွက်​တန်​ဖိုးမဖြတ်​နိုင်​တဲ့ အရာတစ်​ခုဖြစ်​သလို ၊တန်​ဖိုးကြီးတဲ့အရာတစ်​ခုဆိုတာ အချိန်​ရဲ့တန်​ဖိုးကို နားလည်​တဲ့လူတိုင်းသိကြမှာပါ။ သင့်​ကိုသင်​​ငွေ​ကြေးအင်​အားနည်းလို့ တစ်​ချိန်​ကြရင်​ မချမ်းသာလာနိုင်​ဘူးလို့ မထင်​လိုက်​ပါနဲ့။ငွေ​ကြေးအင်​အား ရှိတဲ့လူ​တွေကလည်း တစ်​ချိန်​ကြရင်​ မဆင်းရဲနိုင်​ဘူးလို့ မဆိုလိုနိုင်​ပါဘူး။ ဒါ​တွေဟာအချိန်​ကို အကျိုးရှိရှိ အသုံးချခြင်း​ပေါ်မှာသာ သက်​ဆိုင်​ပါတယ်​။ ဥပမာအားဖြင်​​ပြောရမယ်​ဆိုရင်​ အသက်​(၁၃)နှစ်​သာ ရှိ​သေး​သော​ကောင်​​လေးတစ်​​ယောက်​သည်​​ငွေ​ကြေး ချမ်းသာ​သော မိဘအသိုင်းအဝိုင်းက​မွေးဖွားလာသူ မဟုတ်​ခဲ့​သော​ကြောင့်​ သူ၏​နေ့ခင်းအချိန်​များတွင်​ ကားလမ်း​ဘေး​ပေါ်မှ သတင်းစာများလိုက်​​ရောင်း​နေခဲ့ရတယ်​။ ဘဝ​ပေးအ​ခြေအ​နေမ​ကောင်း၍ အတန်းပညာပင်​​ကောင်း​ကောင်း မတတ်​လိုက်​ရ​ပေမဲ့ သူ​ရောင်းရ​သောသတင်းစာများမှ​​ငွေများကိုစုပြီး သူစိတ်​ဝင်​စား​သောစမ်းသတ်​မှုများ အတွက်​ကရိယာတန်​ဆာပလာများကို ဝယ်​ယူစု​ဆောင်းခဲ့တယ်​။ပြီး​တော့ သူကိုယ်​တိုင်​ အချိန်​များကိုအကျိုးရှိရှိအသုံးချခဲ့တယ်​။သူ့ရဲ့စိတ်​ဆန္ဒပြင်းပြမှုနဲ့ အချိန်​ကိုအကျိုးရှိရှိအသုံးချခဲ့​သော​ကြောင့်​ သူဟာ​အောင်​မြင်​​ကျော်​ကြားတဲ့ လူတစ်​​ယောက်​ဖြစ်​လာခဲ့တယ်​။ကဲ... ဒါဆို ထို​ကောင်​​လေးက ဘယ်​သူဖြစ်​မလဲဆိုတာ စာဖက်​သူ steemit မိတ်​​ဆွေတို့လည်း သိချင်​ကြမယ်​လို့ ထင်​မိပါတယ်​။ သူက​တော့တစ်​ကမ္ဘာလုံးမှာရှိတဲ့ လူသား​တွေရဲ့ညအ​မှောင်​ကို အလင်း​ရောင်​များ​ပေးခဲ့တဲ့ ၊နိုင်​ငံတိုင်းလိုလိုက​လေးစားအားကြရတဲ့ ကျွန်​​တော်​တို့ရဲ့​ကျေးဇူးရှင်​ အက်​ဒီဆင်​ပဲ ဖြစ်​ပါတယ်​။ imagephoto credit
အားကြရ​တဲ့​နောက်​ထပ်​တစ်​​ယောက်​​တော့ အ​မေရိကန်​နိုင်​ငံရဲ့ (၁၆)​ယောက်​​မြောက်​ဖြစ်​တဲ့ သမ္မတလင်​ကွန်း ပဲဖြစ်​ပါတယ်​။သူဟာကုန်​စုံဆိုင်​​လေးတစ်​ခုမှာ လခစား​ဈေး​ရောင်း​နေရတဲ့​​ကောင်​​လေးတစ်​​ယောက်​ဖြစ်​ခဲ့ပြီး​ဈေး​ရောင်းရင်းနဲ့ သူစိတ်​ဝင်​စားတဲ့ ဥပ​ဒေနှင့်​ပက်​သက်​တဲ့ စာများကိုပါ​လေ့လာခဲ့ပါတယ်​။သူဟာ နာမည်​​ကျော်​ကြားသူများရဲ့အ​ဟောအ​ပြော​တွေကို မှတ်​သား​လေ့ရှိပြီး အားလပ်​ချိန်​များတွင်​ တစ်​ဦးတည်းသာ အ​ဟောအ​ပြော​လေ့ကျင့်​ခဲ့ပါတယ်​။တစ်​​နေ့​တော့သူဟာ အ​ဟောင်းဆိုင်​ထဲမှ သစ်​သားစည်​ပိုင်းတစ်​ခုကို ဝယ်​ယူခဲ့ပြီး ထိုစည်​ပိုင်းအတွင်းမှ ဥပ​ဒေနှင့်​ပက်​သက်​​သော စာအုပ်​များပါလာခဲ့ကာ၊ ထိုစာအုပ်​များကို​လေ့လာမှတ်​သား လက်​​တွေ့အသုံးချရာမှ ဥပ​ဒေဆိုင်​ရာ ကျွမ်းကျင်​သူဖြစ်​လာခဲ့ပါတယ်​။နောက်​ပိုင်း​တွင်​​တော့ တိုင်းပြည်​ကိုပါ အုပ်​ချုပ်​သူတစ်​ဦးဖြစ်​လာခဲ့ပါတယ်​။ imagephoto credit
ထို​လေးစားအားကြရတဲ့ သူတို့နှစ်​ဦးကိုကြည့်​ခြင်းအားဖြင့်​ သူတို့​တွေဟာ​ငွေ​ကြေးချမ်းသာကြတဲ့ မိဘအသိုင်းအဝိုင်းက​မွေး​ဖွားလာကြတဲ့ လူ​တွေမဟုတ်​ပါဘူး၊သူတို့​တွေရဲ့​အောင်​မြင်​မှုဟာ ငယ်​ငယ်​ကတည်းကအချိန်​​တွေ​ကို အကျိုးရှိရှိအသုံးချခဲ့ကြလို့ပဲ ဖြစ်​ပါတယ်​။ဒါ​ကြောင့်​ ကျွန်​​တော်​တို့ကြုံ​တွေ့​နေရတဲ့ ဘဝအခက်​အခဲ​တွေကို အပစ်​တင်​​နေမည့်​အစား ထိုဘဝကြမ်း​တွေကို ကျွန်​​တော်​တို့က ဇွဲရှိရှိ၊လုံ့လရှိရှိနဲ့​ကျော်​ဖြတ်​ဖို့ပဲလိုပါတယ်​။ထိုအရာ​တွေနဲ့ ကျွန်​​တော်​တို့ရဲ့ကိုယ်​ပိုင်​ အချိန်​​တွေကို အကျိုးရှိရှိအသုံးချခြင်းနဲ့​ပေါင်းစပ်​လိုက်​​သောအခါ ကြီးမား​သော​အောင်​မြင်​မှုဟာ ကျွန်​​တော်​တို့အတွက်​ပင်​ ဖြစ်​ပါတယ်​။ကျွန်​​တော်​တို့ လူငယ်​​တွေဟာဘဝသက်​တမ်းအရ အချိန်​ကိုသတ်​မှတ်​ဖို့လိုအပ်​ပြီး ကျွန်​​တော်​တို့အသက်​ဘယ်​​လောက်​တွင်​ ဘာဖြစ်​ရမည်​၊ဘာလုပ်​နိုင်​ရမည်​ စသည်​ဖြစ်​ အချိန်​ကိုခွဲ​ဝေတတ်​ရမယ်​လို့ ထင်​မိပါတယ်​။ခင်​ဗျားအသက်​နှစ်​ဆယ်​​ကျော်​အတွင်း ဘဝရည်​မှန်းချက်​အတွက်​ ဘာ​တွေလုပ်​ပြီးပြီးလဲ၊ထိုအရာ​တွေအတွက်​ ခိုင်​မာတဲ့ဆုံးဖြတ်​ချက်​​တွေ​ ချပြီးပြီးလား။ဆုံးဖြတ်​ချက်​​တွေ မချမှတ်ရ​သေးရင်​​တော့ ခုကတည်းကအစီအစဉ်​များကို စ​ရေး​ဆွဲရ​တော့မယ်​၊​ရေးသားထားတဲ့အစီအစဉ်​များကို စစ်​​ဆေးပြီးကာလတစ်​ခုအတွင်း အ​ကောင်​အထည်​​ဖော်​နိုင်​ရ​တော့မှာ ဖြစ်​ပါတယ်​။
တကယ်​​တော့ကိုယ်​ရည်​မှန်းထားတဲ့ ဘဝပန်းတိုင်​​ရောက်​ဖို့ဆိုရင်​ ဆင်းရဲခြင်း၊နိမ့်​ကျခြင်းနှင့်​ မသက်​ဆိုင်​ပဲ သင့်​မှာရှိတဲ့အချိန်​နဲ့ အခွင့်​အ​ရေး​တွေကို အကျိုးရှိရှိအသုံးချတတ်​ဖို့ပဲ လိုအပ်​ပါတယ်​။သင့်​ရဲ့ဘဝကို အကျိုးရှိတဲ့ အစီအစဉ်​​တွေဆွဲ​ပြီး အချိန်​ကိုအကျိုးရှိရှိအသုံးချခြင်းဖြင့်​ သင့်​တစ်​​နေ့​အောင်​မြင်​တဲ့လူဖြစ်​လာလိမ့်​မယ်​ဆိုတာ ကျွန်​​တော်​ယုံကြည်​ပါတယ်​။
MSU-028

Sort:  

good writing bro...

You receive vote 100 % Vote From @sattpaing. Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msuIMG_20180420_115856.jpg

Thanks you for your support!

ကျေးဇူးပါ bro

Loading...

တစ်​​နေ့​တော့​ရောက်​မှာပါ
ဆိုတာ​လေးနဲ့ရည်​မှန်းပြီးကြိုးစား​နေရတာပဲ

ဟုတ်​ပါတယ်​ bro ရည်​မှန်းချက်​နဲ့ကြိုးစားကြတာ​ပေါ့

ဗဟုသုတ ရပါတယ်ဗျာ
@aggamun

ကျေးဇူးပါ ဗျာ

ကြိုးစား​ညေး

ဟုတ်​ကို​အောင်​ကြိုးစားတုန်း

30688195_442396722853716_3392771258985742336_n.jpg

You got 100% Vote From @dpakyaw . Because You Tag msu. MSU is Myanmar Steemit User Group.

Good Luck
#msu

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.034
BTC 65139.82
ETH 3206.69
USDT 1.00
SBD 4.16