တစ်ထောင်ဖိုး ရေသန့် ၃ဗူး
မန္တလေး မှာ သီတင်းကျွတ်၊ တန်ဆောင်မုန်းလများက ဘုရားပွဲ၊ ကထိန်ပွဲများဖြင့် စည်ကားနေသည့်လများဖြစ်သည်။
ကျမတို့ရပ်ကွက်တောင်ဖက်ရှိ ရပ်ကွက်က ဘုရားပွဲ
ကျင်းပသဖြင့် ဘုရားပွဲဈေးတန်းပတ်ရင်း ဓာတ်ပုံ
ရိုက်ခဲ့သည်။
ပွဲဈေးတန်းမှာ ဘောလုံး ၆လုံးကိုတစ်ထောင်နဲ့
ပစ်ကြည့်ခဲ့သည်။ ရေသန့်ဗူးနှင့် အချိုရည်ဗူးများကို
ဘောလုံးဖြင့်ပစ်ရသည်။ ပစ်၍ အောက်ပြုတ်ကျ
သည့် ဗူးများကိုယူရသည်။
လက်တည့်စမ်းကြည့်တာ ရေသန့်ဗူး ၃ ဗူးသာရရှိခဲ့သည်။ တစ်ထောင်ဖိုး ရေသန့် ၃ဗူးပေါ့ 😁။
Author @nweoomon
Photo @nweoomon
12-11-2018
ဟ ရေသန့် ၃ဗူးတောင်ရတယ် လက်တည့်တာပ
ဒါတောင် စစချင်း ဘီယာဘူးကရှေ့ကျလို့ မရလိုက်ဘူး
အော်အော် ဘီယာဗူးများကျရင်
နောက်ထပ် ထပ်ပစ်မယ့်သဘောပေါ့နော်