သဗ္ဗေသတ္တာ ဘေးအိမ်မပါ

in #myanmar6 years ago (edited)

တစ်နေ့က လမ်းလျှောက်ရင်း အပြန်မှာ ဆုတောင်းပြည့် ဘုရားဝင်ဖူးရင်း အသိအန်တီကြီးတစ်ယောက်နဲ့ တွေ့တယ်။ အသိနဲ့တွေ့တာ မဆန်းပါဘူး။ ဆန်းတာက အဲ့ဒီအန်တီကြီး ဘုရားကန်တော့တာပါပဲ။ ကျမဘုရား ရောက်တော့ အဲ့ဒီအန်တီကြီးနဲ့မနီးမဝေးမှာ ထိုင်ပြီး ကန်တော့ပါတယ်။ ဘုရားကန်တော့ပြီး မြတ်စွာဘုရားရဲ့ မျက်နှာတော်ကို ထိုင်ပြီး ဖူးမျှော်ရင်း ဘုရားဂုဏ်တော် လေး ကိုစိတ်ထဲကနေ ပွားများနေမိပါတယ်။

image

နားထဲမှာတော့ အသိအန်တီကြီးရဲ့ ဘုရားရှိခိုးသံ ကြားနေ ရတာပေါ့။ အန်တီကြီးရဲ့ ဘုရားကန်တော့ပြီး မေတ္တာပို့သံကြားရတော့ စိတ်ထဲမှာ အံ့သြသွားပါတယ်။ သူမေတ္တာပို့ပုံက ”သဗ္ဗေသတ္တာ ဘေးအိမ်မပါ ကျန်းမာ ချမ်းသာကြပါစေ” တဲ့။ ကျမလဲ ”ဟင်” ဆိုပြီး လှည့်ကြည့်မိသွားတယ်။ အန်တီကြီးကတော့ လုပ်ရိုး လုပ်စဉ်တစ်ခုလိုပဲ မေတ္တာပို့သွားတာပါ။

ကျမလဲ နောက်နေ့တွေကျ အဲ့ဒီအန်တီကြီးနဲ့ သူ့ရဲ့
အိမ်နီးချင်းကိုသတိထားကြည့်မိတယ်။ မေတ္တာပို့တာ ကွက်ချန်ခဲ့ရတဲ့အကြောင်းကို သိချင်တာကိုး...။ အဲ့ဒီအန်တီကြီးကိုလည်းသိတယ်။ သူ့အိမ်နီးချင်းကို လည်း ကျမသိပါတယ်။ အန်တီကြီးနဲ့ ဘေးအိမ်နီးချင်း ရန်ဖြစ်တာ၊ မခေါ်တာတွေလဲမရှိပါဘူး။ခေါ်ခေါ် ပြောပြော ရင်းရင်းနှီးနှီးပါပဲ။ အဲ့ဒါဆို မေတ္တာပို့တာ ဘာလို့ကွက်ချန်ခဲ့ပါလိမ့်။

image

ခေါင်းစားတယ်...။ သာမန်ဆို သူမေတ္တာပို့တာ အိမ်နီးချင်း ကို ချန်ပြီး မေတ္တာပို့တယ်။ပြီးပြီပေါ့။ ဒါပေမယ့် ကျမအတွေးက အဲ့ဒီမှာ ရပ်မနေပါဘူး။ မေတ္တာပို့တာပဲ။ ဘာပိုက်ဆံမှမကုန်ဘူး။ ကိုယ့်ထဲကလဲ ဘာမှ ယုတ်လျော့သွားတာမဟုတ်ဘူး။ ဒါကိုတောင် သူက အဲ့ဒီအိမ်နီးချင်းကို မေတ္တာပို့တဲ့အထဲ မထားနိုင် ရတာလဲ။

image

သဗ္ဗေသတ္တာ ဝေနေယျာ ကျန်းမာချမ်းသာကြပါစေနဲ့ သဗ္ဗေသတ္တာ ဘေးအိမ်မပါ ကျန်းမာချမ်းသာကြပါစေက စကားလုံးအများကြီးမကွာပါဘူး။ ဒါပေမယ့် စိတ်ဓာတ် အဆင့် အများကြီးကွာသွားတယ်။ ပြောရရင် အဲ့ဒီ အိမ်နီးချင်းက ဒီနှစ်ထဲ စီးပွားရေအဆင်ပြေလာပုံရ တယ်။ အမွေရထားတယ်လို့ကြားတာပဲ။ ဒီလိုဖြစ်တာ မြင်ရတော့ 3 idots ဇာတ်ကားထဲကစကားတစ်ခွန်း တောင် အမှတ်ရသွားတယ်။

image

”သင့်သူငယ်ချင်း ကျရှုံးလျှင် ဝမ်းနည်းသည်။
ထိုသူငယ်ချင်းက အောင်မြင်မှုထိပ်ဆုံးရောက်နေလျင် ပို၍ ဝမ်းနည်းသည်” တဲ့....။ အဲ့ဒါလူ့သဘာဝပဲ ထင်ပါတယ်။ အများစုက ကိုယ့်ထက်နိမ့်ကျရင် သနား တတ်တယ်။ ကူညီပေးချင်ကြတယ်။ ကိုယ့်ထက်သာ တော့မယ် ဆိုရင်တော့ မနာလိုကြတော့ဘူး။ မေတ္တာ မထား နိုင်တော့ဘူး။ မုဒိတာမပွားနိုင်ကြတော့ဘူး။

တကယ်တော့ အန်တီကြီးကို ကျမတို့က စိတ်ရင်း
ကောင်းသူ၊ ကူညီတတ်သူ၊ သနားကြင်နာတတ်သူ အနေနဲ့ သိထားကြတာပါ။ တကယ်လဲ တခြားသူတွေကို ကူညီပေးတာမြင်ဖူးပါတယ်။ဒါပေမယ့် သူ့ရဲ့ကူညီ ကြင်နာတဲ့စိတ်ဟာ အိမ်နီးချင်းအပေါ်မှာတော့
မသက်ရောက်ပါဘူး။

image

တကယ်တော့ သတ္တဝါတွေအကုန်လုံးကို ခြုံငုံပြီး မေတ္တာ ပို့တာဟာ တစ်နည်းအားဖြင့် နှုတ်၏ စောင်မခြင်း တစ်မျိုးပါ။ အခြားသူတွေအပေါ်တောင် ကာယကံ မြောက် ကူညီပေးပြီး ဒီအိမ်နီးချင်းကျမှ နှုတ်၏ စောင်မခြင်ဖြင့်တောင် မေတ္တာမပို့နိုင်တဲ့ အန်တီကြီးကို အခြားသူတွေက ဘယ်လိုပဲ စိတ်ရင်း ကောင်းတယ် ပြောပြော ကျမကတော့ ရာနှုန်းပြည့်မထောက်ခံပါဘူး။ သူ့ရဲ့စိတ်ရင်းအမှန်ကို ကျမတစ်ယောက်ပဲ သိလိုက်ရ လို့ပါ။

image
Photo from facebook

တွေ့ဖူးတယ်....အဲ့ဒီလိုလူမျိုး
ကြုံဖူးတယ်....အဲ့ဒီလိုအဖြစ်မျိုး

အားလုံးအပေါ် တူညီမေတ္တာ ထားနိုင်ကြပါစေ။

Author@nweoomon
Photo@nweoomon & facebook
5.6.2018

Sort:  

အိုး စွန်းကြိုက်တာ အောက်ဆုံး ဖိုတိုလေးကို 😁

အာ့ကြောင့် သဗ္ဗေသတ္တာ မှာ ဘေးအိမ်မပါတာပေါ့

You got a 2.42% upvote from @emperorofnaps courtesy of @nweoomon!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

အမှန်က ဒီpost ကိုဖတ်ပြီးမှ ကျွန်တော့် post ကိုဖတ်သင့်တာ။

ခုမှဖတ်လဲ မှီပါသေးတယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 58450.19
ETH 2652.63
USDT 1.00
SBD 2.43