ငါမသိဘူး (ဇာတ်သိမ်းပိုင်း)

in #myanmar6 years ago (edited)

https://steemit.com/myanmar/@nweoomon/ngamthibau

ရခိုင့်ရဲ့အကျင့်က ဥပမာ ktv မှာ ငွေဆယ်သိန်းဖြုန်းလိုက်ပေမယ့် အလှူခံမဏ္ဍပ်မှာ ၁၀၀၀ လောက်ပဲ လှူတတ်သလိုမျိုး၊ သူကြည်ဖြူရင် သူငယ်ချင်းကိုလေးငါးသိန်း ဘတ်ကနဲပေးတတ်ပေမယ့် လုပ်ငန်းကိစ္စမှာ ငါးရာတစ်ထောင်ကစ ပြန်အမ်းပေးရတယ်။

မှုံကြီးကိုတော့ သူတော်တော်သဘောကျတယ်။
မှုံကြီးကလည်း သူငယ်ချင်းကို ကလိန်ကကျစ်လုပ်ဖို့ဝေးလို့ ရခိုင့်စီးပွားကို သူ့စီးပွားလို အားကျိုးမာန်တက်လုပ်သေးတယ်။ ရခိုင်ကလည်း မှုံကြီးက သူ့အပေါ်ရိုးသား စေတနာထားမှန်းသိတော့ မှုံကြီးအပေါ်လက်ဖွာတယ်။

image

ပြီးခဲ့တဲ့သင်္ကြန်တုန်းက မှုံကြီးအဝတ်အစားဝယ်ဖို့ ငွေဆယ်သိန်း ထုတ်ပေးတယ်။ ကြားထဲမှာ စာရင်းရှင်း
ပြီးတိုင်း ငါးသိန်း၊ ဆယ်သိန်း မုန့်ဖို့ပေးတတ်သေး
တယ်။ ရခိုင်လက်ဖွာတော့ ရခိုင့်ဘေးမှာ မှုံကြီးလို
အခိုင်းခံချင်သူတွေအများကြီးပေါ့။ ရခိုင်ငြိုငြင်မှာ လဲ သေမလောက်ကြောက်ကြတယ်။ အဲ့သူငယ်ချင်း
တွေကို ခိုင်းပေမယ့် လစာပေးထားတယ်။ မှုံကြီးကို
တော့ လစာမပေးပဲ လုပ်ရည်ကိုင်ရည်ပေါ် မူတည်
ပြီးကြည့်ပေးတယ်။

image

ပြောချင်တဲ့အပိုင်းကိုရောက်ပါတော့မယ်။ ပြီးခဲ့တဲ့လက ရခိုင်က လုပ်ငန်းတစ်ခုလုပ်ဖို့ သူသူငယ်ချင်း
တဖြစ်လဲ အလုပ်သမားတွေကို မြေကွက်တစ်ကွက် ရှာခိုင်းထားပါတယ်။ မြေကွက်နေရာရှာတွေ့တာက ဝဏ္ဏပါ။ ရခိုင်က မှုံကြီးကိုမြေနေရာငှါးဖို့် လုပ်ခိုင်းပါတယ်။ ရခိုင်က တစ်နေရာတည်းမနေပါဘူး။ ခရီး
တွေလှည့်ထွက်နေရတာများပါတယ်။

image

ကိစ္စပြီးတော့ ဝဏ္ဏက မှုံကြီးကို ရခိုင့်ဆီက ပွဲခ
တောင်းပေးဖို့ အပူကပ်ပါတယ်။ မှုံကြီးက ဝဏ္ဏ
အဆင်မပြေမှန်းသိတော့ ပြောကြည့်မယ်ဆိုပြီး
မယုတ်မလွန်ဖြေပါတယ်။ ရခိုင်မန်းလေးလာတော့ စာရင်းတွေရှင်းရင်း ဝဏ္ဏကို မြေကွက်အတွက် ပွဲခ
တောင်းနေကြောင်း ပြောပြတယ်။ ရခိုင်က ”ဝဏ္ဏကကွာ..ငါလခပေးနေထားတာ ပွဲခလိုချင်နေသေးတာလား၊ နှစ်သိန်းပေးလိုက်” ဆိုပြီး ပြောတယ်။

image

နောက်ရက် ရခိုင် ရန်ကုန်ပြန်သွားသည်။ မှုံကြီးလဲ
ဝဏ္ဏကို ပွဲခနှစ်သိန်းပေးခိုင်းထားကြောင်း ဝဏ္ဏဆီ
ချက်ချင်းဖုန်းဆက်ပြောတယ်။ ထိုညနေတွင် ရခိုင်က ဝဏ္ဏဆီ ပွဲခတောင်းသလားဟု ဖုန်းဆက်မေးရာ
ဝဏ္ဏက ”ဟင်..ဟုတ်လား ငါမသိဘူး” ဆိုပြီး
ပြန်ဖြေတယ်။ အဲ့မှာသွားပြီလေ။
ရခိုင်က မှုံကြီးကိုကြားထဲက ဝဏ္ဏနာမည်သုံး
ပြီး ပွဲခယူတယ်ထင်သွားတာပေါ့။ ရခိုင် ရန်ကုန်က
ပြန်လာတော့ မှုံကြီးဆီအပ်ထားတဲ့ငွေတွေ အကုန်
ပြန်တောင်းတော့ မှုံကြီးသိလိုက်ပြီ။

image

နောက်ပိုင်းကျ ရခိုင်က အလုပ်ကိစ္စတွေမှုံကြီးမခိုင်း တော့ဘဲ ဝဏ္ဏကိုပဲခိုင်းတော့တယ်။ ဝဏ္ဏကလဲ ရခိုင်က ဘာ့ကြောင့် မှုံကြီးကိုမခိုင်းဘဲ သူ့ပဲခိုင်းတယ်ဆိုတာသိတယ်။ မှုံကြီးကလည်း ရခိုင့်ကို မဖြေရှင်းဘူး။ ရခိုင်ကလည်းမမေးဘူး။ဝဏ္ဏကလည်း သူကိုယ်တိုင်အဖြစ်မှန်ကိုဖြေရှင်းပေးလိုက်ရင် ရခိုင်အဖြစ်မှန်
တော့သိသွားမယ်။ ဒါပေမယ့် ရခိုင့်အမုန်းတော့
ခံရမှာပေါ့။ ရခိုင့်အမုန်းတော့ မခံနိုင်ဘူး။ မှုံကြီးကိုပဲ တောင်းပန်လိုက်မယ်ဆိုပြီး တောင်းပန်စကား
တစ်ခွန်းတော့ ပြောတယ်။ ခုတော့ မှုံကြီးအတွက်
ရခိုင့်ရဲ့ယုံကြည်မှု ဆုံးရှုံးသွားတာပေါ့။

image

ဘာပဲပြောပြော ငါမသိဘူးဆိုတဲ့ စကားတစ်ခွန်း
ကြောင့် ဖြစ်လာတဲ့အကျိုးဆက်ပေါ်မှာ ဖျာခင်းသွားတဲ့ ဝဏ္ဏကိုတော့ ဒဲ့ရွံမိတယ်။ ရခိုင့်ကိုလည်း
စိတ်ပျက်မိတယ်။ ဝဏ္ဏပွဲလန့်တုန်းဖျာဝင်ခင်းသွားတာ သူသိတယ်။ သူ့မှာ စပိုင်တွေရှိတယ်။ မှုံကြီးနဲ့
ဝဏ္ဏအဖြစ်ကိုကြည့်ရင်း သူငယ်ချင်း အချင်းချင်းလဲ
ငွေအတွက်ဆို သစ္စာမရှိကြတော့ဘူး တွေးရင်း သူတို့ စိတ်ကို အရောင်ဆိုးပေးတဲ့ ငွေဆိုတာကြီးကိုပဲ
စိတ်နာချင်မိတော့တယ်။

image

Author@nweoomon
Photo@nweoomon
MSC 265
24.8.2018

Sort:  

မှုံကြီးက မသိရင်‌ တစ်‌မျိုး‌လေ ၊ ဖြစ်‌ရပ်‌မှန်‌ကို သူ့သိရင်‌ ဒဲ့ ရှင်းရမှာဘဲ။ဂုဏ်‌သိက္ခာနဲ့ ဆိုင်‌လို့။

သူက ဝဏ္ဏကို အားနာနေတာ သူရှင်းလိုက်ရင် ဝဏ္ဏအဆင်မပြေဖြစ်မှာစိုးလို့တဲ့

ငွေမြင်ရင် လူ့စိတ်တွေ ပြောင်းလဲ သွားနိုင်တယ် ဟုတ်တယ် ညီမ😊

ဟုတ်တယ်မမကြည် တချို့က ငွေမျက်နှာတစ်ခုပဲကြည့်ကြတော့တာ

နားလည်မှု လွဲရင် ဖြေရှင်းရခက်ပါတယ်
မဖြေရှင်းဘဲ ထားရင် ပိုဆိုးပါတယ်

ဟုတ်တယ် ခုကိစ္စက အဲ့လိုဖြစ်နေတာ
ကြားဝင်မယ်သူရှိရင် အဆင်ပြေမယ်ထင်တာပဲ

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

🌹🌹🌹🌹🌹🌹🌹

ငွေ လင်မယားချင်းရန်ဖြစ်တဲ့ငွေ
သူငယ်ချင်းစိတ်ဝမ်းကွဲတဲ့ငွေ

မကောင်းလိုက်တဲ့ငွေနော်
စွန့်ပစ်လို့လဲမဖြစ်

ငွေနဲ့ ရာထူး ဂုဏ်အရှိန်သည် လူ့၏စိတ်ကို ပြောင်းလဲပစ်နိုင်၏

ဟုတ်တယ် ခင်မင်သူတွေအပေါ် သစ္စာဖောက်ဖို့ မခဲယဉ်းတော့ဘူး

ကျေးဇူးပါတီတီ

အဲ့ဒီ့ သဝေထိုး ငရေ ၀ဆွဲငွေ ကြောင့်ပဲ ချစ်သူခင်သူတွေဟာ ရန်သူတွေလိုဖြစ်ကုန်ကြတာ....

ဟုတ်ပါ့ မှန်ပါ့ ငွေမျက်နှာတစ်ခုတည်းကြည့်သူတွေ ကြောင့် စိတ်ထိခိုက်မိရတာ များပေါ့

အ​ရောင်​ဆိုးသွားတာပဲ

ဟုတ်တယ် ပြောလိုက်သူက ပေါ့ပေါ့လေးပဲ
ခံရသူဘက်ကသာ ယုံကြည်မှုပျက်ယွင်းသွားရတာ

ငွေသည်​ လူကို ပြက်​စီး​စေ၏ တဲ့ 
မြန်​မာစကားပုံရှိ​ပေမဲ့
မရှာလို့လဲ မရဘူး​လေ

ဟုတ်တယ်နော် မရှိမကောင်း ရှိမကောင်း

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63117.29
ETH 2601.03
USDT 1.00
SBD 2.76