ရှောင်ကာမှ တည့်တည့်တိုး

in #myanmar6 years ago (edited)

မင်္ဂလာပါ Steemit မိတ်ဆွေများရှင်....။
ကျမအကြောင်းအမျိုးမျိုးကြောင့် စာမရေးဖြစ်တာ 10 ရက်လောက်ရှိပါပြီ။ ဘာလို့မရေးဖြစ်လဲဆို
တော့ ကျမရဲ့အမေ ကွယ်လွန်တာ (၁) နှစ်ပြည့်တဲ့
အတွက် အမေ့ကိုရည်စူးပြီး ကုသိုလ်လုပ်ဖို့ လုံးပမ်း
နေရလို့ မရေးဖြစ်တာပါ။
20180816_232301.jpg

ပျောက်သောသူ ရှာရင်တွေ့၊သေသောသူကြာရင်မေ့တဲ့...။ ကျမအတွက်တော့ မှားပါတယ်။ မမေ့ပါဘူး။ ခုချိန်ထိ အမေ့ကို သတိမရတဲ့ရက် တစ်နေ့မှမရှိပါဘူး။ အထူးသဖြင့် ဝမ်းနည်းချိန်တွေဆို ပိုသတိရမိပါတယ်။ ဒီလိုကိစ္စမျိုး အမေရှိရင် ဘယ်လိုဖြေရှင်းမလဲ။ အမေသာဆို ဘယ်လိုလုပ်မှာလဲ။ တကယ်ပါ။ ကျမကြုံတွေ့ရတဲ့ အတွေ့အကြုံတွေ အမေသာရှိ
နေသေးရင် ဘယ်လိုဖြေရှင်းမလဲ သိချင်မိတယ်။

ရှောင်ကာမှတည့်တည့်တိုးတာ ကျမပါ။ ကျမရှောင်ပါတယ်။ ဘာကိုရှောင်လဲဆိုတော့ ခေါင်းဆောင်
နေရာကိုရှောင်တာပါ။ ဟုတ်ပါတယ်။ ကျမ
ခေါင်းဆောင်မလုပ်ချင်ပါဘူး။ အေးအေးသက်သာ
နောက်လိုက်ပဲလုပ်ချင်တာပါ။ ကျမခေါင်းရှုပ်တာ
မကြိုက်ပါဘူး။ ခုတော့ အမေဆုံးသွားတော့ မလွှဲ
မကင်းသာ ခေါင်းဆောင်နေရာ ရသွားပါတယ်။

FB_IMG_1534437342036.jpg

ကိုယ့်ထက်အကြီးတွေရှိပေမယ့် သူတို့က သူတို့ မိသားစုနဲ့ သူတို့ဖြစ်နေကြပါပြီ။ ကျမကအမေနဲ့
အတူနေတာဆိုတော့ အမေဆုံးတော့ တူ၊ တူမ၊
ညီမတွေပဲ ကျန်တော့ ခေါင်းဆောင်နေရာ အလိုလို
ရောက်လာပြီ။ ခေါင်းဆောင်ဆိုတာ အိမ်ထောင်
ဦးစီးနေရာကိုပြောတာပါ။ တူနဲ့တူမလေးမှာ မိဘ
တွေမရှိကြတော့ ကျမပဲစောင့်ရှောက်ရတာပေါ့။
တူနဲ့တူမက အရွယ်ရောက်နေပါပြီ။

အရွယ်ရောက်ပြီဆိုတော့ အပျံသင်ချင်ကြတာပေါ့။ လူငယ်သဘာဝမို့ မဟန့်တားလိုပေမယ့် အိမ်ထောင်တစ်ခုထူထောင်မယ်ဆို သေချာစဉ်းစားပြီးမှ ပြုစေလိုကြောင်း၊ ရေရှည်စဉ်းစားဖို့၊ မလောဖို့၊ အစရှိ
သဖြင့် ဆုံးမရ၊ ထိန်းကျောင်းရနဲ့ ဆူတန်ဆူ၊ ချော့
တန်ချော့ အမျိုးမျိုးပြောပြရတာပေါ့။

20180303_110808.jpg

ခက်တာက...ဝမ်းနဲ့မလွယ်၊ သားမမယ်တဲ့။ ကိုယ့်တူ၊
တူမလေ....။ ကိုယ့်သားသမီးမှမဟုတ်တာ။ ကိုယ်
ပြောတာကို ကြောက်လို့နာခံတာလား။ အသိစိတ်
ကြောင့် နာခံတာလားဆိုတာ သိတာပေါ့။ ပြောပါများလွန်းရင်လဲ ဟုန်သွားမှာစိုးရတယ်။ တော်ကြာ ဒီအပျိုကြီးတော်တော်လျှာရှည်တယ်လို့ ပြောခံရမှာ လဲကြောက်မိပါရဲ့။

FB_IMG_1534437337465.jpg

တချို့ကပြောကြသေးတယ်။ အပျိုကြီးတွေများ
ဘယ်သူ့ကျွေးစရာရှိလို့ ဒီလောက်စုဆောင်းနေရတာလဲတဲ့။ အဲ့လူတွေကို ပြန်ပြောလိုက်ချင်တယ်။
အိမ်ထောင်ပြုလိုက်တာမှ ကိုယ်မွေးတာပဲကျွေးရတာ။ အပျိုကြီးတွေကျတော့ တမျိုးလုံးကျွေးရတာ။ အဒေါ်မို့၊ အမသားမို့၊ ညီမသမီးမို့ စသဖြင့်
ပေါ့။

20180816_224818.jpg

ဥပမာ...မုန့်ဖိုးပေးရင် တစ်ယောက်တစ်ထောင် ပေး
တယ်ဆို ဆယ်ယောက် တစ်သောင်း၊ သူတို့က
တစ်ထောင်ပဲရပေမယ့် ကိုယ့်မှာ တစ်သောင်းကုန်သွားတယ်။ ဟဲ့..ငါ့ပိုက်ဆံတွေကုန်ပြီလို့ညည်းကြည့် အမလေး တစ်ထောင်တည်းပေးပြီး သွေးပျက်နေတာလို့ ပြောကြမှာ မြင်ယောင်သေးတယ်။ ကိုယ်
နည်းနည်းချင်းကုန်သွားတာ သူတို့မှမသိဘဲ။
20180816_183729.jpg

ပြီးတော့ ရှိသေးတယ်။ အချစ်ပြိုင်ကြတာ။ အဝေးကတူမတွေနဲ့ အတူနေတူမတွေလေ။ အန်တီက
သူ့အိမ်ကတူမတွေပဲချစ်တာတဲ့။ သမီးတို့ကိုကျ
အဲ့လောက်မချစ်ဘူး။ အိမ်ကတူမတွေကကျဘယ်လိုပြောလဲဆိုတော့ အန်တီက သမီးတို့ပဲဆူတာ အဝေးကတူမတွေကျ မဆူဘူးတဲ့။ ကဲ...ကြည့် အဲ့လိုမျိုးတွေ။

20170819_094743.jpg

တခါတလေလဲ ကိုယ့်ဖာသာကိုယ် ရီချင်တယ်။
ကြောက်လို့ ရှောင်ကာမှ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရတတ်တဲ့ ကိုယ့်ရဲ့တလွဲအဖြစ်ကို။ ဘာပဲ
ပြောပြော ကျမကတော့ ဒီတူ၊ တူမတွေရဲ့ ပြဿနာ
တွေ၊ လူမှုရေးကိစ္စတွေဖြေရှင်းရင်း၊ အဆင်မပြေတာ ရှိရင် အမေ့ကိုတမ်းတပြီးကြိတ်ငိုရင်း၊ ကိုယ့်ရဲ့ကျန်ဘဝကို သံသရာအတွက် ဘယ်လိုအကျိုး
ရှိအောင် အသုံးချရမလဲ တွေးတောရင်း...။

Author@nweoomon
Photo@nweoomon
MSC 265
16.8.2018

myanmar steembasicincome busy feeling leader

Sort:  

ရှောင်ကာမှ တည့်တည့်တိုး
အပျိုကြီးရဲ့ ဒိုး😁

မရှောင်ရင်လွတ်တယ်

တူ၊တူမ၊ညီမ​တွေ​ရှေ့ကိုယ်​ကလူကြီး​ပေါ့...​နောက်​ကွယ်​ကျက​လေးလိုငိုတာ​ပေါ့😀

ဟုတ်တယ် ဟုတ်တယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by nweoomon from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

💙💙💙💙💙💙

commentကို ဘယ်‌လို‌ရေရမှန်းမသိ။ခ‌လေးအ‌မေ ဖြစ်‌လိုက်‌ အပျိုကြီး ဖြစ်‌လိုက်‌။အ‌ရေးအသားက တကယ်‌‌တော်‌ပါ‌တယ်‌။တူ တူမ‌တွေရှိ‌တော့ အားကိုးရတာ‌ပေါ့ဗျာ။

ပြောရရင်ကြော်ငြာဝင်တယ် ဖြစ်အုံးမယ် 😁

တကယ်​ကို စာ​ရေးစာဖတ်​ မပြင်းတဲ့စာ​ပေဝါသနာပါတဲ့ညီမ​ရေ့
ညီမအ​ရေးအသား​ကောင်းပါတယ်​ ဆက်​အား​ပေး​နေပါ့မယ်

ချီးကျူးလို့ ကျေးဇူးတင်ပါတယ်ရှင်
ကိုယုဇနတို့်ကိုတော့တကယ်မမှီတာပါ

ဘာမှမတွေးပါနှင့်ပျော်စရာဟုမှတ်လိုက်ပါမိသားစုဆိုတာဒီလိုပါဘဲကွယ်

ဟုတ်ကဲ့ပါရှင်
ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲ

အင်းနော် အမစေတနာကို သူတို့ က အထင်မှားနေကြတာ
ဝေးလို့ လည်း ဖြစ်မှာပါ ဘာပဲဖြစ်ဖြစ် အမေကိုတမ်းတလွမ်းဆွတ်တာတော့
စိတ်ထဲမကောင်းပါဘူးဗျာ

အင်း...အချိန်ပြည့်မဟုတ်တောင် တိုက်ဆိုငှ်ုရှိတိုင်း သတိရတယ်

ဒီတစ်ခါတော့ ဘဝအမှန်ထင်တာပဲဗျာ။စာရေးသူက တော်တဲ့အခါကျတော့ စာဖတ်သူတွေကလည်း ညဏ်ကို လိုက်မြှင့်ပြီး စဉ်းစားနေရပါတယ်။အပျိုကြီးတွေက ဒီလို အမြင်ခံရတာတော့ သဘာဝလိုဖြစ်နေတယ်လို့ ထင်မိပါတယ်ခင်ဗျာ

ဟုတ်ပါတယ် ဒီတခါက ကျမခံစားချက်ပါ

သံယောဇဉ်တွေကိုလွတ်အောင်ရှောင်ဖို့မလွယ်ပါဘူး

အမှန်ပါပဲ တမျိုးမဟုတ် တမျိုး သံယောဇဉ်တွယ်နေရတာ

ရှောင်ရင်တိုးတယ်
မရှောင်ပြန်တော့ တိုးရုံမက တိုက်ပါ တိုက်သွားမယ်
တူ တူမတွေများ တကယ် ....

ဘယ်လိုမှမလွတ်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.028
BTC 63006.79
ETH 2456.26
USDT 1.00
SBD 2.59