အချိန်းအချက်

in #myanmar6 years ago (edited)

အချိန်းအချက်

ဇော်အောင်တစ်ယောက် ဒီနေ့တော်တော်ပျော်နေပါတယ်။ ပျော်ဆို...ဒီနေ့ အမေနှင့် ညီမက အမျိုးတွေနဲ့ ဘုရားဖူးလိုက်သွားလို့ အိမ်မှာ ချစ်သူလေးနဲ့ တွေ့ဖို့ ချိန်းထားတယ်လေ။ ဒီတလော မတော်ရသေးတဲ့
ယောက္ခမကြီးက ရိပ်မိနေလားမသိ။ ဖုန်းဆက်လိုက်တိုင်း ယောက္ခမကြီးနဲ့ တိုးလို့ ပြန်ချခဲ့ရတဲ့ အကြိမ်လဲ
မနည်း။ ဟိုအရင်ကဆို ဇော်အောင့်ဆီဖုန်းဆက်
ဆက်ပြီး အမြဲ check in ဝင်လေ့ရှိသူက သူ့အဖေ
ကြောင့် ဖုန်းတွေအရင်လို မဆက်တော့ ဇော်အောင့်
ရင်ထဲ တခုခုလိုနေသလိုလို။

1532331333-picsay.jpg
image source

ခုတော့...ဖုန်းလေးပြောရပါမည့်အရေး သူ့အဖေ
ကြောက်နေရတာနှင့် ဇော်အောင်တို့ချစ်သူနှစ်ဦးမှာ အသံလေးကြားရဖို့ပင် ခပ်ခက်ခက်ဖြစ်နေသည်။
တစ်လမ်းတည်းအတူနေ၍ လူချင်းကတော့ နေ့တိုင်း မြင်နေရသည်။ စကားမပြောရတာပဲရှိသည်။
အဖိုးကြီးက သူ့သမီးကို သဝန်တိုလွန်းသည်။

အခုလဲ ဇော်အောင်တစ်ယောက် သူ့ချစ်သူအိမ်ရှေ့
ရောက်နေသည်။ ချစ်သူနဲ့ ယောက္ခမကြီးက အိမ်ရှေ့ မြေကွက်လပ်မှာ အပင်စိုက်ဖို့ မြေတူးနေကြ၍
ဇော်အောင့်ကိုမမြင်။ သူကလဲ ကွယ်ရာကနေချောင်း နေတာကိုး။

ဘယ်အချိန် လာမလဲမသိ....ဖုန်းလေးဆက်ပြီး မေး
ကြည့်အုံးမှ....

တူ....တူ...တူ...
ဟယ်လို...ဟယ်လို
(ဟိုက်..ဒါ ယောက္ခမကြီးအသံ)
ဟဲလို..မင်းဘယ်သူလဲ...၊ ဘယ်ကဆက်နေတာလဲကွ
ဟဲလို...ဘယ်သူနဲ့ပြောချင်လို့လဲ...

”အ..အီး..အိ..ဝူး...ဝါး...ဝါ....”
(အမှန်အတိုင်းဖြေလို့မဖြစ်လို့ အရူးကွက်နင်းလိုက်ရသည်)
”ဟဲလို...ဖြေစမ်းပါ...မင်းလား ငါ့သမီးချစ်သူဆိုတာ
ဟဲလို..မင်းဘယ်သူလဲ..ဟဲလို...ဟဲလို...”

မဖြစ်...မြန်မြန်ဖုန်းချပစ်ရသည်။ ချစ်သူကို
လှမ်းကြည့်လိုက်တော့ မျက်နှာငယ်လေးနှင့်...အလုပ်လုပ်နေသည်။ အဖေလုပ်သူက ဆူတော့ နှုတ်ခမ်း
ထော်ပြီး ငိုမဲ့မဲ့နှင့်။

images.jpg
image source

...ဟာကွာ...ဘယ်လိုလုပ်ရမလဲ။ ယောက္ခမကြီးကလဲ အလစ်မပေး။ ဖုန်းလဲ ဆက်လို့မရ...

ဇော်အောင့်စိတ်တွေ မရိုးမရွဖြစ်နေသည်။
ကြံစမ်း...ကြံစမ်း..ဟုတ်ပြီ။ အကြံရပြီ။ နေနှင့်အုံး...ဒီယောက္ခမကြီးတော့...ပညာပြရမယ်။

ဇော်အောင်ဖုန်းထပ်ဆက်သည်။
...တူ...တူ...
ဟော..ဟော..ကိုင်ပြီ
ဟဲလို..ဟဲလို မင်းဘယ်သူလဲ..
(သေစမ်း...ဒီယောက္ခမကြီးပဲ)(တွေ့မယ်)

အဟမ်းအဟမ်း..
”ဟဲ...လို......ခုပြောနေတာက Who want to be a millinar အစီအစဉ်မှာ တင်ဆက်သူ ကျော်ထက်
အောင် ဖြစ်ပါတယ်ခင်ဗျာ။ လူကြီးမင်းရဲ့
သူငယ်ချင်း စန်းစန်းဟာ ဆုငွေ ကျပ်သိန်း(၅၀)
အတွက် စင်မြင့်ထက်ကို ရောက်ရှိလို့နေပါပြီ။ သူမရဲ့မေးခွန်းတွေ ဖြေပေးရမှာပါ။ အခုချိန်ကစပြီး
အချိန် (၃၀) စက္ကန့်ရပါမယ်...
မေးခွန်းများ..စတင်ပါတော့မယ်ခင်ဗျား....”

ဖုန်းကို ခဏကိုင်ထားပြီး...
”သမီး...ဒါညည်းဖုန်းနဲ့တူတယ်။ ရော့...ဖြေလိုက်အုံး၊ ယောက်ျားတစ်ယောက်ရဲ့ အသံနဲ့တူတယ်”

(ဟိ...ချစ်သူလာကိုင်ပြီ)
”ဟဲလို...”

”ဟဲလို...အသဲလေးလား။ ကိုယ်ပါ။ ဇော်အောင်
လေ။ ယောက္ခမကြီး ဘေးနားမှာ ရှိနေတယ်မလား။ ဒီတော့ ဘာစကားမှအပိုမပြောပါနဲ့။ ကိုယ်မေးတဲ့
မေးခွန်းကို အက္ခရာ တစ်လုံးပဲဖြေနော်”

”ဟုတ်”

”ကိုယ့်အိမ်ကို ဘယ်တော့ လာမှာလဲ”
(က) ဒီမနက် (ခ) ညနေခင်း
(ဂ) ညဘက် (ဃ)မလာဖြစ်ဘူး

”အင်း...အဖြေမှန်က ညဘက် ဂငယ်၊ ဂငယ်ပါရှင်”

”အင်း..မင်းအဖြေသေချာရဲ့လား”

”သေချာပါတယ်ရှင် ဂငယ်ပါ”

”အိုခေ..ရပြီ။ ကျန်းမာရေးဂရုစိုက်၊ ယောက္ခထီးကြီး ကိုလဲ သတိရတယ်လို့ ပြောပေးပါကွာ...အာ..ဘွား”

”အိုကေ ဘိုင့် ဘိုင်”

ရော့အဖေ..ဖုန်း။

”အေး..သမီးညည်းအဖြေ မှန်နိုင်လား”

ရှက်ပြုံးလေးဖြင့်...။

”မသိဘူးအဖေ၊ အကောင်းဆုံးတော့ ဖြေခဲ့တာပဲ”

ယောက္ခထီးကြီးကို လက်တစ်လုံးခြားလုပ်ပြီး
ချစ်သူလေးနဲ့ အချိန်းအချက်လုပ်နိုင်ခဲ့တဲ့
ဇော်အောင်ကလဲ မြူးကြွကြွနှင့် အိမ်သို့ ပေါ့ပါး
သော ခြေလှမ်းများဖြင့် ပြန်လာနေပါပြီ....။

pexels-photo-556667.jpeg
image source

Author@nweoomon
MSC 265
23.7.2018

Sort:  

သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်

ပလပ်ပေါက်မကိုင်မိလို့ တော်သေး 😁

မိုက်​တယ်​...အချိန်းအချက်​က....​အ​မေးအ​ဖြေနဲ့အဆင်​ကို​ပြေလို့....😊

ဟုတ်ပါ့ 😁😁

တော်လိုက်တဲ့ချိန်းချက်

ဟုတ်ကဲ့
ကျေးဇူးပါတီတီ 😁😁

(ဃ) မလာဖြစ်ဘူး ဆို ပြီးတာပဲ
ဟီး

သူက လာချင်တာကိုး....😁😁

အော်အော် အဲ့ဂလို လုပ်လိုက်တယ်လား မှတ်ထားပါဦးမည် ။

နည်းလမ်းတွေ ပြောပြထားလိုက် 😁

ကျော်လည်း ဂ ငယ်ပါပဲဗျာ 😂😂

ထင်သားပဲ
အားလုံးဂငယ်ကြိုက်ကြမှာ 😁😁

ဝိုး.... အတုခိုးစရာဝေ့ 😁

တိုင်ပြောမယ်

ချီတက် မလာတော့ဘူးနော် တခြားလူတွေဆီမှာလည်း မဟုတ်ဘဲ ချီတက်လာရင် မနက်က ကျွန်တော်မန့်သလို မန့်ခိုင်းလိုက်ပါဗျာ ထပ်လာသေးရင် ပို့စ် မတင်ခင် ဆရာတင်လှိုင်ဦးကို ဆက်သွယ်လိုက်ပါဗျာ

cb မှာ တင်မယ့် post ကို ပို့ထားလို့ ရတယ်

https://m.facebook.com/profile.php?id=100016806793354

ဟုတ်ကဲ့
ကျေးဇူးအများကြီးတင်ပါတယ်ရှင်
တကယ်ပါ

သူ ဥာဏ်ကောင်းလွန်းခဲ့တယ်.... 😄😄😄

ဟုတ်တယ်နော် လူလည်ကြီး

တော်​လိုက်​တဲ့အ​ရေးအသား ကျွန်​​တော်​လဲ​ရေးတပ်​ချင်​တယ်

ကျေးဇူးတင်ပါတယ်
ရေးကြည့်ပါအုံးရှင့်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63267.39
ETH 2572.65
USDT 1.00
SBD 2.80