သုံးတတ်လျှင်ဆေး မသုံးတက်လျှင်ဘေး (အပိုင်း ၇)
ကျွန်မနှင့် အင်တာနက်
Internet ပေါ်လာတာ ကောင်းသလို မကောင်းသလို ကြီးလို့ဘဲ လို့ ပြောပါရစေ။ ကျွန်မသည် အင်တာနက် သုံးရတာ အလွန်ပင်ကြိုက်ပါသည်။
ကျောင်းတက်စဉ်ထဲက internet ဆိုင်တွေထဲက
ကောင်းသည့်ဆိုင်များကို ရွေးထိုင်တက်သည်။
ယခုချိန်မှာ ဖုန်းတွေပေါ်လာတော့ ဘယ်ပြောကောင်းမလဲ ရှယ်ဘဲလေ အင်တာနက်သုံးရတာ အရသာရှိပေါ့ ။ ဖုန်းနဲ့အင်တာနက်စတွဲချိန်က ၁သောင်းကျပ်နဲ့ စခဲ့ရတယ် ။ သုံးတဲ့ခါ တစ်မိနစ် ၂ကျပ်နဲ့သုံးလာတာ ။
ကိုယ်သုံးသလောက်ဘဲကုန်တာလေ ။တွက်ကြည့်လို့ရတယ်။
အခုလဲကျရော ဘယ်ဖုန်းကဒ် သုံးသုံး အင်တာနက် က တစ်ခါထဲပါပြီးသား ချိတ်ဆက်ပြီးငွေသွင်းစရာမလိုဘူးလေ ။ ကောင်းတော့ကောင်းပါတယ် ချိတ်ဆက်စရာမလိုတာတော့ ။
MB တွေနဲ့ဖြတ်တောက်လာတော့ packet မှဝယ်မသုံးရင် အဆင်မပြေတော့ဘူး ။ packet ဝယ်ပြီးရင် လိုင်းက လဲ ကျချင်လာတယ် ။
ယောင်ရမ်းပြီး packet မဝယ်ဘဲနဲ့သုံးရော ရှိတဲ့ပိုက်ဆံက တစ်နေမကုန် နာရီပိုင်းထဲ ပြောင်ပါလေရော။ ကျွန်မသည် ဖုန်းဘေရှိရင် ရှိသလို
facebook / viber /messenger/ google / mail / COC game အပြင် ကိုရီးယား ဆယ်လီပေ့ နှင့် ရုပ်ရှင်ချစ်သူများ website များကို လဲ မွှေနှောက်သုံးလေ့ရှိပါတယ် ။
download ဆွဲပြီး ဇာတ်ကားကြည့်ရတာလဲ အရမ်းဝါသနာပါသူ ပါ။ ဘေရှိရင် သုံးချင်သလိုသုံးပျော်နေသူပါ ။ အလုပ်ထဲမှာ လကုန်ပေး ဖုန်းဘေရတော့ အဆင်သင့်ပေါ့ ဝယ်သုံးရတာများ အိုကေ စိုပြေနေရော။
ဝန်ထမ်းဘဝ လလဲကုန်ရော ရတဲ့လစာရော ပြောင်ရော ဆိုသလိုပါဘဲ ။
လကုန်ပါပြီ ။ ရပြန်ပြီ နောင်တတွေများ
ဖုန်းဘေဖိုးရှင်းတိုင်း နောင်တပေါင်းများစွာဖြင့် ၊
တော်ပြီ နောက်လတွေကျရင် အင်တာနက်သုံးတာ လျော့ သုံးရမယ်။ ဖုန်းဘေရှင်းရတာနဲ့
မုန့်ဖိုးမကျန်တိုင်း ပြောနေကြစကားပါဘဲ။
ဖုန်းဘေ ကလေ အရမ်းအကုန်မြန်ပါတယ်။ သုံးတာနဲ့ကုန်တာဘဲလေ။ မကြည့်ဘဲလဲမနေနိုင်ပါဘူးလေ ။ တော်ဆေးလွန်ဘေး ဆိုသလို လိုအပ်မှသုံးပါ မလိုအပ်လျှင် မသုံးတာအကောင်းဆုံးပါ ။
ထို့ကြောင့် steemit အဖွဲ့ဝင်များအားလုံးလဲ ဖုန်းဘေများကို steemit လို
သုံးအပ်သော အရာအတွက်တာ သုံး၍ မလိုအပ်သော လျော့သင့်သော အင်တာနက်များကို ချွေတာကြပါစေကြောင်း ကျွန်မ၏ ကိုယ်တွေ့ဖြင့် ရေးသားတင်ဆက်လိုက်ပါသည်။
ဆက်ရန် ကျန်ရှိပါသေးကြောင်း..............
Thanks for steemit member all my fri
Credit by facebook image
MSC-233
@nwenwe
phကြောင့်ဘဲ အချိန်တွေငွေတွေ ကုန်မှန်းနသိကုန်နေရတာ
ဟုတ်တယ်
ကိုယ်ကတော့ ကောင်းတာပဲရွေးသုံးတယ်😁😁
သုံးတာလေး မျှဝေပါအုံးးးး
ဖုန်းက အိမ်တွင်းသူခိုး ကြီးစား
အမှန်ဘဲ
အသိပညာပေးတဲ့postလေးပါ
Thanks
ဟုတယ်...ဘေလ်ဖြည့်ပြီးဆိုဇာတ်ကားရှာပြီးဒေါင်းလိုက်ရမှကျေနပ်တယ်😀😀😀...
Shake လို့ရပြီ
ဗဟုသုတရပါတယ်ဗျ
Thanks
YF acc ရောင်းမယ်လေ ဖုန်းဘေလ် သက်သာအောင် ခ်ခ်။ မမကြည်မေးကြည့်ပါလား။
ဘယ်လို သုံးရမှန်းတောင်မသိတော့ဘူး ဘေစားလွန်းတယ်
Package တွေဝယ်သုံးလေ အစ်မ။
အင်း မမလဲ အချိနိအနဲငယ်ရအောင် အရင်ကထက် လျော့သုံးတယ် ညီမ😁
တန်ဆေး လွန်ဘေး ဟုတ်ဘူးလား
တော်ဆေးလွန်ဘေးရေးတာတွေ့ လို့ 
post က အသိပညာ အရမ်းရပါတယ်အမ
ဖောင့်မှားရိုက်မိတာပါ ကွီးရယ်
Bill ကုန်တာတော့ ပြောမနေပါနဲ့တော့ဗျာ ကုန်လွန်းလို့ကို ပြောင်နေပါပြီဗျ
ဟုတ်တယ်