သုံးတက်​လျှင်​​ဆေး မသုံးတက်​လျှင်​​ဘေး (အပိုင်း ၄)

in #myanmar8 years ago

သုံးတက်​လျှင်​​ဆေး အသုံးတက်​လျှင်​​ဘေးဆို​သောစကားစုတစ်​စုကို ထပ်​ဆက်​ရလျှင်​ဖြင့်
ခေတ်မှီခြင်းကို အစချီလာ​သော ဖွံ့ဖြိုးဆဲ​ဖြစ်​​နေ​သော ကျွန်​မတို့ နိုင်​ငံကြီးမှာရှိတဲ့ လူ​တွေအ​ကြောင်းဘဲ ​ပြောရ​ပေ​တော့မည်​။
လက်​ရှိကျွန်​မတို့ နိုင်​ငံတွင်​ မရှိမဖြစ်​​အ​ရေးပါ ​ရေဗန်းစားလာခဲ့သည်​မှာ မိုဘိုင်းဖုန်းများဖြစ်​သည်​။ imageထိုဖုန်းများကို တစ်​ချိန်​က ကိုင်​ချင်​​သော်​လည်း ကိုင်​ခွင့်​မရခဲ့​ပေ ။ယခုချိန်​မှာ​တော့
ဖုန်းဆိုတာ ပါမွှားတစ်​ခုပင်​ဖြစ်​လာခဲ့သည်​။
ဖုန်း​ပေါ်လာသည်​နှင့်​ တစ်​ပြိုင်​နက်​ မမြင်​နိုင်​​သောအန္တာရယ်​များလဲများလာခဲ့သည်​။အ​ရေးအ​ကြောင်းဆိုဖုန်းဖြင့်​လမ်း​ခေါ်ခွင့်​ရတာက ​ဆေး​ကောင်းတစ်​ခွက်​မှီဝဲရသလိုပါဘဲ။
ဆိုးတာက ​တော့ ​ဆေး​ကောင်းတစ်​ခွက်​ကို အဆိပ်​အဖြစ်​​ပြောင်းလဲခြင်းပါ။ တစ်​ချို့လူ​တွေရှိတယ်​ ဖုန်းတစ်​လုံးရှိတယ်​ဆိုတာနဲ့
နံပါတ်​​တွေ​လျှောက်​နှိပ်​ စမ်းသပ်​ကြည့်​ချင်​တယ်​။
ဖြစ်​ချင်​​တော#့ ​ဟော ဝင်​သွားပါပြီ # တစ်​ဖက်​လူက ဟဲလိုလဲဆို​ရော ​ယောကျာ်းလား မိန်းမလားခွဲခြား ပြီး ​တောင်​စင်​​ရေမရဆက်​​ပြော​နေသည်​။
တစ်​ဖက်​ကိုင်​တဲ့လူက ရိုးသားတဲ့လူ
ကိုယ်​နဲ့မသိတဲ့လူဆို စကားမ​ပြောချင်​တဲ့လူမျိုးနဲ့​တွေ့​တော့ အဲ့​ကောင်​​တွေက ဆဲဆိုပြီးချသွား
တာမျိုး​လေ။ ကိုင်​တဲ့လူက အီစီကလီလိုမျိုး
အ​ရောဝင်​​ပြောရင်​​တော့ တစ်​​ယောက်​နဲ့တစ်​​ယောက်​ဇာတ်​လမ်းလုပ်​​ပေါ့။ပျိုမှန်းမသိ အိုမှန်းမသိ တစ်​​ယောက်​နဲ့တစ်​​ယောက်​ လူလွတ်​​ပေါ့​လေ။ image
ဇာတ်​လမ်းဆိုလို့​ပြောရအုံးမယ်​ တစ်​​နေ့ ​ဒေါ်မိုး ဆီသို့ ဖုန်းတစ်​လုံးဝင်​လာတယ်​။ ဟဲလိုလို့​ပြော​တော့ နာမည်​က #........# လား​ပေါ့ဆိုပြီး​မေးတာ​ပေါ့ ။ ​ဒေါ်မိုးက မဟုတ်​ပါဘူး​ပေါ့ လို့​ပြော​တော့ အဲ့လူက ကျွန်​​တော်​သူငယ်​ချင်းကိုဆက်​တာ ဖုန်းမှားသွားတယ်​အမရယ်​ အားနာလိုက်​တာဆိုပြီး ​ဖော​ချောစရိုက်​တာ​ပေါ့။
ဒေါ်မိုးကလဲ က​လေး၂​ယောက်​အ​မေဆို​ပေမဲ့
အီစီကလီက​တော့ ​ရေ​ရေလည်​​လည်​လုပ်​တက်​တယ်​။ အဲ့လူက ဖုန်းမှားတာကိုအ​ကြောင်းပြုပြီး
ကျွန်​​တော်​က နယ်​ကရန်​ကုန်​လာမလို့ သူငယ်​ချင်းကရန်​ကုန်​ကဆို​တော့ သူ​ပေးထားတဲ့ဖုန်းနံပါတ်​ကလဲ လွဲ​နေတယ်​ ​ပြောပြီး အ​ကြောင်းမရှိအ​ကြောင်းရှာပြီး ဖုန်းဆက်​တယ်​ ​နေ့တိုင်းလိုလို​ပေါ့။ ရန်​ကုန်​လာရင်​ ကူညီပါအုံး​နော်
မသိတဲ့​နေရာ​တွေ လမ်းညွှန်​ပါအုံးဆိုပြီး​ပြော​တော့ ​ဒေါ်မိုးတစ်​​ယောက်​မမြင်​ဘူး​ပေမဲ့
စိတ်​ထဲမှာ​တော့ သာယာ​နေတယ်​။
ဒေါ်မိုး​ယောကျာ်းက မနက်​ဆို အလုပ်​သွား မိုးချုပ်​မှ ပြန်​​ရောက်​တာများတယ်​။ imageက​လေးနှစ်​​ယောက်​ကလဲ ​ကျောင်းသွားတာနဲ့ဆို
အိမ်​မှာ အား​နေ​တော့ အဲ့လူ​နဲ့ကြူတာ​ပေါ့။
အဲ့လူက အ​ပြောကလဲ​ကောင်း​ကောင်း ဘယ်​လိုစီးပွား​ရေး​တွေရှိ​ကြောင်း​ပြော မြင်​ဖူးချင်​တယ်​ ဘာညာ​ပြော​တော့ ​ဒေါ်မိုးတစ်​​ယောက်​မှာ အိမ်​က​ယောကျာ်းကို​မေ့ က​လေး​တွေကို​မေ့နဲ့ အလှ​တွေပြင်​ စိတ်​ကူး​တွေယဉ်​​ပေါ့။
ဒေါ်မိုးက ဘယ်​​လောက်​ထိ​ပြောင်းလဲသွားလဲဆိုရင်​ ​ယောကျာ်းသူ့နား​လာကပ်​ရင်​တောင်​ အကပ်​မခံချင်​တဲ့ပုံပြလာ​တော့ သူ့​ယောကျာ်းက ရိပ်​မိလာပြီ။
တစ်​​နေ့ ​ဒေါ်မိုးတစ်​​ယောက်​ အိပ်​​မောကျ​နေစဉ်​ ​ဒေါ်မိုးထံသို့ ဖုန်းဝင်​လာသည်​။
ဖုန်းကိုကြည့်​​တော့ ​contant မှာ ​ဒေါ်မိမိ လို့မှတ်​ထား​တော့ သူ့မိန်းမသူငယ်​ချင်းဖြစ်​မယ်​ဆိုပြီး
ကိုင်​​လိုက်​​တော့ image# ဟဲလို မ​ရေ ကျွန်​​တော်​ရန်​ကုန်​​ရောက်​ပြီ # ဆိုတဲ့အသံလဲကြား​ရော ​ခေါင်းနပန်းကြီးသွားတယ်​။ ​ယောကျာ်းဖြစ်​သူက မင်းကဘယ်​သူလဲ​မေး​နေတုန်း ​ဒေါ်မိုးနိုးလာခဲ့သည်​။
ဖုန်းက​တော့ကျသွားခဲ့ပြီ။ မိန်းမဖြစ်​သူက ရှင်​ဘာဖြစ်​​နေတာလဲ​မေး​တော့ ​ဒေါ်မိုးရဲ့ဖုန်းကိုကိုင်​ကာ မင်းသူငယ်​ချင်း​ဒေါ်မိမိဖုန်းဆက်​တယ်​​ပြော​တော့ ​ဒေါ်မိုးတစ်​​ယောက်​မျက်​နှာပျက်​သွားခဲ့သည်​။
ဟုတ်​လားလို့​မေးပြီး​ဒေါ်မိုးတစ်​​ယောက်​ မသိချင်​​ယောင်​​ဆောင်​ပြီး ပြန်​အိပ်​​နေသည်​။ ​ယောကျာ်​ဖြစ်​သူက အကဲ​ခတ်​​နေသည်​။
ထိုဖုန်းထပ်​၍ပြန်​လာ​သောအခါ ​ယောကျာ်းဖြစ်​သူက ​ဒေါ်မိုးဘက်​သို့ လှမ်းပစ်​​လိုက်​သည်​ ဖုန်းအား ၊လာပြန်​ပြီ ​ဒေါ်မိမိနံပါတ်​နဲ့၊
ယောကျာ်းဖြစ်​သူ​​အော်​လိုက်​သည်​ ကိုင်​လိုက်​​လေ ​ပြော​တော့ ​ဒေါ်မိုးတစ်​​ယောက်​မကိုင်​ရဲဘဲ
ငိုသာငို​နေ​တော့သည်​။
ကျွန်​မမှားပါပြီ ​တောင်းပန်​ပါတယ်​ ဆိုပြီး ​အော်​ငို​နေ​တော့သည်​။
ပြောရမယ်​ဆိုလျှင်​ ​ဒေါ်မိုး သည်​ မိမိထံတွင်​ ​ပျော်​ရွှင်​စရာ​ကောင်း​သော မိသားစုရှိ​နေပါလျှက်​နဲ့ စိတ်​မကစားသင့်​ဘဲ စိတ်​အလို​ကြောင့်​ ကြူ​နေခဲ့မိသည်​။
ပျက်​စီး​တော့မည့်​ အိမ်​​ထောင်​​ရေး​ကို ​မပျက်​စီးလို​​သော စိတ်​တစ်​ခု​ကြောင့်​သာ အမြင်​မှန်​ရ၍​ယောကျာ်းအားအမှန်​တိုင်း​ပြောကာ ဝန်​ချ​​တောင်းပန်​ခဲ့သည်​။ ထို​ကြောင့်​ သာပျက်​စီးခြင်းမှကင်း​ဝေးခဲ့သည်​။ အမြင်​မှန်​မရခဲ့ပါက ပျက်​စီးမည်​မှာ အမှန်​ပါ။
ယခုချိန်​မှာဖြင့်​ ​ဒေါ်မိုးတစ်​​ယောက်
ဖုန်း၏​ကောင်းကျိုး ဆိုးကျိုးဖြင့်​ တွဲဆက်​​နေ​သောစိတ်​ကို ​ကောင်းမွန်​စွာသိရှိနားလည်​၍
သာယာ​သောမိသားစုကို ဆက်​လက်​ထိန်းသိမ်းနိုင်​ခဲ့ပြီ။
ယောကျာ်းလုပ်​သူက ​ဒေါ်မိုးအား ​ဘေးဒုက္ခမှကင်း​ဝေး​စေကာ မိသားစုဆိုတဲ့​ဆေးတစ်​ခွက်​ကို ခွင့်​လွှတ်​ခြင်းဖြင့်​ အစားထိုးခဲ့​ပေးသည်​။
လောကရှိလူအများ​ကောင်း​သော​ဆေး​ကောင်းတစ်​ခွက်​ကိုသာမှီဝဲ၍ ​ဘေးဖြစ်​​စေတက်​​သော မလိုအပ်​သည်​များတွင်​ စိတ်​ကိုအလိုမလိုက်​မိ​စေရန်​ ရည်​ရွယ်​၍ ​ရေးသားလိုက်​ပါသည်​။
ဆက်​ရန်​ အား​ပေးဖို့ ဖိတ်​​ခေါ်ပါရ​စေ။
Thanks for steemit member all my fri
Credit by google image and facebook image
Own created writing
MSC-233
@nwenwe

Sort:  

သုံးတတ်​/မသုံးတတ်​ ​ဘေကုန်​​တေ။...ဟီ။

ဘေ​တော့ စားတယ်​​နော်

ဘေကုန်သော်လည်း သုံးနေရအူးမယ်ခွယ်

ကျနော်ကတော့ခုသတိလွတ်သုံးမိနေတာ

ခ်​ခ်​ခ်

အဟုတ်​ပါဘဲ...ဆက်​ဖတ်​ပါမယ်​.. .

အာ့တင်မက ယူတတ်ရင် အမျာကြီး ရှိသားနက် မဟုတ်တဲ့နေရာ သုံးနေသူတွေ အမျာကြီးရှိ ညိမ😁

ဟုတ်​တယ်​မမကြည်​ ကိုယ်​တိုင်​​တောင်​ သတိနဲ့သုံး​နေရတယ်

ဖုန်းကလဲ essential ဖြစ်လာပြီဆိုပေမယ့် လွန်လွန်ကဲကဲ ဖြစ်လာတော့ မကောင်းတော့ဘူး။ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တဲ့အခါ ဖုန်းသုံးနေတာနဲ့ စကားမပြောဖြစ်တော့ ဘူး။ လိုအပ်သလောက်သုံးတာပဲ ကောင်းပါတယ်။

ဟုတ်တယ်ဗျာ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ တွေ့ရင်တောင် မျက်နှာနဲ့ဖုန်းနဲ့မခွာတဲ့သူတွေကြောင့် တော်တော်ကသိကအောက်ဖြစ်ရတယ်

ဟုတ်​တယ်

ကိုယ့်စိတ်ကို ကိုယ်ပဲထိမ်းရမှာပါဗျာ

ဟုတ် အမ ဖုန်းကို သတိထားသုံးစွဲပါ့မယ်

မှန်​ပါတယ်​ဗျာ ဆက်​ဖတ်​ပါအုံးမယ်

ဒေါ်မိုးရေ တော်သေးတာပေါ့ ဒီခေတ်ကြီးထဲမှာက သတိနဲ့နေမှတော်ရုံလောက်ကြမှာဗျ

ဒေါ်မိုးကံ​ကောင်းသွားတယ်​​နော်

မသိတဲ့သူကို လက်ခံစကားမပြောတာ အကောင်းဆုံးဘဲ .. ကြောက်စရာ ကြီး

Coin Marketplace

STEEM 0.09
TRX 0.32
JST 0.034
BTC 109571.98
ETH 3845.07
USDT 1.00
SBD 0.60