မှတ်​မှတ်​ရရသင်္ကြန်​အကြတ်​​နေ့

in #myanmar8 years ago (edited)

"မှတ်​မှတ်​ရရသင်္ကြန်​အတက်​​နေ့"
သင်္ကြန်​ဆိုတာ မြန်​မာလူမျိုးများရဲ့​ပျော်​စရာပွဲ​တော်​တစ်​ခုပါ ။ထိုပွဲ​တော်​မှာသက်​ကြီးရွယ်​အို လူငယ်​လူရွယ်​အပြင်​ က​လေးများပါ​ပျော်​ရွှင်​စရာတစ်​ခုလိုသတ်​မှတ်​ထားပြီးကျင်းပကြပါတယ်​။အရမ်းလဲ​ပျော်​ရွှင်​စရာ​ကောင်းလှပါတယ်​။ကျွန်​မတို့သူငယ်​ချင်းတစ်​စုလဲ သင်္ကြန်​မကျခင်​တစ်​လ​လောက်​အလိုထဲကတိုင်​ပင်​ကြတယ်​။ ​ရေပတ်​ခံထွက်​ကြမယ်​ဆိုပြီး​တော့​လေ။ကျွန်​မတို့အဖွဲ့ထဲမှာအရမ်းတက်​ကြွတဲ့အကိုတစ်​​ယောက်​ရှိတယ်​။သူက​လောင်​အမည်​က ​မောင်​မိုးည ပါ။သူကsteemit အဖွဲ့ဝင်​တစ်​​ယောက်​လဲဖြစ်​ပါတယ်​။သူက အရမ်းတက်​ကြွပါတယ်​ သင်္ကြန်​လည်​မဲ့ကိစ္စမှာ လည်​မယ်​ဆိုတာကြီးပါဘဲ။အဲ့လိုနဲ့လူလိုက်​စုပါတယ်​။ကိုယ်​​တွေဘဲတက်​ကြွ​နေသလားလို့​ဘဲထင်​မိပါ​တော့တယ်​ ။ကျွန်​မတို့အလုပ်​ထဲမှာသင်္ကြန်​လည်​ချင်​တဲ့လူမရခဲ့ပါ ​။ အဲ့တာနဲ့ ​မောင်​မိုးည က​ပြောပါတယ်​ ငါ့မှာ​ယောကျာ်း​လေးသူငယ်​ချင်း​တွေ​တော့ရှိတယ်​ ညီမတို့ကိုအားနာလို့ ​ခေါ်လိုက်​ရမလား​မေးပါတယ်​။ကျွန်​မတို့လဲလည်​ချင်​တဲ့လူ​တွေဆို​တော့ နှစ်​ခါမ​ပြောရဘူး ​ခေါ်လိုက်​ဆိုတာကြီးဘဲ။တစ်​ခု​တော့ရှိတယ်​အရက်​ ​တော့ မ​သောက်​​စေနဲ့​နော်​လို့​ပြောတယ်​။မောင်​မိုးညက​ပြောပါတယ်​ ငါလဲအရမ်း​သောက်​တက်​တဲ့လူ​တွေမ​ခေါ်ဘူးတဲ့။အဲ့လိုနဲ့လည်​ရမယ်​လို့ထင်​​နေတုန်း ၃လပိုင်းကုန်​​လောက်​ကြ​ရော တစ်​​ယောက်​ပြီးတစ်​​ယောက်​ သင်္ကြန်​လည်​မဲ့စာရင်းထဲကထွက်​လိုက်​ကြတာ ကျွန်​မရယ်​ သူငယ်​ချင်းနှစ်​​ယောက်​ရယ်​ ​မောင်​မိုးညရယ်​ဘဲကျန်​ခဲ့​တော့တယ်​ ။ လူမညီ​တော့တဲ့ သင်္ကြန်​လည်​မည့်​ခရီးစဉ်​ဟာပျက်​စပြုရင်းနဲ့ပျက်​ခဲ့ပါတယ်​။ ကျွန်​မတို့အလုပ်​လဲသင်္ကြန်​ပိတ်​ရက်​သို့​ရောက်​လာခဲ့ပါသည်​။ကျွန်​မတို့ကအ​ဆောင်​မှာ​နေရင်းအလုပ်​လုပ်​သူ​တွေဖြစ်​လို့သင်္ကြန်​ပိတ်​လို့အိမ်​ကို
အသီးသီးပြန်​ကြပါတယ်​။
အဲ့လိုနဲ့ပိတ်​ရက်​မှာနားလိုက်​တာ သင်္ကြန်​အကျ​နေ့ ည ၈နာရီဝန်းကျင်​​လောက်​ အိမ်​မှာTVကြည့်​​နေတုန်း ဖုန်းဝင်​လာခဲ့ပါတယ်​။ ​မောင်​မိုးည ဆီကပါဘဲဖြစ်​ပါတယ်​။ ​မောင်​မိုးညက​ပြောတယ်
မနက်​ကားနဲ့လည်​ကြမယ်​​ပြောပါတယ်​။ လူရတယ်​ သူ့တို့နားကလူ​တွေလို့​ပြောပါတယ်​။
လိုက်​မှာလား​မေး​တော့ ပျင်း​နေတာနဲ့ ok ​ပေါ့လို့​ပြောပါတယ်​။ အဲ့တာနဲ့ သူငယ်​ချင်းနှစ်​​ယောက်​ဖြစ်​တဲ့ ​ရွေး(Steemit အဖွဲ့ဝင်​)နဲ့ကျန်​သူငယ်​ချင်းတစ်​​ယောက်​ကိုလဲ​ခေါ်ပါလို့​ပြောတယ်​။သူဖုန်း​ခေါ်တာမရလို့​ပြောတာနဲ့ ကျွန်​မကလဲ ရတယ်​​ပြောလိုက်​မယ်​ ။ သွားမှာကျိန်း​သေရင်​ပြီး​ရော​​ ​ပြော​လိုက်​ပါတယ်​။ ​ရွေးကို ​ပြောပါတယ်​ ​သင်္ကြန်လည်​​ဖို့ကားရတယ်​ လူလဲရတယ်​ လို့​မောင်​မိုးည​ပြောတယ်​ လိုက်​မှာလား​မေး​တော့ အို​ကေ ဆိုတာကြီးဘဲ။ ကျွန်​မတို့သူငယ်​ချင်း​တွေလည်​မယ်​ဆိုတာကြီးဘဲ​လေ။ ကျန်​တစ်​​ယောက်​ကို​မေး​တော့ လိုက်​မယ်​တဲ့ သူမ တူမ​လေး​ရောလိုက်​မယ်​တဲ့ သူကိုလာ​ခေါ်ဖို့​ပြောပါတယ်​။အဲ့တာနဲ့လာ​ခေါ်မယ်​​ပြောလိုက်​​တော့ အို​ကေသွားပြန်​​ရော။မောင်​မိုးညကိုပြန်​​ပြော လိုက်​မယ်​ဆိုပြီး ​မောင်​မိုးည ကလဲ​ရွေးကိုထပ်​​ပြော နဲ့အဆင်​​ပြေ​နေကြတာ ဖုန်းသံ​တွေလဲထပ်တလဲလဲ​ပေါ့​တစ်​​ယောက်​ပြီးတစ်​​ယောက်​ပတ်​ဆက်​​နေကြတာများ ည​တောင်​ နက်​လာပြီ။ ​မောင်​မိုးည မှာဖုန်းဆက်​လို့မပြီးနိုင်​ ည၁၁နာရီ​ကျော်​ထိ​တောင်​ လည်​မည့်​အ​ကြောင်းဘဲ​ပြော​နေတာ လာ​တောင်​​ခေါ်​ပေးမယ်​ဆိုတာကြီးဘဲ။ ကျွန်​မတို့ကလဲ ​မှောင်​ရင်​သာအပြန်​လိုက်​ပို့ပါ အသွားက​တော့ရတယ်​။
သူငယ်​ချင်းတစ်​​ယောက်​ကိုဝင်​​ခေါ်ရအုံးမှာမို့
တစ်​​နေရာမှာသာ စုရပ်​မယ်​လို့​ပြောလိုက်​ပါတယ်​။ စုရပ်​​နေရာက မင်္ဂလာဒုံစာတိုက်​ဖြစ်​ပြီး ကျွန်​မတို့အားလုံးက အဲ့က​စောင့်​မယ်​​ပေါ့။ သူတို့ကားက အင်းတိုင်​ဘက်​ကလာမဲ့ကား​လေ။
ပျော်​လုံးဆို့ရင်းအိပ်​​တောင်​မ​ပျော်​ပါဘူး။သင်္ကြန်​အကြတ်​​နေ့ မနက်​​စောကြီးထ​နေကြမဟုတ်​​ပေမဲ့ အဲ့​နေ့ကအ​စောကြီးနိုး ​ရေမိုးချိုး အလှပြင်​ကာ စတိုင်​အပြည့်​​ပေါ့ မနက်​ ၆နာရီ​လောက်​အိမ်​က ထွက်​လာခဲ့တယ်​။ အိမ်​က မိဘ​တွေက​ပြောကျန်​ခဲ့တယ်​ ​တော်​​တော်​ဝိရိယ​ကောင်းတယ်​ အပြင်​ထွက်​ရမယ်​ဆို အိပ်​ရာနိုးစရာမလိုဘူးဆိုပြီး​တော့​လေ။ အိမ်​က စထွက်​တာနဲ့ သူငယ်​ချင်းနှစ်​​ယောက်​ကိုဖုန်းဆက်​​တော့ သူတို့ကလဲ အသင့်​အ​နေထား အို​ကေ​နေကြတာ ။ အဲ့တာနဲ့ကျွန်​မလဲသူငယ်​ချင်းတစ်​​ယောက်​ကိုဝင်​​ခေါ်ရင်း စုရပ်​မှာဘဲ ​ရွေးကို​စောင့်​​ပေါ့။ သိပ်​မ​စောင့်​လိုက်​ရဘူး
ရွေးလဲ​ရောက်​လာခဲ့ပါတယ်​ သူမ အ​ဖေက စိတ်​မချလို့ စုရပ်​ကားမှတ်​တိုင်​ထိလိုက်​ပို့​ပေးရင်း ​မောင်​မိုးညတို့ ကားအလာကို​စောင့်​​နေခဲ့ပါတယ်​။ ဖုန်း​ခေါ်​တော့ ဖုန်း​က​​တော့ဝင်​တယ်​ မကိုင်​ဘူးဖြစ်​​နေ​တော့ သူငယ်​ချင်း​တွေတစ်​​ယောက်​ဆီကြည့်​ရင်း လာ​နေလို့ဖြစ်​မယ်​ ကား​ပေါ်မှာမို့မကြားတာ​နေမယ်​ ​ပြောရင်း​နေလိုက်​ပါတယ်​။စောင့်​လိုက်​တာ သင်္ကြန်​ကား​တွေလဲ ဖြတ်​သွားလိုက်​တာများမနဲမ​နော ​မောင်​မိုးညကားက​တော့​ပေါ်မလာခဲ့ပါ ​မျှော်​​တော်​​ယောင်​သာဖြစ်​ခဲ့ ဖုန်း​ခေါ်​တော့လဲ
လာ​နေပြီလမ်းမှာဆိုတာကြီးဘဲ ။စိတ်​မရှည်​​တော့ဘူး သံတယဝင်​လာခဲ့တယ်​ တကယ်​​ရောထွက်​လာခဲ့တာဟုတ်​ရဲ့လား ဆိုပြီး​မေးမှ
တောင်းပန်​တာကစ​တော့တာဘဲ လာခါနီးမှလိုက်​မဲ့လူ​တွေက ​ဈေးများလို့ မလိုက်​ကြ​တော့ဘူးတဲ့။ကိုယ်​​တွေကလဲ ရတယ်​ရှိသ​လောက်​လူသာတင်​ခဲ့ ကားခက​တော့ပိုခံလိုက်​​တော့မယ်​ ထွက်​လာလက်​စနဲ့​တော့အိမ်​မ​ပြန်​ချင်​​​သေးဘူး သင်္ကြန်​လည်​ရမှဖြစ်​မယ်​ ။ကိုယ်​​တွေသူငယ်​ချင်း​တွေကညီတယ်​ ​နောက်​ဆုံးလိုင်းကားစီးမယ်​ဆိုတာကြီးဘဲ ။မောင်​မိုးညက​တော့လူစု​နေတာ​နေ​တောင်​မြင့်​လာပြီ။ဖုန်းဆက်​တိုင်းလာ​တော့မယ်​ဆိုတာကြီးဘဲ။ ကျွန်​မတို့လဲ​ဒေါသထွက်​လာပြီ ကျွန်​မတို့သူငယ်​ချင်း​တွေ ​မောင်​မိုးညကို လာခဲ့​ဖို့​ပြော​နေကြတာ တစ်​​ယောက်​တစ်​လှည့်​ဆီ ​စောင့်​​နေရတာ ရှက်​​တောင်​လာပြီ။
နောက်​ဆုံးဖုန်း​ခေါ်​တော့ ​မောင်​မိုးညမကိုင်​​တော့ပါ သူ့အ​မေကိုသာ​ပေးကိုင်​ရင်း​ပြောခိုင်းပါ​တော့သည်​ ။ ​မောင်​မိုးညအ​မေက ​ပြောတယ်​ သူ​ခေါ်ထားတဲ့လူ​တွေက အခုမနက်​မှမလိုက်​ကြ​တော့လို့အခု​တော့​မောင်​မိုးည တစ်​​ယောက်​ထဲသာရှိ​တော့တယ်​တဲ့။ ကျွန်​မတို့လဲ အင်းတစ်​လုံးသာ​ပြောရင်း ​စကားလုံး​တွေေ​ရှ့မဆက်​နိုင်​ခဲ့ပါ။ ​ကြေကွဲပါတယ်​ အဲ့လိုမှန်းသိရင်​မလာပါဘူး အခု​တော့ လို့​ပြော​နေတုန်း ကံ​ကောင်းချင်​​တော့ ကျွန်​မတို့နဲ့မလှမ်းမကမ်းမှာကားတစ်​စီးရပ်​ပါတယ်​။ကားအ​ခြေ​နေတစ်​ချက်​ရှိုးလိုက်​​တော့ မိသားစု​တွေလည်​တဲ့ကားပုံ​ပေါ်ပါတယ်​ ကားလဲ​ချောင်​ပါတယ်​ အဲ့တာနဲ့​ရွေးအ​ဖေကို ​ပြောခိုင်းပါတယ်​ အဲ့ကားကို​ပြော​ပေးပါ ပိုက်​ဆံ​ပေးပြီးလိုက်​ချင်​​ကြောင်း​အတင်း​ပြောခိုင်း​တော့
ပြောလို့မနိုင်​တဲ့ကျွန်​မတို့အဖွဲ့ကို မငြူစူဘဲလိုက်​​ပြော​ပေးရှာတယ်​။ ကားစုဌားထားတာ ထွက်​လာခါနီးမှလိုက်​မဲ့လူမရှိ​တော့လို့ စရံကြိုမ​တောင်းမိလိုက်​တာမှားသွားတယ်​လို့​ပြော​တော့ ကျွန်​မတို့အဖွဲ့ကို သနားသွားပုံ​ပေါ်တယ်​။ တက်​တဲ့လိုက်​ခဲ့ကြ​ပြော​တော့ ​ပျော်​လိုက်​တာများ ​ပြောမ​နေပါနဲ့ အမြန်​ဘဲတက်​လိုက်​ကြတာများ
ရွေးအ​ဖေလဲ ​ငေးရင်းသာကျန်​ခဲ့ပါ​တော့တယ်​။
ကျွန်​မတို့ကိုတင်​​ခေါ်သွားတဲ့မိသားစုသင်္ကြန်​ကားက ​ဖော်​​​​ရွေပါတယ်​ ။ ဘယ်​​လောက်​ထိ​ဖော်​​ရွေသလဲဆိုရင်​ ကား​ပေါ်​ရောက်​တာနဲ့မုန့်​​တွေ​ကျွေး ဘီယာ​တွေ​ဖောက်​တိုက်​​တော့တာဘဲ။သူငယ်​ချင်း တူမ​လေးပါ​တော့​တော်​​သေး သူဘဲဒိုင်​ခံစား​ပေး​နေတာ မုန့်​​တွေကို​လေ။
ဘီယာ​တွေမ​သောက်​ချင်​လို့ပြန်​​ပေးလိုက်​ပါတယ်​။ အဲ့တာနဲ့လည်​လိုက်​တာ သင်္ကြန်​ဆိုတာကြီးကို
ကားလမ်း​တွေကပိတ်​ လမ်းကကျတ်​နဲ့ ​ရေကစား မဏ္ဏပ်​​ရှေ့မှာ ​ရေပတ်​ခံရင်း လမ်း​လျှောက်​လိုက်​ ကားစီးလိုက်​နဲ့​ရေပတ်​ခံထွက်​လိုက်​တာ မိုး​တောင်​​တော်​​တော်​ချုပ်​ပါတယ်​။ကားလမ်း​တွေကပိတ်​​တော့အပြန်​​တော်​​တော်​​မှောင်​ပါတယ်​။မိသားစုသင်္ကြန်​ကားကြီးက​တော့ တကယ်​မိသားစုလိုပါဘဲ အပြန်​ကို စိတ်​ရှည်​စွာအဆင်​​ပြေမဲ့​နေရာထိ လိုက်​ပို့​ပေးရှာပါတယ်​။
မြန်​မာ​တွေရဲ့ချစ်​စရာ​ကောင်းတဲ့ ကိုယ်​ချင်းစာမူ့ပါ။ သူတို့ကို​ကျေးဇူးတင်​ပါတယ်​။
အဲ့​နေ့က​တော့ ကျွန်​မတို့သူငယ်​ချင်း သုံး​ယောက်​ရဲ့ ၂၀၁၅ မှတ်​မှတ်​ရရသင်္ကြန်​အကြတ်​​နေ့​လေးဖြစ်​ပါ​တော့တယ်​။
Own Practice createdFB_IMG_1517843953108.jpg
Thanks for steemit member all my fri
MSC-233
@nwenwe
Credit by facebook image

Sort:  

V100%$0.079/#thargyi

အမ​ရောက်​​လာ​တော့မှာ​ပါ

စာပိုဒ်လေးတွေခွဲပြီး ပုံလေးတွေထည့်ရင် ဖတ်ရတဲ့သူတွေပို အဆင်ပြေမယ်ထင်တယ်ဗျ စိတ်ဝင်စားစရာလေးလည်းဖြစ်သွားတာပေါ့

ရောက်ချင်လှဘီနော်

သင်္ကြန်ဆိုတာ ကြားတာနဲ့ မနေနိင်ဘူးဗျာ

ပို့စ့်​ကဖတ်​​ကောင်းတယ်

သင်္ကြန်​ ​တောင်​ ​ရောက်​​တော့မှာပါလား။

Nice Festival

သင်္ကြန်ဆိုကတည်းက ဖတ်ချင်နေပြီ။ကောင်းပါတယ်ခင်ဗျ။

သင်္ကြန်လည်ကြတာ ပျော်စရာကောင်း😊😊

ဟုတ်​မမ

Coin Marketplace

STEEM 0.14
TRX 0.34
JST 0.033
BTC 117232.92
ETH 4588.86
SBD 0.88