အ​မေ သားကို​စောင့်​​နေ​နော်​ ဘယ်​မှာမသွားပါနဲ့

in #myanmar7 years ago

FB_IMG_1517719002547.jpgအပိုင်း(၁)
အ​မေ...သားမြို့မှာအလုပ်​သွားလုပ်​ချင်​တရ်
ရွာမှာ​နေပြီးအ​မေ့ရဲ့အ​ကြော်​ဆိုင်​မှာကူလိုက်​ဟိုဟာလုပ်​လိုက်​ဒီဟာလုပ်​နဲ့သားဘဝတို့တက်​မှာလည်းမဟုတ်​ဘူး..သားရယ်​...အ​မေလည်း
သက်​ကြီး​နေပါပြီဖြစ်​နိုင်​ရင်​ ဘယ်​မှမသွားပါနဲ့
အ​မေ့အနားမှာပဲ​နေပါ... သားအလုပ်​မလုပ်​ချင်​လည်း​နေပါ အ​မေ .သားကိုမခိုင်​​တော့ပါဘူး​နော်​သား
ဟာ​ဗျာ....အ​မေတို့ကလည်း​ပြောလိုက်​ရင်​ဒီအတိုင်းပဲ ဒီမှာ​နေလို့ ဘာတိုးတက်​မှာလည်း ငမျိုးတို့ဆိုင်​ကယ်​စီး​နေပီ သားမှာဆိုင်​မ​ပြောနဲ့ စက်​ဘီး​တောင်
မစီးနိုင်​ဘူး....ဝယ်​​ပေးပါဆိုလည်းဝယ်​မ​ပေးဘူး
အ​မေတို့မှာ အဆင်​မှမ​ပြေတာသားရယ်​...
အ​မေလည်းဝယ်​​ပေးချင်​တာ​ပေါ့.....ပီးတာပဲ​​​ဗျာ
ပိုက်​​ပေးဦး ရွာထိပ်​ထန်​​ရေသွား​သောက်​မို့ ငမျိုးတို့နဲ့
ချိန်​ထားတရ်​ ​ရောရော့သား ငါးရာ ဟာအ​မေကလည်း ငါးရာနဲ့ ဘာလုပ်​လို့ရမှာလည်း​ဗျာ
ဟိုငါး​ထောင်​တန်​​ပေး​လေ. အဲ့ဒါမနက်​ဖန်​​ဈေးဖိုးရင်း
ရမှာ​လေ သားရဲ့ မသိဘူး​ဗျာ...​ပေး......ဟဲဟဲ့...
သားသား .....​ကျော်​ဇင်​သူ့အ​မေဆီမှ ပိုက်​ဆံကို
အတင်းလုပြီး ထန်းရည်​ဆိုင်​ကို သွားပါ​တော့တရ်
သားရယ်​....အ​မေ့ရဲ့​စေသနာ​မေတ္တာ​တွေကို
ဘယ်​​တော့ နားလည်​မှာလည်းကွယ်​....
မညို..မညို...ကြီး​မေပါ့လား.လာထိုင်​ကြီး​မေ
စားပီးခဲ့ပီလား မစားရ​သေးပါဘူးမညိုရယ်​..
မညို ကြီး​မေကို ပိုက်​ဆံ​လေး ငါ​ထောင်း​လောက်​​ချေး
ပါဦး ကြီး​မေက​တော့ လုပ်​ပီ အရင်​အ​ကြွေးလည်း
မ​ပေး​နောက်​ပါထပ်​ယူဦးမရ်​ အဆင်​မ​ပြေ​သေလို့ပါ​အေ.....​ကြီး​မေသားလည်း အခုထိမလိမ်​မာဘူ​နော်
ဘယ်​တတ်​နိုင်​မလည်း​အေ သားသမီးဆို​တော့လည်း
အတတ်​နိုင်​ဆုံး ခွင့်​လွတ်​နားလည်​ရမှာ​ပေါ့....
ဟိုကိစ္စက​ကော ပြီးသွားပြီလား ပြီး​တော့ပြီးသွားဘီ
ဟိုဘက်​က တစ်​သိန်းမရရင်​မ​ကျေနပ်​နိုင်​ဘူး​ပြော
ငါ့မှာ အိမ်​ဝိုင်းတစ်​ခြမ်း​ရောင်းပြီး ​ပေလိုက်​ရတယ်
ကြီး​မေရယ်​.....​​​အေး​အေး စကား​ပြောလို့​ကောင်း​နေတရ်​ အိမ်​မှာဘာမှ မချက်​ရ​သေးဘူး ပြန်​ဦးမယ်​​အေ ​တော်​ကြာပြန်​လာလို့ ဘာမှချက်​မထားရင်
ပူညံပူညံလုပ်​​နေဦးမရ်​ ပူညံပူညံ​တော်​​သေးတယ်
မချက်​ထားရင်​ ရှိတာအကုန်​ရိုက်​ခွဲတာ.......
ဟုတ်​ကဲ့....ကြီး​မေ.....​အေးပါ​အေ..ငါမှာလည်း
မညိုတို့ သားအမိရှိလို့ အဆင်​​ပြေ​နေတာ....
ရပါတရ်​ ကြီး​မေရယ်​.......
အ​မေ.....ဘာချက်​ထားလည်း ကျုပ်​​ဗိုက်​စာပြီး
အေးပါသားရယ်​ ဟင်းကျက်​​တော့မှာပါခဏ​စောင့်​​နော်​......ဟာ​​ဗျာ..ဟင်းမချက်​ပဲ ဘယ်​​လျှောက်​သွား​နေလို့ မကျက်​​သေးတာလည်း.....မညိုတို့အိမ်​ခဏ
သွား​နေလို့ပါ....အ​မေတို့က အား​နေဟိုအိမ်​သွား
ဒီအိမ်​သွားပဲ​လျှောက်​သွား​နေတယ်​.......
ရပါပြီသားရယ်​ ....လာလာ..ထမင်းခူးပြီးပြီ
ဟင်းကလည်း ဒါပဲလား....​တော်​ပီ​ဗျာ
မစား​တော့ဘူး.......​လျှောက်​သွား​နေတာပဲ​ကောင်းတရ်​ ......ကြီး​မေမှာ​တော့ မျက်​ရည်​​လေးကိုသုတ်
တစ်​​ယောက်​ထဲ ကြိတ်​ပြီးငို​နေရပါ​တော့တယ်
သားတစ်​​ယောက်​ကို ပညာတတ်​​စေချင်​လို့​ကျောင်း
ထား​တော့လည်း ဆယ်​တန်းကိုငါးနှစ်​​လောက်​ကျတရ်​ ....​ကျောင်းကထွက်​​တော့အ​မေကို
မကူညီးတဲ့ အပြင်​မှာပြသာနာ​ပေါင်းဆုံးရှာပီး
အ​မေကိုဒုက္ခအမြဲ​ပေးတရ်
သူ့အ​ဖေရှိစဉ်​က စုထားတဲ့ပစ္စည်း​လေး​တွေလည်း
သူပြသာနာလိုက်​ရှင်း​နေရလို့ ကုန်​ပါပြီ
နောက်​ဆုံး အိမ်​ဝိုင်းတစ်​ခြမ်း​တောင်​ ​ရောင်းလိုက်​ရပီ
ကိုတင်​ငြိမ်းရယ်​ ရှင်​မ​သေပဲ ကျွန်​မအရင်​​သေသွား
ရမှာ.....ကြီး​မေတစ်​​ယောက်​ထဲ​ရေရွတ်​ပြီ...
မျက်​ရည်​စက်​လက်​နဲ့ မနက်​ဖန်​အ​ကြော်​ဖွင့်​ဖို့အတွက်
ပြင်​ဆင်​​နေပါ​တော့တယ်​........
ည​နေ​ဈေး​လေးသွားပြီး​တော့ အသား​လေးဘာ​လေးသွားဝယ်​ပြီး ငါ့သား​လေးကိုချက်​​ကျွေးဦးမှပါ​လေ.....အ​မေတစ်​​ယောက်​ရဲ့ချစ်​တတ်​နိုင်​လွန်းတဲ့
စိတ်​ ....
ဆက်​လက်​ကြိုးစားပါဦးမည်​။
မြန်​မာလူငယ်​များ Steemitမှာ​အောင်​မြင်​ကြပါ​စေ
FB_IMG_1517718880359.jpg

Author@nganann
Photo>Google Image

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 59601.30
ETH 2583.48
USDT 1.00
SBD 2.48