🌿ယနေ(့IT)ခေတ်နှင့်လူငယ်များ🌿

in #myanmar • 7 years ago (edited)


🌿ယနေ(့IT)ခေတ်နှင့်လူငယ်များ🌿
♒♒ယနေ့(IT)ခေတ်နှင့် လိုက်လျော်ညီထွေစွာ လူငယ် အတော်များများသည်လည်း အောင်မြင်မှုကို ဆာလောင်နေ လျှက်ရှိပေသည်။ ခေတ်နှင့်အညီ အမှီလိုက်နိုင်ဖို့ တိုးတက် အောင်မြင်ဖို့ အတွက်ပဲ တရစပ် လည်ပတ်နေလျှက် ရှိပေသည်။
♒♒ထို့ကြောင့် ဘာသာရေး အသိဥာဏ် ဗဟုသုတ ရှာမှီးဖို့ရန် သတိမမူ မိခဲ့ကြပေ။လေ့လာဖို့ရန် အချိန်မပေးနိုင်သည်က တကြောင်း တိုက်တွန်း တည့်မတ်ပေးမည့်သူများနှင့် အလှမ်းဝေးနေသောကြောင့်၎င်း ရှိတတ်ကြပေသည်။ဘာသာရေး အသိဥာဏ်ဟာ ဘယ်အတိုင်း အတာထိ ဘဝမှာ အရေးပါသလဲ ဆိုတာကို သိရှိ နားလည်မှု နည်းပါးသည့် အတွက်ကြောင့်လည်း စိတ်ပါဝင်စားမှု နည်းခဲ့ခြင်းဖြစ်သည်။
♒♒နွေရာသီ ကျောင်းပိတ်ရက်ရောက်ရင် English- speakingသင်တန်း ကွန်ပူတာ သင်တန်း စသည်ဖြင့် မိဘများမှ မိမိတို့၏ သားသမီးများ ခေတ်နှင့်အညီ ရင်ဘောင်တန်းနိုင်စေရန် စီမံလေ့ရှိတတ်ကြသည်။တန်းကျောင်းက မဖွင့်ခင် တစ်လလောက်အလိုကတည်းက ကျူရှင်ဆိုတာ တက်ရပြန်ပြီ။ ဘာသာဆိုသည်မှာ အဆုံးအမ ဖြစ်ခြင်းကြောင့် ဘာသာရေးနှင့် လွတ်ကင်းနေခြင်း။ ဘာသာရေးအသိ နည်းပါးနေခြင်းကြောင့် ကြီးကျယ် ခမ်းနားစွာ အောင်မြင်သင့်ပါလျှက် ထိုမျှလောက် အောင်မြင်ခြင်း မရှိကြပေ။

♒♒လောကဓံ၏ ရိုက်ပုတ်သည့်ဒဏ် မခံနိုင်ခြင်း ဖြေသိမ့်နိုင်ဖို့ရန် ဘာသာရေး အသိဥာဏ် မရှိခြင်း မကုစားတတ်ခြင်းတို့ကြောင့် စိတ်ဓာတ် ကျလွယ်ခြင်းများဖြစ်ကြရလေသည်။တည်ငြိမ် ရင့်ကျက်မှု စွမ်းအားများ နည်းပါးခြင်းကြောင့် ဝမ်းသာစရာတခုခုနှင့် ကြုံရလျှင် အလွန်အမင်း ဝမ်းသာလေ့ရှိတတ်ကြသည်။ထို့အတူ ဝမ်းနည်းစရာ တခုခုနှင့် ကြုံတွေ့ပြန်လျှင်လည်း ဖြေဆည်မရနိုင်ပဲ ရှိတတ်ကြသည်။
♒♒မိမိအား ချီးမွှမ်းခံရလျှင် မိုးမမြင် လေမမြင် ပျော်တတ်ကြသည်။တဖန် ကဲ့ရဲ့ ခံရပြန်ရင်တော့ စိတ်ဓာတ်တွေ ချွတ်ခြုံကျ နောက်ဆုံး ပတ်ဝန်းကျင်ကို အရွှဲ့တိုက် လူရမ်းကား ဘဝ ရောက်မှန်းမသိ ရောက်ရလေတော့သည်။(ချီးမွှမ်းခံရပြီးလျှင် ကဲ့ရဲ့ခံရမည်ကို မသိလေခြင်း)။ဒီနေ့ အလုပ်အဆင်ပြေတယ် အောင်ပွဲခံကြမယ် သောက်ကြ စားကြ ရလာသည့်ငွေများအား ဖြုန်းတီး ပစ်လေ့ရှိတတ်ကြသည်။ အလုပ်မဆင်မပြေသည့်နေ့ ငွေမရသည့်နေ့ဆိုပြန်တော့ သုံးစွဲ စရာမရှိ စိတ်ညစ်ရပြန်သည်။
အခြွေရံတွေပေါ်တယ် အပေါင်းအသင်းတွေများတယ် မိမိအား ထောက်ခံအားပေး သူတွေရှိနေရင် ပျော်ပျော်အုန်းအုန်း မာန်တတ်ရပြန်သည်။

♒♒ဟော..ခြေရံသင်းပင်း အားပေးထောက်ခံမယ့် အပေါင်းအသင်း နည်းလာပြန်တော့ အားငယ်ရမှု ဖြစ်လာရပြန်သည်။အောင်မြင် ချမ်းသာနေတော့ ဘယ်သူ့မှကို လူမထင် ကြီးတဲ့သူကိုလည်း ရိုသေကိုင်းရှိုင်းရမှန်း မသိ ကိုယ့်ထက် နိမ့်ပါးသူကိုလည်း စာနာ ထောက်ထားရမှန်းမသိ ရှိတတ်ကြသည်။အကြောင်းအမိုးမိုးကြောင့် ဆင်းရဲလာပြန်တော့ ဘယ်သူမှ ကူညီမယ့်သူ မရှိ ဖြစ်ရသည်။ အထည်ကြီးပျက် ဘဝရောက်ရတော့သည်။
♒♒ကိုယ့်ထက်နိမ့်သူဟု ယူဆထား သူများနှင့် အဆင်ပြေဖို့ မလွယ်ကူလှပေ။ ဆိုခဲ့ပြီးသည်များသည် လောကဓံ တရားများပင်ဖြစ်သည်။ထို့ကြောင့် အကောင်းတွေ လာတတ်သလို အဆိုးတွေလည်း ရှိလာတတ်သည်ကို သတိမူ ရမည်ပင်ဖြစ်သည်။အကောင်းလောကဓံနှင့်ပဲ ကြုံကြုံ အဆိုးလောကဓံနှင့် ကြုံကြုံ မိမိ စိတ်နှလုံးအား မတုန်မလှုပ် တည်ငြိမ် ရင့်ကျက်စွာ ထားနိုင်ဖို့ရန် လေ့လာ သိရှိ လေ့ကျင့်ထားရပေမည်။
♒♒ယနေ့ခေတ် လူငယ်များ ဘာသာရေးအသိဥာဏ်များအား လက်ကိုင် ထားရှိကာ မိမိတို့၏ လိုရာခရီး လျှောက်လှမ်းရာ၌ မည်သို့သော် အခက်များကြုံတွေ့ လာပါစေ တည်ငြိမ် ရင့်ကျက်စွာ လျှောက်လှမ်းနိုင်၍ လိုရာခရီး ပြီးမြောက် အောင်မြင်နိုင်ပါစေဟု တောင်းဆုချွေလျှက်---
writing - naythuhtet
##poto google
25.9.2017

Sort:  

ဟုတ်တယ် လူငယ်တွေ တဖြည်းဖြည်း ဘာသာရေးအသိတွေ ကင်းကွာလာကြတယ်

လိုအပ်သည်ကို အပြုသဘောဆောင်
ဖော်ထုတ်ရေးသားခွင့် ရသည့်အတွက် ကျေးဇူးတင်ပါတယ်။

ဘာသာရေးကအမှန်တကယ်လူကြီး လူငယ်အားလုံးအတွက်လိုပါတယ်

ဟုတ်ပါတယ် ကိုအန်စိုး
ငယ်ရွယ်တဲ့ အချိန်တည်းက ဘာသာရေးအသိ ရိုက်သွင်းခဲ့ရင် လူကြီးဖြစ်လာတဲ့ ခါ တထူးတလည် ကြောင့်ကျ စိတ်နေစရာ မလိုတော့တာပါ။
ကျေးဇူးပါတင်ပါတယ်

Good post

ကျေးဇူးပါ

ဘာသာရေးအသိဥာဏ်ရှိဖို့ ကြိုးစားရပါအုံးမယ်

အချိန်နည်းနည်းလေးဖဲ့ပေးပြီး ကြိုးစားပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်

မျှဝေတာ ကျေးဇူးပါဗျာ
bro က esteem နဲ့ တင်တာလားဗျ

ဟုတ်ပါတယ် ။ estemနဲ့တင်တာပါ

ကောင်းပါ့

ကျေးဇူးပါ

ကျေးဇူး ဆာ

ဟုတ် ။ကိုညီ

အခုခေတ်ဘာသာရေးအသိတွေနည်းပါးလာပြီဗျို့။

ဟုတ်ပါတယ်။ bro

နေသူရေ စကားပြောတွေ ကို စာကားပြေရေးသားမှုဖက်ကိုပြောင်းတော့ကွယ်။ အရေးအသားမှန်လာပြီ၊ ရေပုံပြောင်းလိုက်တော့၊ စကားပြောရေးနည်းတွေ ဆရာရေးပြထားတာပဲ ပြန်ဖတ်ပါ။ ချစ်တဲ့ THO

ဟုတ်ဆရာ

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 67050.87
ETH 3252.29
USDT 1.00
SBD 2.64