စိတ်၏အခြင်းအရာများ အပိုင်း(၁)

in #myanmar7 years ago (edited)


စိတ်၏အခြင်းအရာများ အပိုင်း(၁)

မျက်စိနှစ်လုံး ပွင့်လာသည်နှင့် အမျှ
အာရုံတွေကို လိုက်ပြီး သိနေကြသည်။
ထိုသို့ အာရုံတွေကို သိတတ်သောကြောင့် စိတ်ဟု ခေါ်ပါသည်။
မနက် အိပ်ယာ ထသည်နှင့် တပြိုင်နက် onlineမှာ ငွေရှာသူ နည်းပညာသမားစသူ တို့သည် ဖုန်းကောက်ကိုင်ပြီး fackebook ကြည့်သည်။ကျွန်ုပ်တို့ steem menberများသည်လည် steem websiteကို ကြည့်ရှု့ကြသည်။facebookပေါ်မှ မြင်တွေ့ရသမျှတည်းဟူသော ရှုပါရုံ ၊steem websiteမှ မြင်တွေ့ရသမျှ တည်းဟူသောရှုပါရုံ မျက်စိနှစ်လုံး ပွင့်သည်နှင့် အာရုံတွေကို စတင်ပြီးတော့ တွေ့သိရပါသည်။(ရှုပါရုံဆိုသည်မှာ ရှုပ အာရုံ ဖြစ်ပေသည်။)ရုပ် အာရုံဟု ဆိုပေသည်။
ထို့ကြောင့် အဆင်းအရောင် ဟူသမျှ ရုပ်ဖြစ်ပေသည်။အာရုံ ၆-ပါး ရှိပေသည်။
ထို့ကြောင့် အာရုံ ၆- ပါး ရှိသလို အာရုံကိုသိတတ်သော စိတ်သည်လည်း ၆-ပါး ဖြစ်ပေသည်။အာရုံ ၆ ပါးမှာ-
(၁)အဆင်းအရောင် ဟူသမျှ -ရှုပါရုံ
(၂)အသံဟူသမျှ -သဒ္ဒါရုံ
(၃)အနံ့ဟူသမျှ - ဂန္ဓာရုံ
(၄)အရသာဟူသမျှ - ရသာရုံ
(၅)အတွေ့ဟူသမျှ -ဖောဋ္ဌဗ္ဗာရုံ
(၆)ကွင်းသော သိဖွယ်ဟူသမျှ -ဓမ္မာရုံဟူ၍ဖြစ်သည်။

ရှုပါရုံကို မြင်သော အခါမှာ မြင်သိစိတ်ဖြစ်သည်။
သဒ္ဒါရုံကို ကြားသော အခါမှာ ကြားသိစိတ် ဖြစ်သည်။
ဂန္ဓာရုံကိုနံသော မွှေးသော အခါမှာ
နသိ စိတ် မွှေးသိ စိတ် ဖြစ်သည်။
ရသာရုံကို အရသာ ခံသော အခါ အရသာ သိစိတ် ဖြစ်သည်။
တစုံတခုအား တွေ့ထိ ရသောအခါ တွေ့ထိစိတ် ဖြစ်၏။
အာရုံ၅-ပါး နှင့်တကွ ကြွင်းသော အကြောင်း အရာတွေကို သိသောအခါ ဆိုင်ရာကို သိသော စိတ်များ ဖြစ်ကြလေသည်။
နေ့စဉ် အိပ်ရာမှ နိုးထသည်နှင့် အာရုံတွေကို တွေ့သိရပေသည်။
တွေ့သိရသမျှ အာရုံများသည်
နှစ်သက်သည့် အာရုံ မနှစ်သက်သည့် အာရုံဟု ကွဲပြားနေပြန်သည်။
ရုပ်အဆင်း အာရုံအား မြင်တွေ့ ရသော အခါ၌ မကြိုက်သည့် အာရုံဆိုလျှင် စိတ်ဆိုး ဒေါသဖြစ်ရသည်။(ကျက်သရေတုန်းထှာကွာ ဒီကောင့်ပုံကြီး မြင်တွေ့ရတာ)။
ကြိုက်သည့် အာရုံဆိုလျှင် ဝမ်းသာ ပီတိ ဖြစ်ရပေသည်။(လှလိုက်တာ)။
သဒ္ဒါရုံ အားဖြင့် စောစောဆီးဆီး တရားသံ ပရိတ် ပဋ္ဌာန်းသံလေးများ ကြားလိုက်ရလျှင် စိတ်နှလုံး အေးချမ်း ရပေသည်။ မိမိအရမ်းနှစ်သက်သည့် သီချင်း အသံများ ကြားရလျှင် စိတ်ရွှင်လန်းမှုကို ဖြစ်ရပေသည်။
မိမိ အရမ်းမုန်းသည့် သူ၏ အသံများ ကြားလိုက် ရလျှင် စိတ်ဆိုးဒေါသဖြစ် အကုသိုလ် များရပေသည်။
အနံအားဖြင့်သည်လည်း ထိုနည်းတူ
ကြိုက်သည့်အနံ့အာရုံ မကြိုက်သည့် အနံ့အာရုံ ရှိပေသည်။
သို့အတွက်ကြောင့် ကျွန်ုပ်တို့သည် ဟိုဟာသိ ဒီဟာသိနှင့် အချိန်ရှိသမျှ အာရုံတွေကို သိနေကြသည်။
writing -by @naythuhtet
##poto google

Sort:  

တရားသ​ဘော​တွေ တင်​​ပေးတာ ​ကျေးဇူးပါ 👍👍

ဟုတ်ကဲ့ ကျေးဇူးပါ။ဆက်လက်တင်ပေးအုန်းမှာပါ ။

reference ထည့်ပေးပါ။ ဝါကျဖွဲ့ပုံ သတ်ပုံသတ်ညွှန်း၊ အဆုံးသတ်များအားလုံးကောင်းပါသည်၊ မိမိအတွေးအခေါ် ပွင့်ပွင့်လင်းလင်းပြောရလျှင် လူပန်းနားလည်သောစကားပြေမျိုးပြောင်းရေးပါ။ ခုကောနားမလည်ဘူးလား။နားလည်ကြမည်ဖြစ်ပါသည်။ သို့သော်ကျမ်းရင်းစကားများဖြစ်နေသည်။သို့ဖြစ်၍ reference ထည့်ပါဟုပြောရခြင်းဖြစ်သည်။ တောင်မြို့ဆရာတော်ကြီးစာအုပ်မှထင်ပါသည်။ ဘာသာရေးပိုင်းကိုရွေးချယ်တာ ကျေးဇူးတင်ပါသည်။ ဆရာတော်များဆရားစောလျှင်ပင် သုတ်၊အဌကထာ၊ ဇာတကနပါတ်များကို reference ပေး၍ ဟောကြပါသည်။

ကျမ်းရင်းမဟုတ်ပါဖူး ဆရာ
ဒီတရားတော်သည် အဘိဓမ္မာတရားတော်သည်ပင်လျှင် ဖြစ်ပါသည်။ကျမ်ရင်းက "အဘိဓမ္မာသင်္ဂဟကျမ်း"ပါ။ကျမ်းရင်းအနက်ဆိုလျှင် ပါဋိစာပေသင်ကြားသည့် သူများသာ သိပါလိမ့်မည်။အဓိပ္ပာယ်ဖွင့်ချက်ပါ။အဘိဓမ္မာသင်ယူသည့် စာသင်သားတိုင်း ဆရာတော်ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ထပ်ဆင့်လေလာမှတ်သားရပါတယ်။ ဒါကြောင့်ဆရာတော်ကြီး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်းရေးပြထားခြင်းပါ။အဓိပ္ပာယ် ကောက်ယူမူ လွဲမှာဆိုးလို့ပါ။တရားဟောတာကတော့ လူပိန်းကြီးမဟုတ်တောင် လူနားလည်လွယ်အောင်ဟောရတာပါ။ဥာဏ်ကြီးသည်ဲ့ သူအဖို့ ထပ်ရှင်းပြစရာ မလိုပေမယ့် ဘာသာရေး မလိုက်စားနိုင်သည့် သူများ လူငယ်များ အားရည်မှန်း၍ အတတ်နိုင်ဆုံးမူရင်းဖွင့်ဆိုချက်မပျက်အောင် ကြိုးစား ရေးသားခြင်းပါ။
referenceကတော့ ဘုရားဟောတရားတော်ဆိုတာ သိသာနေခြင်းကြောင့်ပါ။ ဖြည့်စွပ် ထောက်ပြ နားလည် ပေးသည့်အတွက်ကို အထူးကျေးဇူးတင်ပါတယ် ဆရာ။
နောက်ဆို referenceထည့်နိုင်အောင်ကြိုးစားပါ့မယ် ဆရာ။တခို့ ကျတော့လည်း သင်ယူ မှတ်သားခဲ့တာကြာတော့ မူရင်းကို မမှတ်မိနိုင်ဖူး ဆရာ။
ဖြေရှင်းရင် ပိုရှုပ်ထွေး သွားနိုင်ပါတယ်။
(ကျနော့် ဖြေရှင်းချက်တွေသည် ဆရာ့အားသော်လည်းကောင်း ဆရာတော်ကြီးများအားသော်လည်းကောင်း တခြားသော် သူများအားသော်လည်းကောင်း မယဉ်မကျေး ပြောဆိုမိခဲ့သော် အမှားများရှိခဲ့သော် ခွင့်လွတ်နားလည်ပေးဖို့ အနူးညွတ်တောင်းပန်အပ်ပါသည်။)
ထပ်ဆင့်ပြီးတော့လည်း သင်ပေး ထောက်ပြ ဝေဖန်ပေးဖို့ တောင်းဆိုပါတယ် ဆရာ

Nice post!

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.028
BTC 54953.89
ETH 2913.89
USDT 1.00
SBD 2.03