"သေ"ခြင်း၏သဘောတရားများ

in #myanmar7 years ago (edited)

"သေ"ခြင်း၏သဘောတရားများ
မွေးဖွားခြင်းသည် သေဆုံးခြင်း၏ အစ ဖြစ်ပါပေသည်။ ကမ္ဘာလောကကြီးအတွင်း၌ နေ့စဉ်နှင့်အမျှ မွေးဖွားခြင်းတွေ ရှိနေပေသည်။ထို့အတူပဲ သေဆုံးခြင်းတွေသည်လည်း ရှိနေကြပါသည်။
ကိုယ့်အိမ် ကိုယ့်ရပ်ကွက်ထဲ ကိုယ့်အလုပ်နဲ့ကိုယ် နေထိုင်ခဲ့စဉ်က မသိရှိခဲ့ပေ။ကျနော်၏ အဘွား ဆုံးပါးသည့်အခါဝယ် သုဿာန်မှာအသုဘ မြေချနိုင်ဖို့ရန် နိဗ္ဗာန်ယာဉ်ကား ငှါးရပါသည်။ ထိုအချိန်၌( သေဆုံးသူ ကျွန်ူပ်၏ အဖွားအသက်သည် ၁၀၄-နှစ်ဖြစ်ပါသည်။ ကျနော်၏အသက်မှာ ၂၀-သာရှိပါသေးသည်။)ယခုအချိန်ခါ၌ ပြန်လည်အောက်မေ့ သတိရမိခြင်းဖြစ်သည်။)
လူကြီးတခို့ နှင့် နိဗ္ဗာန်ယာဉ်ကား သွားငှါးကြပါသည်။3:30 မှာ အသုဘ မြေချ မြှပ်နှံသဂြိုလ်မှာ ဖြစ်သည့်အတွက် ငှါးခဲ့ပါသည်။သို့သော် ကိုယ်လိုချင်တဲ့အချိန် မရခဲ့ပါဘူး။ သူတို့ပေးတဲ့ 4:00အချိန်သာ ရခဲ့ပါသည်။ ဘာ့ကြောင့်လဲပေါ့ စိတ်ထဲမှာ သိချင်နေမိသည်။
ရောက်လာခဲ့ပါပြီ ။4:15 မှာနိဗ္ဗာန်ယာဉ်ကား ရောက်လာပါတော့သည်။(ကျနော်တို့ နည်းနည်းနောက်ကျသွားတယ် ရှေ့မှာ နှစ်လောင်းပို့နေရတာကြောင့်ပါ။)သြော်...ငါတို့ အဖွားလို သေဆုံးသူတွေ ရှိသေးပါလား ဆိုတာ သိလိုက်ရပါသည်။ ငြိမ်သက်နေရာမှ လူအားလုံးသည် လှုပ်လှုပ် ရွရွဖြစ်လာပါတော့သည်။ငါတို့ရဲ့ အဘွားကို ငါတို့နဲ့ဝေးရာသယ်ဆောင်သွားကြတော့မယ်ဆိုတဲ့ အသိဝင်လာခဲ့ ကြပါသည်။ နှမြောတသ ပူဆွေးတမ်းတ အော်ဟစ်ငိုကြွေးသူတွေနဲ့ ဆူညံသွားခဲ့ပါသည်။နောက်ဆုတ်ပေးကြပါ အားလုံးကန်တော့ကြပါဆိုတဲ့ အသံထွက်ပေါ်လာမှ အနည်းငယ်ငြိမ်သက်သွားခဲ့ ပါတော့သည်။ကန်တော့ကြသူ ကန်တော့ပြီးတော့ ပြင်းထန်စွာပူဆွေးနေတဲ့ သူများကိုလည်း ဖျောင်းဖျတားဆီးပြီး အလောင်းကို အခေါင်းထဲထည့် ကားပေါ်တင်သုဿာန်ကို ယူဆောင်သွားကြပါသည်။
ကျနော်တို့ပါ နိဗ္ဗာန်ယာဉ် ကားပေါ်၌ လိုက်ပါပို့ဆောင်ကြပါသည်။

ကျနော်တို့ကား သုဿာန်ဝင်မည် အလုပ်မှာ နိဗ္ဗာန်ယာဉ်ကားတစီးသည် အလောင်းချပြီး အရေးတကြီး ပြန်ထွက်သွားပါသည်။ သိလိုက်ရသည်မှာ နောက်ထက် အလောင်းတလောင်း သယ်ယူဖို့ရန် ရှိနေသေးသည်ဆိုတာ။ ဒီနေ့တင်သေတဲ့သူတွေ မနည်းပါလား။ ငါတို့မြို့တင် တရက် ၄-၅လောင်းသေနေတာ
တနိုင်ငံလုံးဆိုရင် ဘယ်လောက်တောင်များနေမလဲ ။ တစ်ကမ္ဘာလုံး ဆိုရင် ဘယ်လောက်တောင် များလိုက်မလဲ တွေးမိပါတော့သည်။သုဿာန်ရောက်မှ နေ့စဉ် လူတွေသေဆုံးနေကြသည်ဆိုတာ သိရပါတော့သည်။နေ့စဉ် သေဆုံးနေကြရင် လူဦးရေတွေ ယုတ်လျှော့
သွားသလားဆိုလျှင် လျှော့မသွားသည့်အပြင် တိုးတောင်လာပါသည်။ ရပ်ကွပ်တွေမှာ တိုးချဲ့ ကာ ကွက်သစ်ရပ်ကွပ်ဟုဆိုကာ လူနေအိမ်တွေ ထပ်တိုးလာပါတော့သည်။ လယ်ကွင်ြး့ပင် လူအရောက်ပေါက်နည်းသည့် နေရာများ၌ လူနေအိမ်များ ထက်တိုးဆောက်ကာ နေထိုင်ကြပါသည်။"သေဆုံးခြင်းရှိသလို မွေးဖွားခြင်းတွေသည်လည်း ရှိနေကြသည်ကို သတိမူမိပါသည်"။
ကမ္ဘာလောကအတွင်း၌ လူသားအားလုံး ဖြစ်တည်နေထိုင်လျှက်ရှိကြပါသည်။ဘာသာကွဲ လူမိုးကွဲများလည်း များစွာရှိပေသည်။ အားလုံးသည် မိမိတို့ယုံကြည်ရာ ဘာသာများ၌ အသီးသီး ကိုးကွယ်လျှက် ရှိကြပါသည်။ မိရိုးဖလာ အစဉ်လာအားဖြင့်လည်း ကိုးကွယ်နေထိုင်လျှက် ရှိကြပါသည်။လူမိုးတမိုးကို ဘာသာရေးနှင့် ထိန်းခူပ်ထားသည်ဟု ဆိုရပေမည်။
ဘာသာ-ဆိုသည်မှာ အဆုံးအမဟု အဓိပ္ပါယ်ရပါသည်။ဘာသာတည်းဟူသော အဆုံးအမသာ မရှိလျှင် စည်းလွတ် ဝါးလွတ် ဗရမ်းဗတာ ရက်စက်ကြမ်းကြုတ်တဲ့ လူရိုင်းတွေ ဖြစ်မည်မှာ မလွဲပေ။ဘယ်လို အယူဝါဒတွေ ကွဲလွဲ ကွဲလွဲ ဘာသာပဲမတူတူ ကျွန်ုပ်တို့အားလုံးသည် လူသားတွေသာ ဖြစ်ကြပါသည်။ ထို့ကြောင့် မွေးဖွားခြင်းနှင့် သေဆုံးခြင်း ရှိကြပေသည်။
ဗုဒ္ဓဘုရားဟောကြားထားသည့် အဘိဓမ္မာဒေသနာတော်၌ သင်ကြားခဲ့ဖူးသည်မှာ သေခြင်း (၄)မိုးရှိပါသည်။ ထိုသေခြင်း (၄)မိုးမှာ -
(၁)သက်တမ်းကုန်၍သေဆုံးခြင်း
ကျနော်၏အဖွားသည် အတိတ်ဘဝက သီလအား ကောင်းခဲ့သည်ဟု ဆိုရပေမည်။ <၇၅>နှစ်သက်တမ်းမှာ အသက် (၁၀၄)နှစ်ထိ ကံကောင်းစွာနေထိုင်ခဲ့ရပါသည်။ အဘိဓမ္မာ ဒေသနာတော်အရ သက်တမ်းကုန်၍ သေဆုံးခြင်း မည်ပါပေသည်။
(၂)ကံကုန်၍သေဆုံးခြင်း
လူ့ဘဝကို ရသည့် ကံတော့ပါလာပါရဲ့ ။ ရောဂါတခုခုကြောင့် လသားအရွယ်ဖြင့် ဆုံးပါးသွားကြသည်။ လူ့အသက်တန်း
(၇၅)နှစ်ရှိသည့် အနက်က (၁၅)နှစ်အရွယ်နှင့် တီဘီရော်ဂါဖြင့် ဆုံးပါးသွားကြတာတွေရှိသည်။ အသက်(၂၀)အရွယ်မှာ ငှက်ဖျားရော်ဂါဖြင့်ဆုံးပါးသွားသူတွေရှိကြသည်။၇၅-နှစ်လူ့သက်တန်းမှာ ကံစွမ်းက ၃၀-လောက်သာရှိလျှင် အသက်၃၀ အရွယ်မှာပဲ သေကြရပါသည်။ထို့သို့သေခြင်းမိုးသည် ကံကုန်၍ သေခြင်းမည်ပေသည်။
(၃)နှစ်ပါးစုံ ကုန်၍သေခြင်း(သက်တမ်းရော် ကံစွမ်းပါ ကုန်၍ သေဆုံးခြင်း)
၇၅-နှစ်သက်တမ်းမှာ ၇၅-နှစ်နေရဖို့ကံစွမ်းပါလာပြီး ၇၅-နှစ်မှာသေသွားရင်
သက်တမ်းရော် ကံစွမ်းပါကုန်၍သေဆုံးခြင်းမည်ပါပေသည်။
(၄)ဥပစ္ဆေဒနကံကြောင့်သေဆုံးခြင်း
သက်တမ်းလည်းမကုန်သေး။ကံစွမ်းလည်းမကုန်သေးပါလျှက်နဲ့ တစုံတရာအနှောင့်ယှက်ကြောင့် သေရသည်။
"မီးလောင်၍သေရခြင်း ရေနစ်၍သေရခြင်း ကားတိုက်ခံရ၍သေခြင်းအစရှိသော တစုံတရာအနှောင့်အယှက်ကြောင့် သေရခြင်းတို့ဖြစ်ကြပေသည်။"
မွေးဖွားပြီးလျှင် သေဆုံးရမည်ကို သိရှိကာ မသေခင်မှာ ကုသိုလ်တရားတွေ တိုးပွားဖြစ်ထွန်းအောင် ပြုလုပ်နိုင်ကြပါစေ။
ဤကောင်းမှုကြောင့် ပစ္စုပ္ပန်နှင့် သံသရာကျင်လည်ရသည့်တလျှောက်၌ ထက်မြတ်သော အသိဥာဏ်နှင့် ပြည့်စုံသူဖြစ်ပါလို၏ ။
###poto google

Sort:  

Imagenes de la iglesia catolica

que imagen es la imagen de la iglesia católica...?

ဘာပြန်ရေးထားတာဒုံးဗျ

ကတ်သလစ် အသင်းပုံတော်ကဘာလဲပြန်မေးတာ

တင်ပေးမား

တေချင်စိတ်ပေါက်အောင်ရေးရမှာ

😀😂😂

သေခြင်းတရား=အလွန်လေးနက်သောအကြောင်းတရား

ဟုတ်ပါတယ်။ကိုညီ

အစမ်းသေကြည့်သင့်ဒေ

မေတ္တာတွေထားတယ်လား။သေရွာက ပြန်လာလို့မြပု။ပြီးမှ လိုက်ခေါ်နေနက်😂

thank you.bro

we no need to afraid of die

Coin Marketplace

STEEM 0.16
TRX 0.16
JST 0.032
BTC 59010.30
ETH 2515.57
USDT 1.00
SBD 2.45