🐼🌻ဘာသာရေးနှင့် စီးပွားဥစ္စာ🌻 အပိုင်း(၂)🐼

in #myanmar • 7 years ago (edited)


🐼🌻ဘာသာရေးနှင့် စီးပွားဥစ္စာ🌻 အပိုင်း(၂)🐼
🔜ရှေ့မှာ ပြောခဲ့သလို မိမိ ရှာဖွေထားသည့် စည်းစိမ် ချမ်းသာ ပိုင်ဆိုင်ထားသည်များသည် အတိတ်က ကုသိုလ်ကောင်းမူ၏ အကျိုးဆက်အား ခံစားရခြင်း ဖြစ်တာနှင့်အညီ ကုသိုလ်ကံ အဟုန်ကုန်လျှင် အကြောင်းအမိုးမိုးနှင့် ဆုံးရှုံး ပျက်ဆီး နိုင်ပေသည်။ထို့သို့သော်အကြောင်းများမှာ...
(၁)ရေဖြတ်၍ ပျက်ဆီးရခြင်း
(၂)မီးလောင်၍ ပျက်ဆီးရခြင်း
(၃)မင်းအာဏာ အမိန့်ဖြင့် ဖယ်ရှားခံရခြင်း
(၄)သူခိုး ခိုးခံရခြင်း
(၅)ဓားမြတိုက် ခံရခြင်းစသည့် ရန်သူမိုး ငါးပါးကြောင့်လည်း ပျက်ဆီးရပေသည်။

♒♒♒ဘုရားရှင် လက်ထက်ဝယ် သာဓက တခုထုတ်နုတ် ဖော်ပြရလျှင် သာဝတ္ထီပြည်မှာ ကုဋေလေးဆယ် ကြွယ်ဝချမ်းသာသည့် သူဋ္ဌေးတစ်ဦး ရှိပေသည်။နေ့စဉ်နေ့တိုင်း မိမိပိုင်ဆိုင်သည့် ရွှေငွေပစ္စည်းများအား တသိမ်းထုတ်ထုတ်နှင့် ကြည့်ရှု့လေ့ရှိလေ၏။
♒♒♒ ထိုသို့ ကြည့်ရှု့ရာမှ တနေ့သော အခါ၌ ဒီရွှေငွေ ပစ္စည်းတွေသည် မီးသွေးခဲ အသွင်ပြောင်းလဲ ဖြစ်တည်နေသည်ကို တွေ့ရလေသည်။ "သူဋ္ဌေးကြီး စဉ်းစားတယ် မည်သူ တဦးတယောက်ကမှ လဲလှယ်ယူသွားခြင်းကား မဖြစ်နိုင်ပေ။ငါလည်းနေ့စဉ် ထုတ်ယူ၍ ကြည့်ရှု့နေသည်ပဲ။သေချာ သိမ်းထားတဲ့ ပစ္စည်း တစုံတယောက်က လဲလှယ် ယူသွားခြင်းက မဖြစ်နိုင်ဖူး။"

♒♒♒သူဋ္ဌေးကြီးသည် ဒီရွှေငွေက တဆင့် ပြောင်းလဲသွားသည့် မီးသွေးခဲတွေကို ကြည့်ပြီး ညောင်စောင်း(ကုတင်)ပေါ်မှာပဲ လှဲလျှက် နေလေသည်။ သူဋ္ဌေး၏ မိတ်ဆွေတဦး အိမ်သို့လာရာ၌ "အဘယ်သို့သော် အကြောင်းကြောင့် စိုးရိမ်သောက ရောက်နေရရှာတာလဲ မေးတော"့။
♒♒♒သူဋ္ဌေးကြီး ပြောပြချက်အရ ဖြစ်ကြောင်းကုန်စင် သိရှိသွားသည့် နောက်၌ "သူဋ္ဌေးကြီး... ဒီအတွက်တော့ စိုးရိမ်သောက ဖြစ်မနေပါနဲ့။ကျွန်ုပ်မှာ လက်ရှိ မီးသွေးခဲတွေကနေ မူလအတိုင်း ရွှေငွေတွေ ပြန်ဖြစ် လာအောင်အကြံတခုရှိတယ် ။ကျွန်ုပ်ပြောတဲ့ အတိုင်းသာ လုပ်ပါ။ကောင်းပြီ ဘယ်လို လုပ်ရမလဲ ပြောပါ။
♒♒♒ ဈေးထဲမှာ ဖျာကိုဖြန့်ခင်းပြီး ဒီသွေးခဲတွေကို ဖျာပေါ်မှာတင်ပြီး ရောင်းပါ။တခြားသူတေကွတော့ အဝတ်ထည်တွေ ဆန် ဆီ တင်လဲ ပျားရည်တို့ကို ရောင်းချနေပါလိမ့်မယ်။ သူဋ္ဌေးကြီးကတော့ ရွှေငွေကို ရောင်းသကဲ့သို့
ထိုင်နေပါ။အဲဒီခါကျရင် တခို့ သူတွေက မေးကြလိမ့်မယ် သူဋ္ဌေးကြီး မီးသွေးတွေကို ဘာလို့ရောင်းနေတာလဲ မေးရင်။
♒♒♒ အေး...ငါ ရွှေငွေတွေကို ရောင်းနေတာလို့ပြောပါ။ထိုသို့ရောင်းချနေရင်း ဘုန်းကံရှိတဲ့ တယောက်သူက သူဋ္ဌေးကြီး ရွှေငွေတွေကို လမ်းဘေးမှာ
ချရောင်းနေပါလားလို့ ပြောရင်။ဟဲ့ ...ဘယ်မှာလဲ ရွှေငွေလို့မေးပြီး သူ့လက်နဲ့ ရွှေငွေတွေကို ယူပြခိုင်းလိုက်ပါ။

♒♒ ♒ ထိုသူဟာ သူဋ္ဌေးရဲ့ ကျေးဇူးရှင်ဖြစ်လို့ အမိုးသား ဖြစ်ခဲ့ရင် တဝက်ပေးပြီး
ကျေဇူးဆပ်လိုက်ပါ။ အမိုးသမီး ဖြစ်ခဲ့ရင် သူဋ္ဌေးရဲ့သားနှင့် ထိန်းမြား လက်ထက်ပေးပြီး ကုဋေလေးလေးဆယ်သော ရွေငွေတွေကို သတိုးသမီးအား အပ်နှင်းပြီး သူပေးသည်ကိုသာ သုံးစွဲပါ။"
♒♒ ♒ မိတ်ဆွေသင်ပေးသည့်အတိုင်း ဆောင်ရွက်ခဲ့ရာ ကိသာဂေါတမီ အမည်ရှိသည့် ပိန်လှီ ခို့ တဲ့ သည့်သူဆင်းရဲမလေးတယောက် ရောက်လာပြီး သူ့လက်နှင့်ထိကာ မီးသွေးခဲတွေကနေ တဆင့် မူလအတိုင်း ရွေငွေတွေ ဖြစ်လာသောကြောင့် ချွေးမအရာ၌ တင်မြှောက် လိုက်ပါတော့သည်။
♒♒♒သို့အတွက်ကြောင့် ဥပမာတခု ပေးရရင် မိမိတို့ အိမ်မှာ တည်ထာသည့် သောက်ရေအိုးတလုံး။မနက်မှာ ရေအပြည့် ထည့်ထားလိုက်မယ်။ဘေးကဧည့်သည် လာလည်းသောက်မယ် အိမ်သားတွေလည်း သောက်မယ် ဟိုလူသောက် ဒီလူသောက်နဲ့ ဒီမနက်က ရေအပြည့် ထည့်ထားတဲ့ သောက်ရေအိုးဟာ ညနေရောက်တဲ့ အခါမှာ လျှော့ပါးကုန်ခမ်း သွားပါမယ်။
ဒီလိုဆိုရင် ထပ်ဖြည့်ရအုန်းမယ်ပေါ့နော်။🐽😂😂😂
စာဖတ်သူများ အားလုံး ကုသိုလ်တရား၌ ပျော်မွှေ့နိုင်ပါစေသော်။
writing @naythuhtet
#poto google
ဓမ္မပဒ ကိသာဂေါတမီဝတ္ထု

Sort:  

ဟုတ်​ကဲ့ ကို​နေသူ

ဟုတ် ။

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.029
BTC 66902.20
ETH 3248.49
USDT 1.00
SBD 2.64