🐼🌻ဘာသာရေးနှင့် စီးပွားဥစ္စာ 🌻အပိုင်း(၁)🐼

in #myanmar • 7 years ago (edited)


🌻ဘာသာရေးနှင့် စီးပွားဥစ္စာ 🌻အပိုင်း(၁)
♒♒♒လူသားတိုင်း ကိုယ်စီ တိုးတက် အောင်မြင်ကြီးပွား ချမ်းသာချင်ကြသည်။သို့အတွက်ကြောင့် နည်းအမိုးမိုးဖြင့် စီးပွားရှာကြလေသည်။
♒♒♒ထင်တိုင်းမပေါက် ရှာတိုင်း မရကြသည်များ ရှိသလို အောင်မြင်ကြသူများလည်း ရှိကြပေသည်။လက်ရှိ ဘဝ၌ အဆင်ပြပြေ နေထိုင်ရခြင်း ချမ်းချမ်းသာသာ နေထိုင်ရခြင်းသည် အတိတ်က မိမိပြုခဲ့သည့် ကောင်းမှု၏ အကိုးဆက်အား ခံစားရခြင်းဟု ဆိုရပေမည်။
♒♒♒မပြည့်စုံသည့် သူများသည် ပြည့်စုံလာအောင် ကြိုးစားကြသည်။ပြည့်စုံပြီး ချမ်းသာသည့် သူများသည်လည်း ချမ်းသာသည်ထက် ချမ်းသာအောင် ကြိုးစားကြလေသည်။
(ဒါနသည် မိမိ သူတစ်ပါး နှစ်ဦးသား၏ အကျိုး၊ ပစ္စု ပ္ပန်လောကအကျိုး တမလွန် လောကအကျိုး အမျိုးမျိုးကို ပြီးစေနိုင်၏)တဲ့။
♒♒♒ဝိသာခါ ကျောင်းအမကြီး ပြောသည့်စကားအတိုင်းပြောရင် "အဟောင်းကို စားသူ"မဖြစ်သင့်ပေ။ သောတာပန်ဖြစ်သည့် ဝိသာခါသည် တနေ့သ၌ ကျကျနန ရေမရောသော နို့ဃနာကို(ထမင်းကို) ရွှေခွက်ထဲ ထည့်ကာ သုံးဆောင်စားသောက်နေသော သူဋ္ဌေး၏ ထမင်းဝိုင်းကို ယက်ခပ်ပေးနေစဉ် အိမ်ရှေ့သို့ ရဟန်းတစ်ပါး ဆွမ်းရပ်လာ၏။

♒♒♒ မိဂါရသူဋ္ဌေးသည် ဆွမ်းခံကြွလာသည့် ရဟန်းကို မမြင်ချင်ယောင်ဆောင်ကာ ထမင်းကို ဆက်စားနေနိုင်သော်လည်း သောတာပန် ၀ိသာခါတစ်ယောက် ဘ၀င်မကျနိုင်ခဲ့ပေ။ မိစ္ဆာဒိဋ္ဌိ အယူရှိသော ယောက္ခမ မျက်နှာကို ကြည့်နေရသဖြင့် စိတ်တိုင်းကျ ဆွမ်းလောင်းလှူရန်လည်း မဖြစ်နိုင်ပြန်ပေ။ နောက်ဆုံးတွင် ၀ိသာခါသည် အားနာနာနှင့်ပင် ဆွမ်းခံရဟန်းအား လက်အုပ်ချီကာ လျှောက်ထား လိုက်ရပေ၏။
♒♒♒"အရှင်ဘုရား… ကန်တော့ပါသေးရဲ့ဘုရား..၊ တပည့်တော်မရဲ့ ယောက္ခမဟာ အဟောင်းစားသူ တစ်ယောက်ပါဘုရား…၊ သည်းခံတော်မူပါဘုရား…"ဟု လျှောက်ထားလိုက်သည့် ၀ိသာခါစကားကို ကြားသည့်အခါ ဆွမ်းခံရဟန်းလည်း ရှေ့ဆက် ကြွသွားလေသည်။
♒♒♒မိဂါရ သူဋ္ဌေးကြီးသည် အကြီးအကျယ် ဒေါသပုန် ထပါ လေတော့သည်။
သူဋ္ဌေးကြီးသည် စားနေရင်းနှင့်ပင် အဟောင်းစားသူဟုဆိုလိုက်သည်နှင့် ဆက်မစားတော့ဘဲ "ဟေ့... လာခဲ့ကြ
ဒါတွေအကုန် သိမ်းလိုက်ကြတော့။
သူ့ကိုလည်း ဒီအိမ်ကနေ ဆွဲထုတ်သွားကြ"ငါ့အား အညစ်ကြေး စားသူဟု ပြောဆိုလေ၏ဟု ဆိုကာ အိမ်မှနှင်ချလေသည်။သို့ပေမယ့် မည်သူတဦးတယောက်မှ ဝိသာခါအား မထိရဲပေ။

♒♒♒ဝိသာခါ၏ ဖခင်သည် သူ၏ သမီးဖြစ်သူအား
သူဋ္ဌေးရှစ်ဦးထံ အပ်နှံထားခဲ့လေသည်။
သူဋ္ဌေးရှစ်ဦးအား ခေါ်ဆောင်၍ ဖြေရှင်းကြသောအခါဝယ်...
စွဲချက်ပေါင်းများစွာနှင့် ပြောဆိုလေသည်။သူဋ္ဌေးကြီး မကျေမနပ်ဖြစ်သည်က
အဟောင်းစားဟူသော စကားပင်ဖြစ်သည်။("မစင် "အား စားသူဟု ထင်မှတ်သွားလေသည်)
♒♒♒သူပြောသည့် အဟောင်းစားဟူသည်မှာ တစ်ခြားအရာများကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ မိဂါရသူဋ္ဌေးသည် ယခုဘ၀၌် ကုသိုလ်ကောင်းမှု ဘာတစ်ခုမှ မပြုလုပ်ဘဲ အတိတ်က ပြုလုပ်ခဲ့သည့် ကောင်းမှု၏ အကျိုးကိုသာ ခံစားနေခြင်း ဖြစ်ကြောင်း၊ အတိတ်ကံ၏ အကျိုးပေးကိုသာ စားနေသည့် သဘောကို ရည်ရွယ်၍သာ အဟောင်းစားဟု ဆိုခြင်းဖြစ်ကြောင်း..ပြောဆို ရှင်းပြလေတော့၏။အပိုင်း (၂) ဆက်ရေးမှ
ပြည့်စုံ ပါတော့မည်။
ကျမ်းကိုး ဓမ္မပဒ ဝိသာခါဝတ္ထု

writing @naythuhtet
##poto google

Sort:  

အားပေးသည့်အတွက် ကျေးဇူးပါ

ကောင်းတယ်

အားပေးသည့်အတွက် ကျေးဇူးပါ

သေသေချာချာပုံစံချ၊ ခေတ်အမြင်နဲ့ရေး၊ ငါတောင်ရေးချင်စိတ်ပေါ်လာပြီး၊ မြတ်ဗုဒ္ဒ၏ စီးပွားရေးဒဿနများ ဆိုပြီး။

ဟုတ် ဆရာ။ခိခိ

ဆက်​​ရေးကို​နေသူ

ဟုတ်ကဲ့ပါ။

Congratulations @naythuhtet! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

အရမ်းကောင်းပါတယ်
အပိုင်း ၂ စောင့်နေပါတယ် Bro....

အကောင်းဆုံးမဖြစ်တောင် တတ်နိုင်သမျှ အားကုန်စိုက်ပြီး ကြိုးစားပါမယ်ဗျ

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.028
BTC 54953.89
ETH 2913.89
USDT 1.00
SBD 2.03