အပြောနှင့်အလုပ် ညီပြီလား

in #myanmar • 7 years ago (edited)

💡အပြောနှင့်အလုပ် ညီပြီလား💡

♒♒ကံသုံးပါးရှိသည် တို့တွင် အပြောသည် ဝစီကံ။အလုပ်သည် ကာယကံ ပင်ဖြစ်ပါတယ်။ နေ့စဉ်ပင် လူအများသည် ကြံစည်နေကြသည်။ပြောဆိုနေကြသည်။ပြုလုပ်နေကြသည်။ကောင်းတာတွေ ကြံစည်တာရှိသလို မကောင်းတာတွေ ကြံစည်တာလည်းရှိသည်။
♒♒ထို့အတူကောင်းတာတွေ ပြောတာရှိသလို မကောင်းတာတွေ ပြောတာတွေလည်း ရှိကြလေသည်။ပြုလုပ်ခြင်းဆိုသည့် ကာယကံမှာလည်း အကောင်း အဆိုး ဒွန်တွဲနေလျှက်ရှိသလို အပြောနဲ့အလုပ် တစ်သားတည်းဖြစ်ဖို့ လွယ်ကူလှသည်တော့မဟုတ်ပေ။သို့ပေမယ့် အပြောတမိုး အလုပ်တမိုးဆိုလျှင် လူ့ဘောင် လူမူဆက်ဆံရေး နယ်ပယ်၌ ကောင်းကိုး ချမ်းသာဖြစ်ထွန်းဖို့ မလွယ်လှပေ။
♒♒အပြောသာချဲ့ အလုပ်မဲ့ ကဲ့ရဲ့ မလွတ်ချေ မလုပ်မပြော လုပ်မှပြော ပြောသလောက်သာလုပ်သည်ဟု ဆိုခြင်းသည် အပြောနဲ့အလုပ် တသားတည်းဖြစ်ဖို့ ဆိုခြင်းဖြစ်သည်။
အပြောနှင့် အလုပ်ညီမျှ ခြင်းသည် ကိုယ်ကျင့်တရား တခုလည်းဖြစ်သည်။မုသာဝါဒ သိက္ခာပုဒ်မှာ- မုသာဝါဒါ ပိသုဏဝါစာ ဖရုသဝါစာ သမ္ဖပ္ပလာပစာဝါဆိုပြီး ဝစီကံ ၄-ပါးရှိပါသည်။
၁။ မုသာဝါဒကံ - လိမ်လည်ပြောဆိုခြင်း။
၂။ ပိသုဏဝါစာကံ - ကုန်းတိုက်ခြင်း။
၃။ ဖရုသဝါစာကံ - ကြမ်းတမ်းသော စကားကို ပြောခြင်း။
၎။ သမ္ဖပ္ပလာပဝါစာကံ - ပိန်ဖျင်းသော စကားကို ပြောခြင်း။
မုသာဝါဒထိုက်တဲ့ ကံပဲဖြစ်ပါတယ်။
ပြောတဲ့အတိုင်း လုပ်တယ် တနည်းအားဖြင့် အပြောနဲ့ အလုပ်ညီမျှ ခြင်းဟာ ကိုယ်ကျင့်တရား ဖြစ်ပါတယ်။

♒♒ကိုယ်ကျင့်တရားကောင်းမှသာ လူမူ ဆက်ဆံရေးနယ်ပယ်မှာ တခြားသူတို့ရဲ့  ယုံကြည်လေးစားမူကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။ယုံကြည်လေးစားမူကို ခိုင်မာစွာ တည်ဆောက်နိုင်မှသာ လူအဖွဲ့ စည်းဖြစ်တဲ့ လူမူနယ်ပယ်မှာ လူတွေနဲ့ ဆက်ဆံရာ၌ အဆင်ပြေမူ ရမှာပဲဖြစ်ပါတယ်။ယုံကြည်မူတည်းဟူသော အခြေခံ အုတ်မြစ် မရှိရင် ဆက်ဆံရေးဟာ
ပြေပြစ်ချောမွေ့ရန် ခဲယဉ်းသွားတတ်ပေသည်။

♒♒ ပြောတဲ့အတိုင်း လက်တွေ့ လုပ်ပြဖို့ရန် လိုအပ်သည်။(ရှေ့တင်တော့ တမိုး ကွယ်ရာမှာ အမိုးမိုး)ဆိုရင်တော့
ဒါသည် ကောင်းသည့် လက္ခဏာတော့ မဟုတ်ပေ။စီးပွားရေးနယ်ပယ်မှာ ပိုပြီး
အရေးပါလှသည်။ လူတစ်ဦးနဲ့တဦးတယောက်နဲ့တယောက် ငွေးကြေးသိန်းပေါင်း များစွာ လွဲပြောင်း လက်ခံ ပြုလုပ်သည်မှာ ယုံကြည်မူနဲ့ ပြုလုပ်ကြခြင်း ဖြစ်သည်။ကတိမတည် တာဝန်ယူတတ်မူ မရှိတဲ့သူသည် လူမူဆက်ဆံရေး နယ်ပယ် ကျဉ်းမြောင်း သွားတတ်ပြီး ပူးတွဲလုပ်ကိုင် ဆောင်ရွက်ခြင်း၏ အကိုးတရားအား ရရှိတော့မည် မဟုတ်ပေ။အတွေးမှား အလုပ်မှား အကြိမ်ကြိမ်ပြုလုပ်သည့် ထိုသူ့အားလည်း ယုံကြည်ကိုးစားမူ လျော့နည်း လာမည်ဖြစ်သည်။
♒♒ စကားတခွန်းကို မပြောခင် ပြောသင့် မပြောသင့် ။ပြောအပ် မပြောအပ် စသည်ဖြင့် ချင့်ချိန်ဖို့ လိုပါသည်။
ပြောမိသွားလျှင်လည်း ထိုစကားကို တာဝန် ယူရပေလိမ့်မည်။ မိမိစကားကို မိမိက တန်ဖိုးထားမှသာ ကိုယ်နဲ့ဆက်ဆံတဲ့သူများဟာလည်း ကိုယ့်အပေါ် တန်ဖိုးထားပေလိမ့်မည်။မိမိစကားကို မိမိတန်ဖိုး မထားလျှင် မိမိ၏ ဂုဏ်သိက္ခာများ တဖြည်းဖြည်း ကျဆင်းလာပေမည်။
👉သို့အတွက်ကြောင့် အပြောနှင့်အလုပ် ညီစွာ လူမူရေး စီးပွားရေး ပညာရေး နယ်ပယ်များ၌ ယုံကြည်မူ ကိုယ်စီ ရရှိကာ ပူးတွဲလုပ်ကိုင် ဆောင်ရွက်ခြင်း
အကိုးစီးပွားများအား ထူထောင်နိုင်ကြစေကုန်။
author @naythuhtet
##poto google

Sort:  

ကောင်းတယ်ဗျာ

ကျေးဇူးပါ

ဆိုခဲစေ မြဲစေ

ချိမ်းသောမိုး မရွာ။ အပြောကတော့ ရွှေမန်း ကတော့ ခိုမိုင်မိုင်တဲ့ ဆရာ

ညီအောင်ကြိုးစားနေပါတယ်ရှင့်

ကိုယ်တွေလည်း ကြိုးစားနေသူပါ။ good luckပါဗျာ

Nice.post!

Thank bro

@naythuhtet Thank you for your work, I invite you to evaluate my work.

ကိုနေရေ ကျွန်တော့်တော့ မညီသေးဘူးဗျာ ကြိုးစားရအုံးမယ်ဗျာ ကျေးဇူပါ အသိဗဟုသုတလေးတွေ

အတုတူပါပဲ ကိုးစားနေဆဲပါ။

 7 years ago (edited)

nice ideas for us!

ကျေးဇူး အထူးပါ။

 7 years ago (edited)

ကျေးဇူးပါအကို။

တတ်အားသရွှေ့ ကျင့်ကြံနေပါတယ်

ဖြစ်စေချင်တဲ့ဆန္ဒတွေပါ။

ကြိုးစား​နေဆဲပါ

အတူတူပဲ ကိုးစာနေလျှက်ပါ

thank for sharing

thank bro.

@naythuhtet Steemit is gonna change lots of lifes, it has changed mine and many others but that is just the beginning. Followed

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.027
BTC 54506.20
ETH 2881.76
USDT 1.00
SBD 2.03