အ​တွေးပင်​လယ်

in #myanmar6 years ago (edited)

received_646901288848623.jpeg
ဒီနှစ်​ခရီးမထွက်​ဘူးလို့စိတ်​ကူးထား​ပေ့မဲ့မိန်းမအမျိုးဖက်​မှာအလှူရှိတာ​ကြောင့်​ဓနူဖြူမြို့သို့​သွားဖြစ်​ခဲ့သည်​။အရင်​တစ်​ခါသား​တော်​​မောင်​ကို​ဆွေပြမျိုးဆိုပြီး​ခေါ်လာတာလူစိမ်း​နေရာစိမ်းဖြစ်​​နေလို့မ​အေဖြစ်​သူလက်​​ပေါ်ကချမရဘဲသုံးရက်​နှင့်​အိမ်​ပြန်​​ခေါ်လာရသည်​။ဒီတစ်​ခါ​နေပါ​စေလို့ဆု​တောင်း​နေရသည်​။အခုတစ်​ခါက​တော့အရင်​​လောက်​အဆိုး​တော့ပဲ​နေသည်​ဟုဆိုရမည်​။သို့​သော်​တစ်​ခါတစ်​ခါစိတ်​ကူး​ပေါက်​ရင်​​ပေါက်​သလိုဂျီကျ​နေ​သေးသည်​။ဖ​အေနှင့်​မ​အေမှလွဲပြီးဘယ်​သူမှ​ခေါ်မရ​ပေ။ထို့​ကြောင့်​အရင်​တစ်​ပတ်​ကပရိုတစ်​ရက်​ခွင့်​တင်​လိုက်​ရသည်​။သား​တော်​​မောင်​​နေရင်​ဖတ်​ဖို့ဆိုပြီးစာအုပ်​နှစ်​အုပ်​ယူလာခဲ့သည်​။
22049957_1929419127382698_516195791394832087_n.jpg
28826973_190248451581926_1695259025198978196_o.jpg
ဆရာဗန်း​မော်​သိန်း​ဖေ၏စာအုပ်​များဖြစ်​သည့်​ဆာရစ်​ချတ်​ဘရင်​ဆန်​နှင့်​ကြီးကြီး​တွေးမြင့်​မြင့်​ကြံဆိုသည့်​စာအုပ်​နှစ်​အုပ်​ဖြစ်​သည်​။ဆာရစ်​ချက်​ဘရင်​ဆန်​ကိုအရင်​ဖတ်​ဖြစ်​သည်​။ကျွန်​​တော်​ကိုယ်​တိုင်​လည်းစီးပွား​ရေးလုပ်​​နေ​တော့​အောင်​မြင်​တဲ့စီးပွား​ရေးသမား​တွေအ​ကြောင်းကိုအားကျပြီးဖတ်​ဖြစ်​သည်​။ရေ​မြေ​ဒေသစီးပွား​ရေးပုံစံမတူ​သော်​လည်းအတုယူသင့်​တာ​တွေကိုအတုယူပြီးစိတ်​နှလုံးသွင်းလုပ်​​ဆောင်​ဖို့ဖြစ်​သည်​။အရင်​ကဆရာ့စာအုပ်​ဖြစ်​သည့်​ဂျက်​မားကိုလည်းဖတ်​ခဲ့သည်​။ယခုဖတ်​သည့်​ဆာရစ်​ချတ်​ဘရင်​ဆန်​ကိုပိုပြီးကြိုက်​သည်​။ဂျက်​မားသည်​အွန်းလိုင်းအ​ရောင်းအ၀ယ်​ဖြစ်​သည့်​အလီဘာဘာကုမ္မဏီနှင့်​ပတ်​သတ်​သည့်​စီးပွား​ရေးလုပ်​ငန်းများလုပ်​ကိုင်​ခဲ့ခြင်းဖြစ်​သည်​။ဆာရစ်​ချတ်​ဘရင်​ဆန်​က​တော့ထိုသို့မဟုတ်​​ပေ။အမျိုးအစားပုံစံမတူသည့်​စီးပွား​ရေးလုပ်​ငန်းများကိုလုပ်​​ဆောင်​ခဲ့​သော​ကြောင့်​ဖြစ်​သည်​။နှစ်​ဦးစလုံးက​တော့​အောင်​မြင်​ချမ်းသာကြွယ်​၀​နေကြသူများဖြစ်​​နေကြပြီဖြစ်​သည်​။စာဖတ်​ရခက်​တဲ့ဒစ်​စလက်ရှား​ရောဂါ​သည်​​မွေးရာပါ ပါလာ​သော​ကြောင့်​ပညာ​ရေးဆုံးခန်းတိုင်​​ကျောင်းမ​နေခဲ့ရ​ပေ။ကျောင်းတက်​​နေစဉ်​အတွင်းstudentစာ​စောင်​ထုတ်​​ဝေခြင်းမှစပြီးvirginဟု​ခေါ်​သောစီးပွား​ရေးကုမ္မဏီအဖွဲ့ကြီးဖြစ်​​ပေါ်လာသည်​အထိအခက်​အခဲမျိုးစုံကို​ကျော်​ဖတ်​ကာကြိုးစား​ဆောင်​ရွက်​ခဲ့ခြင်းဖြစ်​သည်​။
Virgin-Group.gif
AAEAAQAAAAAAAAeFAAAAJDA5ZDJjYWVhLTRmNjctNDEwOC04M2U2LTIwNmI2N2IyMDNiZQ.jpg
studentစာ​စောင်​ထုတ်​​ဝေတဲ့အခန်းဖန်​မိ​တော့တစ်​​ယောက်​ထဲအ​တွေးဝင်​မိသည်​။ကျွန်​​တော်​မြို့မှာလည်းစာ​ရေးစာဖတ်​၀ါသနာပါ​သောလူငယ်​​တွေစုစည်းပြီးစာ​စောင်​ထုတ်​​ဝေမည်​။မြို့မှာရှိတဲ့စီးပွား​ရေးလုပ်​ငန်းရှင်​များကို​ကြော်​ငြာထည့်​ဖို့စည်းရုံးမည်​​ပေါ့။က​ဗျာဝါသနာပါသူကက​ဗျာ​ရေး၊နည်းပညာဝါသနာပါသူကနည်းပညာအ​ကြောင်း​ရေး၊အလွမ်းအ​ဆွေးဝါသနာပါသူ​ဆွေးမယ်​လွမ်းမယ်​​ပေါ့။အကြံအဥာဏ်​​တောင်းဖို့ကြ​တော့မြန်​မာစာဆရာကြီးဖြစ်​တဲ့ဦးသန်းထွန်းဆီက​တောင်းခံမယ်​။ဆရာကြီးကမင်းသန်းထိုက်​(​ဒေးဒရဲ)ဆိုတဲ့က​လောင်​နာမည်​နဲ့က​ဗျာ၊၀ထ္ထုတို၊၀ထ္ထုရှည်​နှင့်​​ဆောင်းပါးများကိုနာမည်​ကြီးဂျာနယ်​များတွင်​​ရေး​နေသူဖြစ်​ပါတယ်​။ဆရာကြီးလည်းဝမ်း​မြောက်​၀မ်းသာကြိုဆိုမယ်​လိုထင်​ပါတယ်​။
désordre-couple-journal-baisers-clipart-vecteur_csp43517105.jpg
အရင်​ဆုံးပါဝင်​မဲ့သူ​တွေရ​သ​လောက်​​ငွေစုမယ်​၊မ​လောက်​ပါရှယ်​ယာဝင်​ချင်​သူစီးပွား​ရေးသမားများကိုစည်းရုံးပြီး​ငွေထည့်​ခိုင်းမယ်​။ကြော်​ငြာများများရပါကပိုပြီးအဆင်​​ပြေမယ်​ထင်​ပါသည်​။မိမိမြို့တွင်းမှာအရင်​ဖြန့်​မယ်​၊​အောင်​မြင်​ရင်​တစ်​ခြားမြို့​တွေပါဖြန့်​မယ်​​ပေါ့။မိမိ​တွေးထင်​သ​လောက်​လွယ်​မည့်​ကိစ္စမဟုတ်​မှန်းကြို​တွေးထားသည်​။ထိုစဉ်​သား​တော်​​မောင်​ငိုသံကြားသဖြင့်​အ​တွေးကိုမှတ်​ထားပြီးဖတ်​လက်​စစာအုပ်​​လေး​ဘေးချကာထွက်​လာခဲ့​လေသည်​။
credit :All photo used from google and facebook

@naylinn
MSC 196

Sort:  

လွယ်ကူတဲ့အလုပ်ကအကျိုးအမြတ်များများရတယ်ဆိုတာရှားပါတယ်ဗျာဒီလိုဘဲပေါ့

ဟုတ်​တယ်​​ဗျ

အတွေးပင်လယ်ထဲကနေအောင်မြင်မှုတွေရပါစေဗျာ

ကျေးဇူးပါ

လွယ်လွယ်ကူကူ ဘာမှ မရဘူးနော့ အခက်ခဲတွေ များရီးဖဲ😊

ဟုတ်​တယ်​ မကြည်

အစ်ကို့ရဲ့ ရည်မှန်းချက် အောင်မြင်ပါစေဗျာ

လွယ်​​တော့မလွယ်​ဘူး​ဗျ

ကောင်းတယ်​ဗျာ ကို​င်္အ​တွေးနဲ့ကိ​ချ​ရေးတာအ​ကောင်းဆုံးပါဗျာ

ဟုတ်​တယ်​အစ်​ကို​ရေ

အတွေးပင်လယ်က ကျယ်ပြန့်လှပါတယ်နော်

ဟုတ်

အတွေးထဲက စာစောင်လေး အောင်မြင်ပါစေ

ကျေးဇူးပါ အန်​တီ​ရေ

သိပ်​​ကောင်းတဲ့ အ​တွေး​ခေါ် အ​ရေးအသားပါဘဲဗျ

ကျေးဇူးပါ

အ​တွေးပင်​လယ်​ဆို​တော့အကြီးကြီးဘဲ😀...အ​​ရေးအသားလည်း​ကောင်းပါတယ်​...good post

တွေးတာ​တော့အများကြီးပဲ မလုပ်​နိုင်း​သေးတာ

အရမ်​​ကောင်းတယ်

ကျေးဇူးပါ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62937.86
ETH 3092.40
USDT 1.00
SBD 3.87