ချမ်းသာချင်တယ်
ချမ်းသာချင်လို့နေတိုင်း ဟားတိုက်နေတာ ဟားတိုက်လည်းပဲ အချိန်တိုင်းမဟားနိုင်ဘူး။ တစ်နေ့ကို ၁၈နာရီပျော်နိုင်တဲ့သူမြင်ဖူးလား။ ချမ်းသာမလားဆိုပြီး တစ်နေ့တစ်နာရီလောက် ဖေ့ဘုတ်မှာ ဟားဟားပေးတယ်။ အပျော်စာတွေရေးတယ်။ ဟာသကွန်မန့်တွေပေးတယ်။ ပျော်ရပါတယ်။ ဒါပေမဲ့ တစ်နာရီမပြည့်ဘူး။ ပိုင်ဆိုင်မှုတွေအားများလာရင်ချမ်းသာမယ်လို့တွေးထားတယ်။ မချမ်းသာပဲ ပိုတောင် ဆင်းရဲတွင်းနက်လာတယ်။ ပိုက်ဆံအများကြီးရှိရင် ချမ်းသာမယ်လို ထင်ထားတယ်။ တကယ်လည်းရှိရော သူခိုးရန် ဓါးမြရန် ဟိုအတွက်တွေးပူရ ဒီအတွက်တွေးပူရနဲ့ အကုသိုလ်တောင် ပိုလုပ်မိသေး ပိုဆင်းရဲတာပဲ။ ချမ်းသာတာလည်းမဟုတ် မချမ်းသာတာလည်းမဟုတ်တဲ့လူတွေက လောကမှာပိုများတယ်။ ပြောရရင် ဆယ်ကျော်သက် ဆက်ကူးလတ်ကူးလိုပေါ့။ ဟိုဟာဖြစ်ချင် ဒီဟာဖြစ်ချင် ဟိုဟာလိုချင် ဒီဟာလိုချင်နဲ့ အဆုံးမသတ်နိုင်ဘူး။ ဘာမှမလိုချင်သူသာ ချမ်းသာတာ၊ ဘာမှမရှိသူသာ ချမ်းသာတာ၊ ဘာမှမတတ်သူသာချမ်းသာတာ ဒီသုံးမျိုးစလုံးပိုင်ဆိုင်ထားသူသာလျှင် ချမ်းသာကြပါတယ်။ စိတ်ချမ်းသာခြင်းက ချမ်းသာခြင်းအစစ်ဖြစ်နေတာတွေ့ရလို့ပါ။
@nayhlaingsoe
@MSU_No.024
ဖတ်လို့ကောင်းနေတုန်း ပြီးသွားတယ် ဘရို
Nice Post bro
nice
အယူအဆ လေးတစ်ခုပေါ့လေ 👍
Nice bro