သူ့နေရာနဲ့သူ
ကျွန်တော် တစ်ချိန်တုန်းက ငွေတောင်တစ်ပြားမှမရှာနိုင်သေးတုန်း အချိန်မှာ အစစအရာရာ သူ့နေရာနဲ့သူ ဝယ်သုံး စားသောက် ဝတ်ဆင်ခဲ့တယ်။ တစ်နေ့ကို နေ့စားခ ကျပ် ၆၀၀၀လောက်ရလာတော့လည်း ပုံမှန်အတိုင်းပါပဲ ရှိနေတုန်း။ နောက်ထပ် လက်ရှိအလုပ်ကလေးလုပ်ရင် အခြားဝင်ငွေရအောင် ရှာနိုင်ခဲ့တော့ တစ်နေ့ တစ်သောင်းခွဲလောက်ရလာတဲ့အဆင့်ဖြစ်လာခဲ့တယ်။ အဲတော့နည်းနည်းပြောင်းသွားတာပေါ့။ ဘာတွေပြောင်းလဲဆိုရင် ပထမ အဝတ်အစား ဆင်ယင်မှုပါ။ အရင်က အင်္ကျီ ၃၀၀၀ကျပ်တန်လောက်ဝတ်လာရာကနေ ၆၀၀၀ကျပ်တန်လောက်ပြောင်းဝတ်လာတယ်။ ဘောင်ဘီလည်း ၈၀၀၀ကျပ်တန်လောက်ကနေ ၁၅၀၀၀ကျပ်တန်လောက်ပြောင်းသွားတယ်။ အစားအစာလည်းအဲလိုအဲလိုပါပဲ။ မိမိလက်ရှိအခြေအနေနဲ့ လိုက်ဖက်ဖို့ ပြုပြင်ပြောင်းလဲရတာပေါ့။ မပြောင်းပြန်ရင်လည်း အဆင်ပြေမှုမရှိပါ။ ဘူးနေရာဘူး တော်နေရာတော် ဆိုသလိုပဲ။ နောက်တော့ တစ်နေ့ ကျပ် သုံးသောင်းလောက်ရလာတဲ့ အခြေအနေလည်းရောက်ရော အင်္ကျီက ၁၂၀၀၀ကျပ်တန်လောက်ဝတ်တက်လာတယ်။ ဘောင်ဘီကလည်း ၂၅၀၀၀ကျပ်တန်လောက် ဝတ်တက်လာပြန်ရော။ ဒီလိုပါပဲ လူတွေပြောကြသည့် ကျားကြီးရင် ခြေရာကြီးဆိုတာ။ မလုပ်ပြန်ရင်လည်း လူတွေကြားထဲ အဆင်ကမပြေပြန်ဘူးလေ။ ဒုက္ခ ဒုက္ခ ...။ ဘီယာသောက်တာတောင် ပထမ တစ်လုံး ကျပ် ၇၀၀ တန်လောက်ပဲသောက်ခဲ့ပြီ နောက်တော့ ကျပ် ၂၀၀၀တန်သောက်ဖြစ်သွားတယ်။ စဉ်းစားမိတာပေါ့ အရက်တောင် တစ်လုံး ခြောက်သိန်းတန်လောက်ရှိတယ်ဆိုတော့ အင်း အဲတာလည်း သူ့နေရာနဲ့သူဖြစ်မှာပါဆိုပြီး တွေးမိပါတယ်ဗျာ။
photo by Google
@nayhlaingsoe
@MSU_No.024
လောကဓံ တရားလေ bro အဲဒါမျိုးပေါ့ သုက္ခဆိုတာ 😊
@aggamun
မှန်တာပေါ့ နေရာယူတတ်လာတာ နေရာပေးလာကြလို့လေ
မှန်ပဗျာ😃