သားသမီးရတနာ

in #myanmar6 years ago

သားသမီးကို ဘာလို့ ရတနာလို့ တင်စားခေါ်ဝေါ်ကြလဲ? လူ့ဘဝကိုရရှိဖို့ လွယ်ကူတယ်ထင်ပေမဲ့ မလွယ်ကူးပါဘူး။ ကျွန်တော်တို့ လင်မယားနှစ်ယောက် ကလေးယူပါတယ်။ အိမ်ထောင်သတ်တမ်းကိုးနှစ်ထဲရောက်နေပါပြီ။ ပထမတော့ နိုင်ငံခြားအလုပ်သမားတွေဆိုတော့ ကလေးမယူဖြစ်သေး နောက်တော့ကလေးယူပါတယ်။ အိမ်ထောင်သတ်တမ်း လေးနှစ်ကျော်မှပါ။ အမှန်က ကလေးရဖို့ အိမ်ထောင်သတ်တမ်း သုံးနှစ်ကစ တားဆေးဖျက်ပေမဲ့ ဖျက်ပြီးတစ်နှစ်ကျော်မှ ကိုယ်ဝန်စရပါတယ်။ တားဆေးတွေကြောင့်လား ဘာလားမသိဘူး ကိုယ်ဝန် သုံးလနဲ့ ပျက်ကြခဲ့တယ်။ ပျက်ကျခဲ့တဲ့အချိန်ကလည်းမြန်မာပြည်ပြန်ဖို့ (၁၀)ရက်အလိုမှာပေါ့။ ဒါနဲ့ ပြန်ရက်ရွှေ့လိုက်ရတယ်။ တစ်လကျော်အနားယူခိုင်းပြီးမှအပြန်လာတယ်။ မြန်မာပြည်မှာပဲ အခြေချနိုင်အောင် ကြိုးစားတဲ့အချိန်တွေပါ။ ဆိုင်လေးတစ်ဆိုင်နဲ့ အခြေချနိုင်ခဲ့ပြီး တစ်နှစ်အတွင်းမှာ နောက်ထပ် ကိုယ်ဝန်ထပ်ရတယ်။ သုံးလအတွင်း ကျွန်တော်တို့မြို့မှာ ဝမ်းလျှော်တွေဖြစ်ရော သူလည်းဝမ်းလျှော်ပြီး ကလေးပါ ပါသွားတယ်။ မိန်းမခင်ဗျာလည်း သနားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်အားပေးရင်း သုံးလလောက်မှာ ထပ်ရတယ်။ နှစ်ယောက်သား အချိန်ပြည့် ဂရုစိုက်နေရတာပေါ့။ ကံကောင်းစွာနဲ့ သားလေးတစ်ယောက်စတင်ရရှိလာပါတယ်။ သားလေးကိုလည်း ဂရုတစိုက် စောက်ရှောက်ရင်း နှစ်နှစ်ကျော်မှာ နောက်ထပ် ကိုယ်ဝန်ထပ်ရပါတယ်။ ကံဆိုးစွာနဲ့ပဲ သုံးလလောက်မှာ ထပ်မံပျက်ကျသွားပြန်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ စိတ်တွေမရိမ်အောင် ကိုယ်ကိုကြိုးစားနေခဲ့ရတော့တယ်။ ရတနာတစ်ပါးဆိုတဲ့ အရာဟာ ကိုယ်ချင်တိုင်းလည်းမရနိုင်ဘူး။ ရလာတဲ့အရာကိုအကောင်းဆုံး ကြိုးစားပေမဲ့ ရချင်မှရတယ်။ ကျွန်တော်သူငယ်ချင်းတွေထဲမှာလည်း အိမ်ထောင်သတ်တမ်းကြာပေမဲ့ ကလေးလိုချင်လို့ မရသူတွေအများကြီးရှိတယ်။ ရခဲလှတဲ့ လူ့ဘဝတွေပါဗျာ။
14591704_1278763672175613_8615254075075071399_n.jpg
@nayhlaingsoe
@MSU_No.024

Sort:  

Nice Post bro

မှန်တာပေါ့ဗျာ လူ့ ဘဝ က အင်မတန်ရခဲတာပေါ့။ အဲသလို သဘောပေါက်ဖို့ကလည်း မလွယ်ပါဘူးဗျာ။ အခက်ခဲဆုံး အချိန်တွေကို ဖြတ်သန်းခဲ့ရတာပါလားဗျ။

Posted using Partiko Android

ရချင်တဲ့သူက မရ။ မရချင်တဲ့သူက အများကြီးရ

လူ့ဘဝက ရတာမလို လိုတာမရဖြစ်​​နေသလားပဲ​နော်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63501.83
ETH 2650.23
USDT 1.00
SBD 2.81