စိတ်ကူး
တစ်ခါတုန်း ကျွန်တော် စိတ်ကူးနဲ့ ရူးခဲ့ဖူးတယ်။ စိတ်ကူးကတော့ ငါကမ္ဘာကြီးရဲ့ဘယ်နေရာမှာနေထိုင်ပြီး အသက်ဆက်ရှင်သွားရင် ကောင်းမလဲပေါ့။ ဒီစိတ်ကူးနဲ့ နေချင်စရာအကောင်းဆုံးနေရာတွေကို ရှာဖွေမိပါတယ်။ ပထမဦးဆုံး နေချင်စရာကောင်းတာကတော့ နယူဇီလန်နိုင်ငံပါ။ စိတ်ထဲမှာဘာလို့ ဒီလိုစိတ်ကူးခဲ့မိလဲ? ကျွန်တော်တို့ကလူတွေ နေရာတိုင်းပြောင်းရွေ့နေထိုင်ခွင့်ရှိသေးတယ်။ နိုင်ငံသားဖြစ်ခွင့်မရှိရင်တောင် အလုပ်လုပ်ခွင့်၊ လည်ပတ်ခွင့်အပြည့်ရှိနေလို့ပါ။ အခြားနိုင်ငံသားတွေ ကမ္ဘာလည်ခရီးတွေသွားနေပြီငါတို့ကဘာလို့များ မသွားနိုင်ခဲ့ကြတာလဲလို့ အမြဲစဉ်စားခဲ့ဖူးလို့ပါ။ ဒုတိယ နေချင်စရာအကောင်းဆုံးနေရာကတော့ အမေရိကပါ။ တတိယ အနေချင်စရာအကောင်းဆုံးနေရာကတော့ ဩစတေးလျပါ။
မြန်မာပြည်မှာလည်း နေချင်စရာ အကောင်းဆုံးနေရာတွေရှိပါတယ်။ ပထမက ပြင်ဦးလွင်မြို့၊ ဒုတိယက ပုပ္ပါး၊ တတိယကတော့ တောင်ကြီးပါ။ ဘယ်လို အကြောင်းတွေကြောင့် နေချင်စရာကောင်းတာလည်း ဆိုရင် ရာသီဥတု မှန်ကန်မှု၊ စီးပွားရေးနဲ့ အလုပ်အကိုင်အဆင်ပြေမှု၊ နေရာရဲ့စွဲဆောင်မှု၊ လမ်းပန်းဆက်သွယ်ရေး၊ အစစအရာရာ ကောင်းမွန်နေခြင်းကြောင့်ပါ။ စိတ်ကူးထဲမှာတော့ နိုင်ငံအရပ်ရပ်ကို အလည်အပတ်သွားဖို့ ဆန္ဒရှိထားပါတယ်။ ဘယ်အချိန် ဘယ်အခါဆိုတာတော့ မပြောနိုင်သေးပါဘူးဗျာ။
Congratulations @nayhlaingsoe! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPNice
Nice