လုပ်ငန်းရှင်များအတွက် google business
ဒီနေ့တော့ လုပ်ငန်းရှင်များ၊ ဈေးဆိုင်ပိုင်ရှင်များ၊ ဝန်ဆောင်မှုပေးသောလုပ်ငန်းရှင်များအတွက် အခမဲ့ ကိုယ်ပိုင်ဆိုင်ခန်း အွန်းလိုင်းပေါ်မှာ ပြုလုပ်နိုင်တဲ့အကြောင်းရေးသားပေးပါမယ်။ ဒီဝန်ဆောင်မှုကိုတော့ google ကအခမဲ့ ဝန်ဆောင်မှုပေးနေတာပါ။ လိပ်စာကတော့ https://business.google.com/ ပါ မိမိရဲ့ gmail အကောင့်ဖြင့် ဝင်ရောက်ပြီး မိမိဝန်ဆောင်မှု အကြောင်း လုပ်ငန်းအကြောင်း တည်နေရာ၊ လိပ်စာ၊ အဆက်အသွယ်၊ ဈေးနှုန်း စသဖြင့် အွန်လိုင်းပေါ်မှာလွှင့်တင်နိုင်ပါတယ်။ ဒီလိုမျိုးပြုလုပ်ခြင်းရဲ့ အကျိုးရလဒ်ကတော့ မိမိဆိုင်၊ မိမိအလုပ် ကို လွယ်ကူစွာ ရှာဖွေနိုင်ခြင်း၊ လိပ်စာ၊ ဆက်သွယ်ရမည့်အချက်အလက်တွေနဲ့ google maps ပေါ်မှာအထိ ရှာဖွေနိုင်လို့ ရှာဖွေသူရော ဝန်ဆောင်မှုပေးသည့်သူရော အားလုံးအဆင်ပြေ ချောမွေ့စေမှာပါ။ အစစအရာရာ အခမဲ့ဖြစ်သောကြောင့် ကုန်ကျစရိတ်လည်း မရှိစေသည့်အတွက် ပြုလုပ်ထားကြလျှင် ပိုမိုတိုးတက်အဆင်ပြေမှုတွေ ရရှိနိုင်ပါလိမ့်မယ်။ မိမိဆိုင် ဝတ်ဆိုက်လေးလည်း အခမဲ့ပိုင်ဆိုင်နိုင်ပါတယ်။ လိပ်စာအတိပြုဖို့တော့ google ကတိုက်ရိုက် စာတိုက်ကနေ အတိပြုကုဒ်ပေးပို့မှာပါ။ မိမိလုပ်ငန်း မိမိပစ္စည်းများကို ကြော်ငြာချင်ရင်လည်း adwords နဲ့ချိတ်ဆက်ပြီး တိုက်ရိုက် ကြော်ငြာခိုင်းလို့လည်းရရှိပါလိမ့်မယ်။ မိမိဝတ်ဆိုက်လိပ်စာကိုတော့ https://မိမိဆိုင်(သို့)လုပ်ငန်း.business.site ဆိုပြီး ရရှိမှာပါ။ business.site ဝန်ဆောင်မှုကို လုပ်ငန်းရှင်များအတွက်သီးသန့် google မှာ ပြုလုပ်ပေးထားခြင်းဖြစ်ပါတယ်။ အားလုံးပဲလုပ်ငန်းကိစ္စအဝ အဆင်ပြေချောမွေ့နိုင်ကြပါစေ။
https://san-nay-chi.business.site/
@nayhlaingsoe
@MSU_No.024