ကိုယ့်ကိုသိတယ်

in #myanmar6 years ago

ကျွန်တော်လေ တစ်ခါတစ်လေ ပိုက်ဆံရမဲ့ဟာတွေ ရှိနေတာတောင် မရမဲ့ဟာတွေကို အချိန်အများကြီးပေးပြီး လုပ်နေတက်တယ်။ ဥပမာပေါ့ ဖုန်းတစ်လုံးပြင်ဖို့ရောက်နေတာ ပြင်လိုက်ရင် ကျပ်တစ်သောင်းလောက်ရမှာသိသိနဲ့ မပြင်သေးပဲ ကျပ်နှစ်ရာလောက်ပဲရမဲ့ အလုပ်တစ်ခုကိုပဲ အာရုံစိုက်လုပ်နေတက်တယ်။ ဒီလိုမျိုးတွေမကောင်းဘူးဆိုတာလည်းသိသိကြီးနဲ့ပေါ့။ နောက်ပြီး အခြားအမြန်ပြီးမဲ့ဖုန်းတွေနဲ့ ငွေပိုရမဲ့ဖုန်းတွေ ပြင်စရာရှိနေပေမဲ့ ပြင်လို့မလွယ်တဲ့ဖုန်းကို အချိန်တွေအများကြီးပေးပြီး ပြင်နေတက်တယ်။ မလွယ်မှန်းသိပြီး ခဏထား ရမဲ့ဖုန်းတွေကိုပြင်သင့်တာကိုး မလုပ်သေးတာပေါ့။ ဒီအကျင့်ကြီးက ကောင်းတယ်ပြောရမလား ဝင်ငွေရဖို့အတွက်တော့ လုံးဝမကောင်းတဲ့အကျင့်တစ်ခုပေါ့။ ကျွန်တော်လုပ်နေတဲ့ပုံစံက ငွေပဲမလိုချင်သလိုမျိုး၊ ငွေပဲမရှာချင်သလိုမျိုးကြီး သေချာပေါက်ငွေရမည့် ဖုန်းပြင်စရာရှိနေပေမဲ့ အွန်းလိုင်းမှာ ရမယ်မရဘူးမသေချာသည့် စာတွေရေး ဝန်ဆောင်မှုတွေ၊ အရောင်းအဝယ်တွေလုပ်နေတက်တယ်။ မရလာဘူးလို့တော့မပြောပါဘူး သေချာခြင်းနဲ့ မသေချာခြင်းကိုပြောတာပါ။ သေချာခြင်းကို ဦးစားမပေးပဲ မသေချာခြင်းတွေကို ဦးစားပေးပြုလုပ်တက်တဲ့ ကျွန်တော်မကောင်းတဲ့အကျင့်အကြောင်းပါပဲ။ အကြောင်းကတော့ ရေးရှည်မျှော်လင့်ချက်ကြီး အဆုံးရှုံးမခံချင်လို့ တစ်နေ့တလန်ပုဂံဘယ်ပြေးမလဲဆိုပြီး သွားနေမိတာပါ။
20180827_115439.jpg
@nayhlaingsoe
@MSU_No.024

Sort:  

ကျွန်တော့် ဖုန်းက ဘက်ထရီအားမခံဘူးဖြစ်နေတယ်။ Redmi Note 2 ပါ။ ဘယ်လိုလုပ်ရင်ရမလဲဗျ။

သူက ဖုန်းversion ကိုက အားမခံတာပါ ဘတ္ထရီအသစ်လဲလည်း အဲလိုပဲနေပါမယ် မလွယ်ဘူး လာကထဲကဖြစ်နေတာ

ကောင်းတယ်bro

Congratulations @nayhlaingsoe! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဝီရိယရှိမရှိစမ်းသောနေရာပါ

မိမိ အကြောင်းမိမိသိ နေတာလည်း အားသာချက်တစ်မျိုး ပေ့ bro @aggamun

အကျင့်တစ်မျိုးစီပေါ့

ကြ်ုးစားထား

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60003.48
ETH 2309.22
USDT 1.00
SBD 2.49