Google Adword အကြောင်း
PHOTO BY GOOGLE
ကမ္ဘာပေါ်မှာ ကြော်ငြာလုပ်ငန်းအတွက် စည်းကမ်းကြီးပြီး နံပါတ်တစ်နေရာရနေတဲ့ google ကြော်ငြာဝန်ဆောင်မှုကတော့ ကြော်ငြာသူအတွက်ရော ကြော်ငြာပေးသူအတွက်ပါ အကောင်းလို့ပြောရပါမယ်။
ကြော်ငြာချင်သူများအတွက် Adword နဲ့အလုပ်လုပ်စေပြီး ကြော်ငြာပေးသူတွေအတွက်တော့ adsense အနေနဲ့ အလုပ်လုပ်ရပါတယ်။
Adword ပြုလုပ်ပုံ
Adword ကနေ မိမိဝန်ဆောင်မှုလုပ်ငန်း၊ အလုပ်၊ ဈေးဆိုင်၊ ထုတ်ကုန်ပစ္စည်း စသဖြင့် အွန်းလိုင်းကနေ ကြော်ငြာဝန်ဆောင်ခပေးပြီး ခိုင်းဖို့အတွက်ပါ။ ပြုလုပ်ဖို့အတွက် https://adword.google.com မှာ မှတ်ပုံတင်ရပါတယ်။ မိမိနေရပ်လိပ်စာ၊ ဘဏ်ကဒ် visa or master၊ အပြည့်အစုံ ထည့်မှအကောင့်ရမှာပါ။ သူ့ရဲ့ ဥပဒေတွေကတော့၊ လက်နက်ခဲယမ်းရောင်းဝယ်လုပ်ငန်း၊ လူမှုဝန်းကျင်နဲ့မကိုက်ညီသည့်လုပ်ငန်း၊ အလိမ်အညာပြုလုပ်သောလုပ်ငန်း၊ ကာမဝန်ဆောင်ခြင်းလုပ်ငန်း၊ hacking and cracking အစရှိသည့်အရာတွေကိုလက်မခံပါဘူး။ မိမိလုပ်ငန်းများကို ကြော်ငြာဝန်ဆောင်မှုပြသပေးနိုင်ရန် စိတ်ကြိုက်ပြုပြင် ကြော်ငြာခိုင်းလို့ရပါတယ်။ ကြော်ငြာများပြပေးနိုင်သည့် နေရာတွေကတော့၊ google search, youtube, website, android application အစရှိသည့်နေရတွေမှာ မိမိလိုချင်သော အရွယ်အစား ပုံ သို့မဟုတ် လှုပ်ရှားမှု ပုံ သို့မဟုတ် ဗီဒီယိုအတို အစရှိသဖြင့် ကြော်ငြာရပါတယ်။ မိမိကြော်ငြာ ကို မိမိစိတ်ကြိုက် ဘယ်လောက်အကုန်အကျခံမယ် အချိန်ကာလ စဖြင့် အသေးစိတ် ပြုပြင်လို့ရရှိပါတယ်။ Adword ကတော့ ကိုယ့်ကငွေပေးပြီး ခိုင်းစေခြင်းပါ။ အားလုံးမိမိစိတ်ကြိုက်ဒီဇိုင်းပုံစံပြုလုပ်ပြီးရင်တော့ ကြော်ငြာခိုင်းဖို့ ပြုလုပ်ပြီးတာနဲ့ google ကစစ်ဆေးအတိပြုပါတယ်။ ကြော်ငြာခြင်းအတွက် cookies တို့ cache တို့ကိုအသုံးပြုထားသည့်အတွက် ပြသပေးသောကြော်ငြာများကို အမှန်တကယ် အသုံးပြုနိုင်မည့်သူများသာပြသပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် မိမိကြော်ငြာခိုင်းမှုကနေ မိမိလုပ်ငန်း အမှန်အကန်တိုးတက်လာနိုင်ကြောင်းရေးသားပေးလိုက်ပါတယ်။ နောက်တစ်ခါ Adsense အကြောင်းနဲ့ Admod အကြောင်းရေးသားပါအုံးမယ်။
Hello Good Post.
I can't Wait Next Post. Plz Hurry
Nice post bro
good @aggamun