မောင်နီတွတ်တို့ ကံကောင်းပုံများ

in #myanmar8 years ago (edited)

မြန်မာဘဏ်တွေက အတိုးနှုန်း ၈.၂၅% ပေးတယ်ဆိုလို့ ငွေဘယ်လိုသုံးရမလဲမသိတော့ လက်ထဲရှိတဲ့ ဒေါ်လာ ၁၀၀၀၀ ကို ကာလပေါက်ဈေး 1300 ကျပ်နဲ့ရောင်းပြီး ကျပ်ငွေ သိန်း (၁၃၀)ကျပ်ကို ဘဏ်မှာအတိုးရအောင်ထားလိုက်တယ်။ တစ်နှစ်ပြည့်တော့ အတိုးနဲ့အရင်းပေါင်း 13107250 ရလိုက်တယ် ပြန်ထုတ်ပြီး ဒေါ်လာဝယ်လိုက်တော့ ကျပ်ငွေတွေတိုးလာပေမဲ့ ဒေါ်လာတစ်သောင်းမပြည့်တော့ဘူး။ 8456 ဒေါ်လာပဲပြန်ရလာတယ်။ ဘာလို့လဲ ငါအတိုးရခဲ့တာလေ ခုတော့ 1543 ဒေါ်လာတောင် အရှုံးထွက်နေပါလား? ဒီလိုဆို ငါငွေတွေအမြတ်မရပဲ အရှုံးပေါ်နေပြီပေါ့။ ဘယ်လောက်ရှုံးလဲ? 2392750 ကျပ်ရှုံးသွားပြီ။ မြန်မာဘဏ်မှာ ကျပ်ငွေထားရတာ မြတ်ဖို့လေ ခုတော့အရှုံးတွေနဲ့ ရင်ဆိုင်ရတော့တယ်။ လက်ထက်ငွေရှိပေမဲ့ အကောင်းဆုံးအသုံးမချနိုင်လျှင်လည်း ဘဏ်မှာထားပြီး အရှုံးသာခံလိုက်ပါတော့လား။ လူတော်တော်များများကို ငွေလိုချင်ကြတယ်။ အမှန်တကယ်ငွေရှိရင် ဘယ်လိုထိန်းကြောင်းရမလဲဆိုတာကြတော့လည်း မလွယ်ကြပြန်ဘူး။ အလကားနေ ကိုယ်ကို ဥစ္စာချောက်ငရဲရောက်ရသေးတယ်။ ကျပ်ငွေမသုံးပြန်ရင်လည်း အဆင်ကမပြေ ဒေါ်လာကိုင်ရင်လည်း ဘယ်တော့အဖမ်းခံရမလဲဆိုတာကရှိ မလွယ်ပါဘူးဗျာ။ ပိုင်ဆိုင်မှုဆိုတာ ကိုယ်နေတဲ့နိုင်ငံနဲ့အများကြီးသက်ဆိုင်နေတယ်ဗျို့။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ဖြစ်အောင်တော့ ကြိုးစားရုံးကန်နေကြရတာပါပဲ။ ခုခေတ်ကြီးမှာလည်း မိဘက နေစရာမပေးရင် ကိုယ်ပိုင် မြေပေါ်မှာ ကိုယ်ပိုင်အိမ်လေးဆောက်နေဖို့တောင် မလွယ်ကူတော့ပါဘူး။ ကိုအငဲရဲ့ အိမ်သီချင်းတောင် သွားသတိယမိပါတယ်။
Screenshot_514.jpg
@nayhlaingsoe
@MSU_No.024

Sort:  

Nice Post

ဒါတောင် ဆရာက မြန်မာနဲ့ ထိုင်း ၂ခု ခွလုပ်စားနေလို့တော်သေး။ ဒီဘက်ကသက်သက်လုပ်စားနေရတာမလွယ်ပါဘူး

သူတို့ဆီကအလုပ်ခွင့်ပေါသေးတယ် ရန်ကုန်မှာဈေးဝယ်ရင်ဒေါ်လာဈေးပဲပြောကြတာနော်

ဖြစ်ရလေ စိတ်မကောင်းလိုက်တာ နေရင်းထိုင်ရင်း နဲ့ကို ဇာတာတွေ တက် 😢

အခွင့်အရေးနည်းပါးသောလုပ်စားရတာမလွယ်ကူသောနေရာ

ရင်​နာတယ်​ ဧပရယ်​....ကို ခဏ ခဏ ဆိုချင်​​နေမိ..

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.100
BTC 65541.47
ETH 1905.52
USDT 1.00
SBD 0.38