အဖြစ်မှန်ဟာသ

in #myanmar6 years ago

မြန်မာတွေဟာအခြားနိုင်ငံတွေထက်ထူးခြားတာရှိတယ်။ ဘာတွေလည်းသိချင်လား? အသားကျပြီးအရာကနေပြောင်းလဲအသုံးပြုရမှာမကြိုက်ကြဘူး ဘယ်လောက်ပဲကောင်းပါတယ်ပြောပြော မရဘူး ဒါမှဒါနှစ်သက်ကြတယ်။
windows xp တုန်းကလည်းလည်း 7 ထွက်နေပြီပြောင်းသုံးကြပါလို့ ပြောတယ် မရဘူး xp မှ xp ပဲ နောက်တော့ပြောင်းသုံးလာကြပါတယ်။ ဘယ်အချိန်လဲဆိုရင် ၁၀ထွက်ပြီးမှပါ။ 7 ကပြသနာများတယ် 10 သုံးကြပါလို့ပြောတယ်။ ဒါနဲ့အဆင်ပြေနေတာပဲ ပြောင်းစရာမလိုပါဘူး ဒါပဲသုံးကောင်းတယ်။ ဒါပဲသုံးမယ်ဖြစ်နေပြန်ရော။ နောက်တော့ မြန်မာပြည် MPT ခေတ်ကနေ telenor, ooredoo ,ခေတ်ရောက်ပြန်ရော MPT မှ MPT ဒါမှ ဖုန်းလို့ထင်နေတာ ထင်ရင်လည်းထင်စရာပဲလေ ဆင်းကဒ်တစ်ခု ၂၃သိန်းအထိပေးဝယ်ခဲ့ကြတာကိုး တဖြည်းဖြည်းနဲ့ ၂၀, ၁၈, ၁၆, ၁၃သိန်းကနေ ငါးသောင်း၊ သုံးသောင်း၊ နှစ်သောင်းခွဲ၊ တစ်ထောင်ငါးရာဖြစ်လာတော့ကိုး နှမြောတော့ အစွဲအလန်းကကြီးကြတယ်။ ဒါတင်လားဆိုမဟုတ်သေးဘူး cdma 450 ကို ပြည်ခိုင်ဖြိုးကအသင်းဝင်ရင်ပေးတယ်ပြောလို့ အသင်းဝင်ပြီး ကျပ်ငါးသိန်းနဲ့ဝယ်ထားတာတွေ ခုချိန်ပိုက်ဘောမိနေသေးတယ်။ ဆက်သွယ်ရေးထံ ပြည်သူတွေအလျော်တောင်းတာတောင်အရေးမလုပ်။ ခုလည်း Android ဖုန်းတွေကိုင်ပြီး စနစ်ကခဏခဏပြောင်းနေတဲ့အချိန် မြန်မာတွေနဲ့အဆင်မပြေပြန်ဘူး ပြောင်းလွန်းတဲ့စနစ်ကို စိတ်နာတယ်။ အသားကိုမကျနိုင်ဘူး။ အစွဲအလန်ကြီးတဲ့နေရာမှာ ဘယ်နိုင်ငံနဲ့မှမတူတဲ့ နိုင်ငံသားတွေပါ။ ရိုးသားတယ်လို့လည်းပြောလို့ရပါတယ်။ မပွင့်လင်းတာကလွှဲလို့ပေါ့။ မြန်မာစာဆိုပြောမနေနဲ့ ဒါပဲဒါပဲ ဟုတ်သလိုလိုပဲ။
ဟာသအနေနဲ့ အမှန်တကယ်ပါ။
@nayhlaingsoe
@MSU_No.024

Sort:  

ခံစားချက်တွေ ပွင့်ထွက်လာနေပြီ။

အမှန်​​တွေကခါးတယ်

ဟုတ်​ပဘဒို အမှန်​တရား​တွေ

တိုက်ဆိုင်ချက်

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 64440.63
ETH 2653.79
USDT 1.00
SBD 2.80