အတူတူပါပဲ

in #myanmar6 years ago

ကျွန်တော်တို့ဆီမှာ အဆင့်အတန်းတို့ ရာထူးတို့ အလုပ်သမားတို့ ဂုဏ်တွေသိက္ခာတွေ အတော်များများပြောတတ်ကြတယ်။ တကယ်တန်း အသေးစိတ်လေ့လာကြည့် ဘယ်သူကိုမှာလည်း အထင်ကြီးစရာမရှိသလို အထင်သေးစရာလည်း မတွေ့မိပါဘူး။ အားလုံးဟာသူ့နေရာနဲ့သူ သူ့တာဝန်နဲ့သူ အဆင်ပြေစွာလုပ်ကိုင်နေကြတာပါ။ ဆောက်လုပ်ရေးလုပ်သူက ဆောက်လုပ်ရေးထက်အခြားမလုပ်တတ်ပါဘူး သူ့အလုပ်မှာတော့ ကျွမ်းကျင်မှာပါပဲ။ စိုက်ပျိုးရေးကို နားလည်မှာလည်းမဟုတ်သလို လုပ်ဖို့လည်းမသင့်တော်ပါဘူး။ ဒီလိုသူ့အပိုင်းနဲ့သူရှိနေတော့ စိုက်ပျိုးရေးလုပ်သူကို အဆင့်မရှိဘူးလို့ပြောလို့မရနိုင်ပါ။ သူတို့စိုက်လို့မှ အစာစားရသေးသူတို့မစိုက်ရင် ဘာသွားစားမလဲပေါ့။ ပိုက်ဆံရှိပြီး စားစရာမရှိရင်လည်း ငတ်မှာပဲ။ ကိုယ့်တာဝန်နဲ့ကိုယ့်တွေပါပဲ။ ဆေးဆရာဝန်တွေလည်း လူတွေရဲ့ ကျန်းမာရေး အတွက် လိုအပ်ပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး သူ့အပိုင်းနဲ့သူ ကျွမ်းကျင်ကြမှာပါပဲ။ ဈေးသည်လည်း သူ့နေရာနဲ့သူ တိုင်းပြည်တာဝန်တွေ ထမ်းဆောင်နေကြတာပါ။ လက်လုပ်လက်စားအလုပ်သမားတွေလည်း သူ့နေရာနဲ့သူ တိုင်းပြည်တာဝန် ထမ်းဆောင်ကြပါတယ်။ အလုပ်သမားမရှိလို့ မဖြစ်နိုင်ပါဘူး။ သူတို့ရှိလို့မှ အလုပ်ဖြစ်ပါသေးတယ်။ ပိုက်ဆံပေးခိုင်းထားတာပဲ ဆိုပြီး အဆင့်အတန်းခွဲခြားဖို့မလိုအပ်သလို သူတို့ရှိလို့ ကျေးဇူးတင်ရမှာပါ။ ကိုယ့်မလုပ်နိုင်တာ သူတို့လုပ်နိုင်ပါတယ်။ အားလုံးဟာ သူ့နေရာနဲ့သူ ကျွမ်းကျင်တတ်မြှောက်နေသူတွေပါ။ မရှိမဖြစ်တွေဖြစ်လို့ အားလုံး ညီမျှခြင်းချနိုင်ပါတယ်။ ငါက ဒီပလိုပါ အင်တာနက်ပေါ်မှာ ကြည့်လို့ရအောင်ဖန်တီးနိုင်တယ်ဆိုပြီး အခြားသောသူတွေကို နှိပ်ချက်ဆက်ဆံလို့မရပါဘူး။ သူဒီလိုတွေဖန်တီးနိုင်အောင် ပတ်ဝန်းကျင်က လူ့အသိုင်းအဝန်းက ကူညီထောက်ပံ့မှ သူလည်းလုပ်နိုင်လို့ပါပဲ။ အဓိက ကတော့ ဘာပဲလုပ်လုပ် ဘယ်နေရာမှာပဲနေနေ ကိုယ့်တာဝန်ကို ကျေပွန်ဖို့နဲ့ စေတနာပါဖို့ပဲလိုအပ်ပါတယ်။ အဆင့်အတန်းတွေဆိုတာမရှိပါဘူး။ ကိုယ်မလုပ်နိုင်တာသူလုပ်နိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မှီခိုနေကြတာပါပဲလေ။
@nayhlaingsoe
@MSU_No.024
Screenshot_218.jpg
org photo by google

Sort:  

အဓိက ကတော့ ဘာပဲလုပ်လုပ် ဘယ်နေရာမှာပဲနေနေ ကိုယ့်တာဝန်ကို ကျေပွန်ဖို့နဲ့ စေတနာပါဖို့ပဲလိုအပ်ပါတယ်။ အဆင့်အတန်းတွေဆိုတာမရှိပါဘူး။ ကိုယ်မလုပ်နိုင်တာသူလုပ်နိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် မှီခိုနေကြတာပါပဲလေ။

nice talking.

Congratulations @nayhlaingsoe! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

SteemitBoard - Witness Update

You can upvote this notification to help all Steemit users. Learn why here!

သည်လိုသာ ကျနော်တို့ တစ်ဦးချင်း တစ်ယောက်ချင်း တွေးတတ်မယ်ဆို အရမ်း ကောင်းမယ်ဗျာ

လူတိုင်းမှာတာဝန်ကိုယ်စီရှိပါတယ်

ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ​ပေါ့ဗျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 62264.03
ETH 2431.11
USDT 1.00
SBD 2.50